Posts List

Health

  • Milk Tea Alliance Day

    Milk Tea Alliance လို့သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ၊ ၂၈ရက်နေ့မှာ ရန်ကုန်မြို့အတွင်း စစ်အာဏာသိမ်းမှုအပေါ် သပိတ်မှောက် ဆန္ဒဖော်ထုတ်သူတွေကို ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ ဖြိုခွဲမှုတွေရှိသလို မျက်ရည်ဗုံး၊ အသံဗုံးနဲ့ သေနတ်ပစ်ခတ်မှုများလည်း ရှိခဲ့ပါတယ်။
    ဒီကနေ့မှာ ဖမ်းဆီးခံရသူတွေအများအပြားရှိသလို သေနတ်ဒဏ်ရရှိပြီး သေဆုံးသူများလည်းရှိခဲ့တယ်လို့ သိရပါတယ်။

Economy

  • တီကျစ်ကျောက်မီးသွေးစက်ရုံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်ကြောင်း လျှပ်စစ် ဒုဝန်ကြီးပြောကြား

    မေ ၁၉၊ ၂၀၂၀

    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မိုင်းရှူး မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေးက ပင်လောင်းမြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ အကောင်အထည်ဖော်ခြင်း ရှိ၊ မရှိနှင့် စက်ရုံလည်ပတ်ခွင့်ကို သုံးနှစ်အထိ သက်တမ်းတိုးပေးခဲ့ခြင်းကို ပြန်လည်သုံးသပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။
    ၂၀၁၄ ခုနှစ်တွင် တီကျစ်စက်ရုံရှိ ရေနွေးငွေ့တာဘိုင်စက်များ ချို့ယွင်းခဲ့တာကြောင့် ပြန်လည်ပြုပြင်နိုင်မည့် ကုမ္ပဏီများကို နိုင်ငံပိုင်သတင်းစာများမှ ၂၀၁၅ ခုနှစ် မေလတွင် တင်ဒါခေါ်ယူခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ တင်ဒါ အောင်မြင်သည့် Wuxi Hua Guang Electric Power Engineering Co.,Ltd နှင့် (၂၂)နှစ်ကြာ နှစ်ရှည်ငှားရမ်းစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
    ကုမ္ပဏီမှ စက်များ ပြန်လည်ပြုပြင်ပြီး၍ စမ်းသပ်မောင်းနှင်ခွင့်ပြု ခဲ့သော ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိတယလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြည်သူ့လွှတ်တော်မှာ မေလ ၁၉ ရက်နေ့က လာရောက်ဖြေကြားခဲ့တာဖြစ်ပါတယ်။

    ဓာတ်အားပေးစက်ရုံ မီးခိုးခေါင်းတိုင်မှ ထုတ်လွှတ်မှုများကို စဉ်ဆက်မပြတ် စောင့်ကြည့် နိုင်ရန်နှင့် ဒေသနေပြည်သူများ အလွယ်တကူ ပွင့်လင်းမြင်သာစွာကြည့်ရှုနိုင်ရန် CEMS (Continuous Emission Monitoring System)ကို စက်ရုံ၏ အဝင်ဂိတ်ဝတွင် တပ်ဆင်ထားပါကြောင်း၊ ဒေသနေပြည်သူ များဖြင့် ဖွဲ့စည်းထားသော လေ့လာစောင့်ကြည့်ရေးကော်မတီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ မိမိတို့ဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့မှ စောင့်ကြည့်တိုင်းတာပြီး မောင်းနှင်နေခြင်းဖြင့် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်လျက်နေတယ်လို့လည်း ဒုဝန်ကြီး ဦးခင်မောင်ဝင်းကပြောပါတယ်။

    တီကျစ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၁၆ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် မေလအထိ တစ်နှစ်စီ စမ်းသပ် မောင်းနှင်ခွင့်ပြုပေးခဲ့ပြီး ၂၇-၅-၂၀၁၉ ရက်နေ့မှ ၂၆-၅-၂၀၂၂ ရက်နေ့အထိ သုံးနှစ်ဆက်တိုက် မောင်းနှင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

