နေပြည်တော်၊ မေ ၁၂ ၊ ၂၀၂၀

အရေးပေါ်ရိက္ခာ ဆန်တန်ချိန် (၅၀၀၀၀) နှင့် စားအုန်းဆီတန်ချိန် (၁၂၀၀၀) တို့အား လိုအပ်သည့်အချိန်တွင် ဖြန့်ချိနိုင်ရေးအတွက် အရေးပေါ်ရိက္ခာဝယ်ယူခြင်း ဖြစ်ပါသည်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကပြောပါသည်။
ထို့အတူ စားအုန်းဆီတန်ချိန် (၁၂၀၀၀) ဝယ်ယူရေးအတွက် အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ ပြီး အရန်စားသုံးဆီကို ပြည်ပမှ တင်သွင်း မှာဖြစ်ပါတယ်။ စားအုန်းဆီသိုလှောင်ရန် နိုင်ငံတော်အနေဖြင့် ဆီသိုလှောင်ကန်များမရှိသည့်အတွက် Jerry Can ဖြင့် ဝယ်ယူ သိုလှောင်ထားရှိရန် စီစဉ်ထားပါတယ်။
ဝယ်ယူထားသည့် စားအုန်းဆီများအား Coronavirus Disease 19 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက် အတိုင်း တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေရန် လျာထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရိက္ခာဆန် တန်ချိန် (၅၀၀၀၀) နှင့် ဆီတန်ချိန် (၁၂၀၀၀) ဟာ တစ်နိုင်ငံလုံး၏ ရက်သတ္တ (၂) ပတ်ခန့်စာ ဖြစ်ပါတယ်။
အရန်ဆန် ဝယ်ယူရာမှာ ဈေးကွက်တည်ငြိမ်စေရန်အတွက် ပြည်ပဆန် တင်ပို့မှုပမာဏ၏ ၁၀ % ကို ပြည်ပတင်ပို့သည့် ကုမ္ပဏီများထံမှ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

By admin