စက်တင်ဘာ ၂၂၊ ၂၀၂၀

Covid – 19 ရောဂါပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့မကွေးမြို့၊ဆားစည့်ရပ်ကွက်နဲ့ ကြာကန်ကျေးရွာ ကို Stay at Home သတ်မှတ်ထားတယ်လို့ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
ဆားစည့်ရပ်ကွက်နဲ့ ကြာကန်ကျေးရွာStay at Home သတျမှတျမှုကျို စက်တင်ဘာလ (၂၀)ရက်နေ့က ဆားစည်ရပ်ကွက်မှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာ(၂)ဦးနဲ့ ကြာကန်ကျေးရွာက ကိုဗစ် ၁၉ ပိုးတွေ့လူနာ(၅)ဦးတွေ့ပြီးသတ်မှတ်ခဲ့တာပါ။
Stay at Home သတ်မှတ်ထားတဲ့နေရာတွေ စားရေးသောက်ရေးအဆင်ပြေဖို့အတွက် တစ်အိမ်တစ်ယောက် ဈေးဝယ်ထွက်ခွင့်ကဒ်လုပ် ပေးပြီး အဝင်အထွက်ဂိတ်မှာ မှတ်တမ်းထားသွာမှာဖြစ်တယ် လို့ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်ကပြောပါတယ်။
မကွေးမြို့နယ်မှာ Stay at Home သတ်မှတ်ထား တဲ့ ကျေးရွာ(၃)ရွာနဲ့ ရပ်ကွက်(၁)ရပ်ကွက် စုစုပေါင်း(၄)နေရာရှိသွားပြီးဖြစ်ပါတယ်။
အဲ့ဒီနေရာတွေကတော့ မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ၊ မကျီးကန်ကျေးရွာ ၊ကြာကန်ကျေးရွာနဲ့ မကွေးမြို့ ဆားစည်ရပ်ကွက် တို့ဖြစ်ပါတယ်။
စက်တင်ဘာလ(၂၁)ရက်နေ့မှာလည်း Stay at Homeသတ်မှတ်ထား တဲ့ ဆားစည်းရပ်ကွက်မှာ ပိုးတွေ့လူနာ(၂)ဦး ၊ကြာကန်ကျေးရွာမှာ ပိုးတွေ့ လူနာ(၁)ဦးထပ်တွေ့ခဲ့တယ်လို့သိရပါတယ်။

ကြာကန်ကျေးရွာဝင်ပေါက်ထွက်ပေါက်တွေကို ကျေးရွာပြည်သူလူထုနဲ့ တာဝန်ရှိသူတွေပူးပေါင်း ပြီးကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြာကန်ကျေးရွာက ကိုဇော်မင်းထိုက် ကပြောပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း(၂၈)ဦးရှိပြီဖြစ်ပါတယ်။အဲ့ဒီပိုးတွေ့လူနာတွေကတော့မကွေးမြို့နယ်မှ (၁၅)ဦး ၊ နတ်မောက်မြို့နယ်မှ(၅)ဦး ၊မြို့သစ်မြို့နယ်မှ (၂)ဦး ၊တောင်တွင်းကြီးမြို့နယ်မှ(၁)ဦး ၊သရက်မြို့နယ်မှ (၁)ဦး ၊အောင်လံမြို့နယ်မှ (၁)ဦး ၊မြိုင် မြို့နယ်မှ(၁)ဦး ၊မင်းလှ မြို့နယ်မှ (၁)ဦး ပေါက်မြို့နယ်မှ(၁)ဦး တို့ဖြစ်ပါတယ်။

အဲ့ဒီပိုးတွေ့လူနာတွေထဲက(၄)ဦးမှာကျန်းမာရေး ကောင်းမွန်တဲ့အတွက်ဆေးရုံကဆင်းခွင့်ရရှိပြီး ဖြစ်တယ်လို့သိရပါတယ်။ ကျန်လူနာများမှာသက်ဆိုင်ရာဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

myanmarinsights

covidupdate

မကွေး

By admin