Latest News

Milk Tea Alliance Day

Milk Tea Alliance လို့သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ၊ ၂၈ရက်နေ့မှာ ရန်ကုန်မြို့အတွင်း စစ်အာဏာသိမ်းမှုအပေါ် သပိတ်မှောက် ဆန္ဒဖော်ထုတ်သူတွေကို ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ ဖြိုခွဲမှုတွေရှိသလို မျက်ရည်ဗုံး၊ အသံဗုံးနဲ့ သေနတ်ပစ်ခတ်မှုများလည်း ရှိခဲ့ပါတယ်။ဒီကနေ့မှာ ဖမ်းဆီးခံရသူတွေအများအပြားရှိသလို သေနတ်ဒဏ်ရရှိပြီး သေဆုံးသူများလည်းရှိခဲ့တယ်လို့ သိရပါတယ်။

မြိတ်ကျွန်းစု အတွင်း ပထမဆုံး ကျွန်းကို အခြေခံသည့် ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်း (CBT) ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်

ဒီဇင်ဘာ ၁၊ ၂၀၂၀ ကိုဗစ် ကာလ အတွင်း အချိန် ကြာမြှင့်စွာ ရပ်နားခဲ့သော မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းကို ပြန်လည် စတင် နိုင်ရန် အတွက် အခု လာမည့် ဒီဇင်ဘာလမှာ ကျွန်းကို အခြေခံသည့် ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်း...

ကမ္ဘာ့မျိုးတုန်းပျောက်ကွယ်လုနီးပါး ဧရာဝတီလင်းပိုင်တွေကို ပခုက္ကူဧရာဝတီတံတားအောက်မှာ တွေ့ရှိ

ခိုင်မီမီနိုဝင်ဘာ ၁၆၊ ၂၀၂၀ ကမ္ဘာ့မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင် တွေ ပခုက္ကူ ဧရာဝတီ တံတားအောက်က ဧရာဝတီမြစ်ကြောင်းပေါ်မှာ ၃ကောင်အထိ တွေ့ရှိလာရတယ်လို့ ပခုက္ကူ ရေလုပ်သားများသမဂ္ဂက သိရပါတယ်။သည်လိုတွေ့ရှိမှူကို အောက်တိုဘာ ၂၀ ရက်နေ့လောက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၃ကောင်တွေ့ရှိထားတယ်လို့ သိရပါတယ်။“ပခုက္ကူမြို့နယ် ရေလုပ်သားသမ္မဂက အခြားသော အနီးအနားရွာက...

ရန်ကင်းမြို့နယ်မှ ကြိုတင်မဲမပေးထားပဲ ပေးပြီးစာရင်းဝင်နေတာကြောင့် မဲပေးခွင့်မရတဲ့ပြသနာဖြစ်ပွား

ခင်စုကြည်၊ နိုဝင်ဘာလ ၈ ရက် ာ မဲဆနရှင်တစ်ဦဖြစ်တဲ့ ဦးအေးမျိုးကိုကိုဟာ ရန်ကင်းမြို့နယ် အမှတ် ၃ ရပ်ကွက် မဲရုံ (၃) ကို လာရောက်မဲပေးရာမှာ ကြိုတင်မဲ ပေးပြီးသား ဖြစ်တဲ့အတွက် မဲ ပေးခွင့် မရခဲ့ပါဘူး။ ရန်ကင်းမြို့နယ် ၁၂လုံးတန်းမှာနေထိုင်တဲ့ ဦးအေးမျိုးကိုကိုဟာ ကြိုတင်မဲပေးထားခြင်းမရှိဘူးလို့ဆိုပါတယ်။ကော်မရှင်ရုံးကစာရင်းတွေနဲ့စစ်ဆေးကြည့်တဲ့အခါမှာလည်း...

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်မဲပေးမှုမြင်ကွင်းများ

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်မဲပေးမှုမြင်ကွင်းများ Photo - Thant Lwan Wai Chit myanamarinsights myanmarelection election2020