အူရီဒူးအုပ်စု နှင့် Ericsson တို့က ငါးနှစ်တာမဟာဗျူဟာမြောက် 5Gသ‌ဘောတူညီချက်ကို လက်မှတ်ရေးထိုး

အူရီဒူးအုပ်စုနှင့် Ericsson (NASDAQ: ERIC) တို့သည် 5G ရေဒီယို၊ ပင်မနှင့်
သယ်ယူပို့ဆောင်ရေးထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုထောက်ပံ့ရန်
ကမ္ဘာလုံးဆိုင်ရာမူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အရ အူရီဒူးအုပ်စုမှ
လုပ်ငန်းဆောင်ရွက်နေသော ကာတာ၊ အင်ဒိုနီးရှား၊ အယ်လ်ဂျီးရီးယား၊ အီရတ်၊ ကူဝိတ်၊ အိုမန်၊
ပါလက်စတိုင်း ၊ တူနီးရှား၊ မြန်မာနှင့် ‌မော်လ်ဒိုက်ရှိ ကုမ္ပဏီ ၁၀ခုလုံးအတွက် သက်ဆိုင်ရာ
လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် ပေါင်းစည်းဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ပါသည်။
အဆိုပါ သဘောတူညီချက်တွင် 10 Gbps အထိ လုပ်ဆောင်ပေးနိုင်မည့် MINI-LINK 6000
ပစ္စည်းများပါသည့် Ericsson ရေဒီယိုစနစ်၊ Ericsson Cloud Core၊ Cloud Infrastructure၊ Ericsson
Cloud ဆက်သွယ်ရေးဝန်ဆောင်မှုတို့ပါဝင်သည် ဟုသိရပါသည်။ ၎င်းသည် အူရီဒူးအုပ်စုမှ
လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများအားလုံး၏ လက်ရှိ မိုဘိုင်းကွန်ရက်များကို
ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲဖော်ဆောင်ပြီး ခေတ်မီတိုးတက်စေရန် အစမှအဆုံးအထိ 5G
အပြည့်အဝ ထောက်ပံ့ပေးနိုင်လိမ့်မည် ဖြစ်သည်။

Ericsson ရေဒီယိုစနစ်ကို အူရီဒူး၏လုပ်ငန်းအများစုတွင်
စတင်ဖြန့်ကြက်ဆောင်ရွက်နေပြီဖြစ်သည်။
အူရီဒူးအုပ်စု၏ Deputy Group Chief Executive Officer ဖြစ်သည့် Sheikh Mohammed Bin
Abdulla Al Thani က “ယနေ့သဘောတူညီချက်ဟာ Ericsson နှင့် အူရီဒူးတို့အကြား
ကာလရှည်အောင်မြင်သော စီးပွားရေးမဟာမိတ်လက်တွဲမှု၏
နောက်ခြေလှမ်းတစ်ခုကိုကိုယ်စားပြုပြီး ကျွန်တော်တို့ကုမ္ပဏီရဲ့ ကွန်ရက် ချဲ့ထွင်ခြင်း၊
ကွန်ရက်အရည်အသွေးပြည့်စုံစေခြင်းနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲဖော်ဆောင်ခြင်း
လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်စေပါတယ်။ Ericsson က ကျွန်တော်တို့
လုပ်ငန်းဆောင်ရွက်နေတဲ့ နိုင်ငံတွေအတွက် ကမ္ဘာ့အဆင့်မီနောက်ဆုံးပေါ်နည်းပညာတွေကို
သယ်ဆောင်လာပေးတာကြောင့် လူမှု အသိုင်းအဝိုင်းများအား အကောင်းဆုံးအင်တာနက်ကို
နှစ်ခြိုက်စွာအသုံးပြုနိုင်စေရန် နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများပေးအပ်ခြင်း၊
ဝေးလံခေါင်သီသောဒေသများအထိ ချိတ်ဆက်စေနိုင်ခြင်း၊ တည်‌ထောင်ခါစလုပ်ငန်းများကို
ဒစ်ဂျစ်တယ်နည်းစနစ်များဖြင့် ထောက်ပံ့ခြင်းနှင့် လာမည့်အားကစား ပွဲကြီးများတွင်
အားကစားပရိသတ်များအတွက် နည်းပညာဖြင့်အတွေ့အကြုံသစ်များကိုပေးစွမ်းခြင်းတို့ကို
လုပ်ဆောင်စေနိုင်လိမ့်မည်ဖြစ်သည်” ဟု ပြောကြားခဲ့ပါသည်။

သဘောတူညီချက်အရ Ericssonသည်
ပင်မကွန်ယက်၏ hardware နှင့် software ချဲ့ထွင်မှုများ၊ ရေဒီယိုကွန်ရက်နှင့်
ကွန်ရက်ထုတ်လွှင့်ခြင်းစသည်တို့ကို ပေးအပ်မည်ဖြစ်ပြီး ဝန်ဆောင်မှုသစ် များအတွက်
မိုဘိုင်းမာလ်တီမီဒီယာလုပ်ဆောင်နိုင်မှုကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။
Ericsson ၏ Executive Vice President and Head of Business Area Networks ဖြစ်သူ Fredrik
Jejdling က “ 5Gဟာ ဆန်းသစ်တီထွင်မှုအတွက် ပလက်ဖောင်းတစ်ခုအဖြစ်ပံ့ပိုးပေးပြီး အူရီဒူးရဲ့
ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုလမ်းကြောင်းကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။ သုံးစွဲသူများနှင့်
စီးပွားရေးလုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မယ့် အသုံးပြုမှုပုံစံသစ်များကိုလည်း
ပိုမိုဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ အူရီဒူးရဲ့ရည်မှန်းချက်ဖြစ်တဲ့ စွမ်းဆောင်ရည်မြင့်ကွန်ရက်များနှင့်
သာလွန်ကောင်းမွန်သော သုံးစွဲသူ အတွေ့အကြုံများကိုပေးအပ်နိုငစေရန်
ဆက်လက်ပံ့ပိုးပေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ကို
ပိုမိုခိုင်မာလာစေတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

By admin