Month: February 2021

Milk Tea Alliance Day

Milk Tea Alliance လို့သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီလ၊ ၂၈ရက်နေ့မှာ ရန်ကုန်မြို့အတွင်း စစ်အာဏာသိမ်းမှုအပေါ် သပိတ်မှောက် ဆန္ဒဖော်ထုတ်သူတွေကို ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ ဖြိုခွဲမှုတွေရှိသလို မျက်ရည်ဗုံး၊ အသံဗုံးနဲ့ သေနတ်ပစ်ခတ်မှုများလည်း ရှိခဲ့ပါတယ်။ဒီကနေ့မှာ ဖမ်းဆီးခံရသူတွေအများအပြားရှိသလို သေနတ်ဒဏ်ရရှိပြီး သေဆုံးသူများလည်းရှိခဲ့တယ်လို့ သိရပါတယ်။

လမ်းလျောက်လာသူအမျိုးသမီးနှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်နဲ့ချိန်ခဲ့

ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ စမ်းချောင်းမြို့နယ် ဗားကရာလမ်းမပေါ် လမ်းလျောက်လာသူအမျိုးသမီးနှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်နဲ့ချိန်ခဲ့လို့ ရပ်ကွက်အတွင်းလူများနှင့် အခြေအတင်ဖြစ်ပွားခဲ့ပြီးနောက် မျက်ရည်ယိုဗုံးပစ်ပြီးလူစုခွဲခဲ့