ခိုင်မီမီ
နိုဝင်ဘာ ၁၆၊ ၂၀၂၀

ကမ္ဘာ့မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဧရာဝတီလင်းပိုင် တွေ ပခုက္ကူ ဧရာဝတီ တံတားအောက်က ဧရာဝတီမြစ်ကြောင်းပေါ်မှာ ၃ကောင်အထိ တွေ့ရှိလာရတယ်လို့ ပခုက္ကူ ရေလုပ်သားများသမဂ္ဂက သိရပါတယ်။
သည်လိုတွေ့ရှိမှူကို အောက်တိုဘာ ၂၀ ရက်နေ့လောက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၃ကောင်တွေ့ရှိထားတယ်လို့ သိရပါတယ်။

“ပခုက္ကူမြို့နယ် ရေလုပ်သားသမ္မဂက အခြားသော အနီးအနားရွာက မြစ်ကမ်းနဘေးမှာရှိတဲ့ စပ်ဆက်နေတဲ့ ရွာသူရွာသားတွေကလည်း သူတို့ရေချိုးနေရင်း ၃ကောင်လောက်အထိသူတို့မြင်တယ်ပေါ့လေ တဦးကတော့ ၂ကောင်လောက်လို့ပြောတယ် နောက်ဆုံးပိတ် Update သိရတဲ့အနေအထားမျိုးကတော့ သူတို့ ၃ကောင်လောက်အထိမြင်ခဲ့ရတယ်ဆိုတဲ့အနေအထားမျိုးတွေ ရှိတယ်ပေါ့လေ
ဒါပေမယ့် စိုးရိမ်ချက်တစ်ချက်ပါလာတယ်ပေါ့လေ ရေလုပ်သားကြီးတွေက သူတို့ သတင်းရတယ်ပေါ့လေ ငါးရှော့တိုက်ဖမ်းတဲ့သူတွေက ဧရာဝတီလင်းပိုင်တွေကိုလိုက်ထိုးနေတယ်ဆိုတဲ့ဟာမျိုးတွေ အဲ့တော့ကျွန်တော့အနေနဲ့ အရမ်းစိုးရိမ်သွားတယ် “လို့ ပခုက္ကူရေလုပ်သား သမ္မဂ အဖွဲ့ရဲ့ အတိုင်ပင်ခံ ဦးကျော်သူရိန်အောင်ကပြောပါတယ်။

၂၀၁၈ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်ေးရးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေ မှာရှားပါးမျိုးစိတ်တွေကို သေဆုံးစေခြင်းထိ ထိခိုက် စေခြင်းတွေကို ထောင်ဒါဏ် ၃နှစ်ကနေ ၁၀နှစ်အထိ ချမှတ်နိုင်တယ်လို့ဖော်ပြထားပါတယ်။ ဧရာဝတီလင်းပိုင်တွေကို ရှော့တိုက်သူတွေဟာ ညအချိန်မှာ ရှော့တိုက်ဖမ်းဆီးနေကြတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဧရာဝတီလင်းပိုင်တွေ လိုက်လံရှော့တိုက်ဖမ်းဆီးနေတာတွေကို တားဆီးပေးဖို့ ပခုက္ကူ ရေလုပ်သားများသမဂ္ဂအဖွဲ့က ငါးလုပ်ငန်း ဦးစီးဌာနကို တွေ့ရှိတဲ့နေ့ကတည်းက အကြောင်းကြားထားတယ်လို့လည်းသိရပါတယ်။
“ဧရာဝတီလင်းပိုင်တွေကတော့ ကျွန်တော်တို့ ပိုက်သမားတွေဆင်းတော့ တံတားအောက်ဘက်မှာ တစ်ကောင်စပေါ်တာတွေ့တယ်။ နောက်ရက်ကျတော့ ပိုက်မျောရင်းမတ်တပ် ပိုက်ဝန်းထဲမှာ၂ကောင်တွေ့လိုက်တယ်။ တွေ့လိုက်တဲ့အခါမှာ ထိထိမိမိသူတို့မရိုက် နိုင်ဘူးပေါ့ဗျာ ရိုက်ရမှန်းလည်းမသိတော့ နောက်ရက်ကျတော့ ကျွန်တော်တို့ ဆင်းပြီးတော့ရှာတယ် မတွေ့တော့ရေလုပ်သမားတွေကို ကျွန်တော်က မှာပစ်ခဲ့တယ် ဓါတ်ပုံလေးရိုက်ထားပါ။ ပိုက်မျောရင်း သစ်ထောက်ကျွန်းဘက်မှာတော့ ၂ကောင်လား၃ကောင်လားမသိဘူး ထိထိမိမိရိုက်နိုင်လာတယ်။
ခုလည်းတိုက်နေတာပဲခင်မျ သူတို့က ညတွေ ညည ကျမှသူတို့က ထွက်ကြတာ ကျွန်တော်က သတင်းကြားတာပေါ့ဗျာ ကျွန်တော်က ရေလုပ်သားဘက်ကဆိုတော့လှမ်းလှမ်း ပြောကြတာ ရေကူးတဲ့တောင်သူတွေကလည်းလှမ်းပြော လှမ်းပြောလို့ကျွန်တော်ကလည်းငါးလုပ်ငန်းဦးစီးကို သတင်းပို့ထားးပါတယ်။ “လို့ ဦးကျော်သူရိန်အောင်ကပြောပါတယ်။

သည်လိုအကြောင်းကြားထားပေမယ့် လာရောက်စစ်ဆေးကြည့်ရှုမှု ၁ကြိမ်သာလာရောက်ခဲ့ပြီး စစ်ဆေးအရေးယူမှုတွေ မရှိဘူးလို့ ရေလုပ်သားတွေကဆိုပါတယ်။

ဧရာဝတီလင်းပိုင် မျိုးစိတ်တွေကို ဧရာဝတီမြစ်အတွင်းနဲ့ အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းတွေမှာသာ တွေ့ရှိရပြီး ၁၈၆၆ ခုနှစ်မှာ သုတေသနပညာရှင်တွေက ဧရာဝတီလင်းပိုင်အဖြစ်မှတ်တမ်းတင်နိုင်အောင်ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။
ကိုဗစ်ကာလမှာ မြစ်ကြောင်းအသုံးပြုတဲ့ သင်္ဘော တွေသွားလာမှုလျော့နည်းလာတဲ့အတွက် ရေညစ်ညမ်းမှုနည်းလာတာကြောင့် ရောက်လာတာဖြစ်နိုင်တယ် လို့ ဧရာဝတီ လင်းပိုင်ထိန်းသိမ်းစောင့်ရှောက်သူများအဖွဲ့က ဦးမောင်မောင်ဦးကဆိုပါတယ်။

By admin

One thought on “ကမ္ဘာ့မျိုးတုန်းပျောက်ကွယ်လုနီးပါး ဧရာဝတီလင်းပိုင်တွေကို ပခုက္ကူဧရာဝတီတံတားအောက်မှာ တွေ့ရှိ”

Comments are closed.