ဇာဇာ၊ အောက်တိုဘာလ ၂၂၊ ၂၀၂၀

မကွေးတိုင်းမှာအသက်(၆၀)နှစ်နဲ့အထက်ကြိုတင် ဆန္ဒမဲပေးခွင့်ရှိတဲ့အသက်အရွယ်ကြီးရင့်သူ(၅)သိန်းကျော်ရှိတယ်လို့မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကသိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ရွေးကောက်ပွဲဥပဒေ (၄၉) နည်းဥပဒေ ၅၁ တို့အရ အသက် အရွယ်ကြီးရင့်နေသူများ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲ ပေးခွင့်ရရှိတာဖြစ်တယ် လို့ဆိုပါတယ်။
မကွေးတိုင်းမှာမဲဆန္ဒရှင်ဦးရေ(၃၂)သိန်းခုနှစ်သောင်းကျော်ရှိပြီးကြိုတင်ဆန္ဒမဲပေးခွင့်ရှိတဲ့အသက်(၆၀)နဲ့အထက်အသက်အရွယ်ကြီးရင့်သူ(၅)သိန်းကျော်ရှိတာပါ။
အခုလိုလုပ်လိုက်တဲ့အတွက် ရွေးကောက်ပွဲ ရက်မှာ လူစုလူဝေကြိုတင်ကာကွယ်ပြီးသား ဖြစ်သလို အသက်အရွယ်ကြီးရင့်သူတွေ အတွက်လည်း ကျန်းမာရေးအတွက်
ဲကြိုတင်ကာကွယ်ပြီးဖြစ်တယ်လို့မကွေးတိုင်းဒေသကြီးကော်မရှင်အဖွဲ့အခွဲအတွင်းရေးမှူး ဦးစိုးထွဋ်ဦးကပြောပါတယ်။

Stay At Home ကြေငြာခံထားရတဲ့ရပ်ကွက်၊မြို့နယ်တွေနဲ့ လူဦးရေထူထပ်တဲ့မြို့နယ်တွေ (၁) စတုရန်းကီလိုမီတာမှာပျမ်းမျှလူဦးရေ ၅၀၀၀ ဦးနဲ့အထက်)မှာ နေထိုင်တဲ့ နေရာတွေက အသက်(၆၀)နဲ့အထက်အသက်ကြီးရွယ်အိုတွေကိုရွေးကောက်ပွဲကော်မရှင်ကအိမ်အ ရောက်သွားရောက်ဆန္ဒမဲကောက်ခံပေးမှာဖြစ်ပါတယ်။

ကျန်တဲ့နေရာတွေမှာရှိနေတဲ့အသက်(၆၀)နဲ့အထက်အသက်ကြီးရွယ်ကြီးရင့်သူတွေကတော့သက်ဆိုင်ရာမြို့နယ်၊ရပ်ကွက်၊တွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေမှာကိုယ်တိုင်သွားရောက်ပြီးကြိုတင်ဆန္ဒမဲပေးရမှာပါ။
ကြိုတင်ဆန္ဒမဲကောက်ယူရာမှာရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းတွေအရ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ၊ရွေးကောက်ပွဲလေ့လာသူ တွေကိုလည်းဖိတ်ကြားဆောင်ရွက်သွားမှာဖြစ်တယ်လို့မကွေးတိုင်းဒေသကြီးကော်မရှင်အဖွဲ့အခွဲ အတွင်းရေးမှူးဦးစိုးထွဋ်ဦးကပြောပါတယ်။

အသက်(၆၀)နဲ့အထက်အသက်အရွယ်ကြီးရင့်သူတွေအတွက်ကြိုတင်ဆန္ဒမဲပေးရမယ့်ကာလကိုအောက်တိုဘာ (၂၅) ရက်နေ့ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ သတ်မှထားတယ်လို့ဆိုပါတယ်။

By admin