Photo – /wwww.dailynewssegypt.com

ဆော်ဒီအာရေဗျနိုင်ငံက ရေနံထုတ်လုပ်မှုလျော့ချမယ့်အစီအစဉ်ကို ကြေညာခဲ့ပြီးနောက် မေလ ၁၂
ရက်နေ့က ရေနံဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ ရေနံဝယ်လိုအားပြန်လည်မြင့်တက်လာနိုင်တဲ့ မျှော်မှန်းချက်နဲ့ ထုတ်လုပ်မှု လျော့ချခြင်းတွေကြောင့် အခုလို ရေနံဈေးပြန်တက်လာလို့ စွမ်းအင် ကဏ္ဍကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဆော်ဒီဟာ ဇွန်လရဲ့ ရေနံထုတ်လုပ်မှုကို လျှော့ချသွားမယ့် အစီအစဉ်ကို မေလ ၁၁ ရက်နေ့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Commerzbank သုတေသနစွမ်းအင်လေ့လာဆန်းစစ်သူ Eugen Weinberg က“ မကြာခင်မှာ ၀ ယ်လိုအားပြန်လာနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်သာမကပဲဆန္ဒအလျောက်နဲ့အတင်းအဓမ္မထုတ်လုပ်မှုအကြီးအကျယ်ကျဆင်းခြင်းကလည်းဈေးနှုန်းကိုမြင့်တက်စေခဲ့တာပါ” ဟုပြောကြားခဲ့ပါတယ်။
ရေနံထုတ်လုပ်သောနိုင်ငံများအဖွဲ့ OPEC နဲ့ ၎င်းရဲ့ မဟာမိတ်နိုင်ငံတွေပါဝင်တဲ့ OPEC Plus အသင်းအဖွဲ့ဟာ မေလနဲ့ ဇွန်လတို့မှာ ရေနံထုတ်လုပ်မှုကို တနေ့လျှင်စည်ပေါင်း ၉.၇ သန်းလျှော့ချရန်ရည်ရွယ်ထားပြီး COVID-19 အကျပ်အတည်း၏နောက်ကွယ်တွင်ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာပြတ်လပ်မှုကိုဖြေရှင်းရန်ရည်ရွယ်ထားပါတယ်။

By admin