မြိတ်ကျွန်းစုသို့ လာရောက်လည်ပတ်သောခရီးသွားတစ်ဦး

ဒီဇင်ဘာ ၁၊ ၂၀၂၀

ကိုဗစ် ကာလ အတွင်း အချိန် ကြာမြှင့်စွာ ရပ်နားခဲ့သော မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းကို ပြန်လည် စတင် နိုင်ရန် အတွက် အခု လာမည့် ဒီဇင်ဘာလမှာ ကျွန်းကို အခြေခံသည့် ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်း (Community Based Tourism- CBT) ကို ကျွန်းစုမြို့နယ် ဒုံးကျွန်းပေါ်တွင် ဒုံးညောင်းမှိုင်း ကျေးရွာမှာ ဖွင့်လှစ် သွားဖို့ စီစဉ်နေကြောင်း သိရ သည်။

အဆိုပါ ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်းကို လက်ရှိတွင် အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်း (၉၀) ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရ သည်။

“ဒုံးကျွန်းပေါ်မှာရှိတဲ့ ဒုံးညောင်းမှိုင်းကျေးရွာမှာ ရပ်ရွာအခြေပြု ခရီးသွား အကောင်အထည်ဖော်ဖို့ စီစဉ်ဆောင်ရွက်နေရာမှာ ၉ ၀ ရာခိုင်နှုန်းပြီးစီးနေပြီးမကြာခင်ဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။ ဒုံးညောင်မှိုင်း CBT အကောင်အထည်ဖော်လာလို့ရှိရင် မြန်မာနိုင်ငံရဲ့ ပထမဆုံးကျွန်းအခြေပြု CBT ဖြစ်လာမှာဖြစ်ပြီး တနသာင်္ရီတိုင်းမှာ အအောင်မြင်ဆုံး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖြစ်လာမယ်လို့ မျော်လင့်ပါတယ်”ဟု မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်လင်းဇော် ကပြောပါသည်။

အဆိုပါ မြိတ်ကျွန်းစုရဲ့ ခရီးသွား လုပ်ငန်း သည်၊ ကျွန်းကို အခြေပြု ခရီးသွား လုပ်ငန်းဖြစ်သည့် အတွက် ခရီးသွားတွေ အနေဖြင့် သွားသည့် အခါမှာ ကျွန်းပေါ်တွင် အပန်းဖြေ စခန်းတွေ တရားဝင် ခွင့်ပြု ထားတာ မရှိသည့် အတွက် ညအိပ် ရပ်နားလို့ မရခဲ့ကာ အခု ဒီဇင်ဘာလမှာ ပထမဆုံး ဖွင့်လှစ်မည့် ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်း (Community Based Tourism- CBT) ကို ဖွင့်လှစ်လိုက် ပါက ပြည်တွင်း/ ပြည်ပက ခရီးသွားတွေ အရင်ကထက် တိုးလာ နိုင်တယ်လို့ မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များ အသင်း ဉက္ကဌ ဒေါက်တာ သိန်းဆွေမြင့် က ပြောပါသည်။

ဒါကြောင့် မြိတ်ကျွန်းစုရဲ့ ခရီးသွား လုပ်ငန်းမှာ ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကယက်ကြောင့် ရပ်နားခဲ့ရပြီး အခုလာမည့် ၂၀၂၀- ၂၀၂၁ ခုနှစ်မှာ စတင်မည့် ခရီးသွား ရာသီမှာ ခရီးသွား ဧည့်သည်တွေ အများကြီး ရောက်လာ လိမ့်မည်လို့ မျှော်လင့်နေကြောင်း Mergui Dolphin Travel & Tours ကုမ္ပဏီက မန်နေဂျာ ဦးမြင့်သန်းက ပြောသည်။

အခုလို ရပ်ရွာ အခြေပြု ခရီးသွား လုပ်ငန်းကို ဆောင်ရွက် နေသော ဒုံးညောင်းမှိုင်း ကျေးရွာမှာ ခရီးသွား ဧည့်သည်တွေ အနေနဲ့ ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေနဲ့ လူမှု ဘဝ နေထိုင်မှု ပုံစံတွေကို လေ့လာ နိုင်မည် အပြင် အဲဒီ ကျွန်းပေါ်မှာ စက်ဘီးစီးခြင်း၊ ကရွတ်လှေတွေနဲ့ လှော်ခတ်ပြီး ဒီရေတောများ လေ့လာခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေနဲ့ လိုက်ပါပြီး ငါးဖမ်း လုပ်ငန်းတွေကို လေ့လာခြင်း စသည့် အစီအစဉ်တွေကို ဆောင်ရွက်သွားမှာ ဖြစ်ကာ ဒုံးညောင်မှိုင်းကို အခြေပြု၍ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်တွေ အကြား ရေပန်းစား နေတဲ့ စမတ်ကျွန်းနဲ့ တခြားကျွန်းတွေကိုပါ ဒေသခံများ၏ မော်တော်ဘုတ်တွေနဲ့ သော်လည်းကောင်း၊ Speed Boat တွေနဲ့ သော်လည်းကောင်း သွားရောက် လည်ပတ် နိုင်မှာ ဖြစ်ကြောင်း သိရသည်။

myanmarinsights

myanmartourism

myeilCBT

By admin