ခိုင်မီမီ မေ ၁၉၊ ၂၀၂၀
အခု COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလမှာ မကွေးတိုင်းဒေသကြီးအတွင်းဆိတ်မွေးမြူသူတွေအနေနဲ့ တရုတ်က အဝယ် ရပ်နားထားတဲ့အပြင် လာအိုနိုင်ငံကို တင်ပို့ရောင်းချရာမှာ ဝယ်ယူမှု ကိုအတိုင်းအတာ ကန့်သတ်ထားတဲ့အတွက် ဆိတ်ဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ မကွေးတိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့က သိရပါတယ်။
၂၀၁၉ ခုနှစ်အတွင်း တရုတ်ကို ပုံမှန် တင်ပို့နေရစဉ်က ဆိတ် တစ်ပေါင်ကို ငွေကျပ် ၂၀၀၀ ကျပ် ဝန်းကျင်ရှိခဲ့ပေမယ့် အခုချိန်မှာ ရောင်းချရမယ့် ဈေးကွက်မရှိတော့တဲ့အတွက် ၁၄၀၀ ကျပ်အထိ လျော့နည်းကျဆင်းလာတယ်လို့သိရပါတယ်။ တစ်ပေါင်ကို ငွေကျပ် ၆၀၀ကျပ်လောက်အထိ ကျဆင်းသွားတာပါ။

“ဈေးကွက်အခြေအနေက ၂၀၁၉မှာတရုတ်မှာပုံမှန်ပို့နေတဲ့အခြေအနေတုန်းကဒေသတွင်းမှာဆိတ်ကိုပေါင်ချိန်နဲ့ရောင်းကြဝယ်ကြပါတယ်ဆိတ်တစ်ပေါင်ကို ၁၉၅၀ /၂ထောင်ထိရှိခဲ့ပါတယ် တရုတ်ဘက်ကိုရောင်းတဲ့အခါမှာတော့သူတို့ရဲ့အချိန်အတွယ် ကျင်နဲ့ချိန်တယ်သူတို့ဘက်ကယွမ်ငွေနဲ့ရောင်းကြဝယ်ကြတယ် အရောင်းအဝေယ်မှာတော့ဒေသပေါက်ဈေး၁၉၅၀/၂၀ရောင်းတဲ့ဝယ်တဲ့အချိန်မှာတော့ အဆင်ပြေတယ်ကိုက်တယ် ဒါပေမယ့်တရုတ်ကနေမှ ကျွန်တော်တို့မြန်မာနိုင်ငံကသိုးဆိတ်တွေကိုတရားမဝင်ကုန်ပစ္စည်းအဖြစ်သတ်မှတ်ပြီးပြည်တွင်းကို အဝင်မခံတဲ့အခါမှာကျွန်တေ်ာတို့မှာဆိတ်ကို ရောင်းချစရာနေရာဈေးကွက်မရှိတော့ဘူးဖြစ်သွားတယ်ဈေးကွက်ပျက်တဲ့အခါမှာအခုဒေသတွင်းမှာလည်းဆိတ်ဈေးကွက်ကတဖြည်းဖြည်းနဲ့ကျသွားတယ် ကျသွားတော့ ၁၉၅၀/၂ထောင်ကနေမှအခုဒီနေ့ကိုဗစ်ကာလမှာဆိုလို့ရှိရင်ကမ္ဘာနိုင်ငံအသီးသီးကနေလည်းပိတ်ထားတဲ့အခါကျတော့ကျွန်တော်တို့အခုဒေသတွင်းမှာဆိတ်တစ်ပေါင်ကို၁၄၀၀ဘဲအခုရှိတော့တယ် အဲအခါမှာဈေးနှုန်းကတော်တော်ကွာခြားသွားတယ်အဲဒီတော့မွေးမြူသူမှာဈေးနှုန်းကွာခြားသွားတဲ့အတွက်အရှုံးဖြစ်တယ်” လို့ မကွေးတိုင်းဒေသကြီးမွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးသန်းထွန်းဦး ကပြောပါတယ်။

ပြည်တွင်း အနေနဲ့ တရုတ်နိုင်ငံ ကို စိုက်ပျိုးရေးမွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ကျွဲနွားဆိတ်တွေကို တရားဝင်တင်ပို့ခွင့်ပြုထားပေမယ့်လည်း ၂၀၁၉နောက်ပိုင်းမှာ တရုတ်နိုင်ငံအနေနဲ့ တရားမဝင်ကုန်ပစ္စည်းလို သတ်မှတ်ထားတာကြောာင့် ရောင်းချရတာဟာလည်း အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆိတ်မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ တခြားနိုင်ငံတွေကို တင်ပို့နိုင်ဖို့ကြိုးစားရာမှာ လာအိုနိုင်ငံကို လက်ရှိမှာ တင်ပို့ခွင့်ရရှိခဲ့တယ်လို့သိရပါတယ်။ သည်လို တင်ပို့ခွင့်ရနေပေမယ့်လည်း ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် အနည်းငယ်သာ တင်ပို့နေရတယ်လို့ဆိုပါတယ်။ ရောင်းချလိုတဲ့ အရေအတွက်နဲ့ ယှဉ်ရင် ဝယ်လိုအားက နည်းပါးနေပါတယ။်

“စိုက်ပျိုးရေး ၊မွေးမြူရေးကုသရေးဦးစီးဌာနက ကျွဲနွားတွေကို အထူးအရေးကြီးကုန်စည်အနေနဲ့သတ်မှတ်ထားလို့အခုတော့သွားလာရနည်းနည်းတော့ခက်ခဲတယ်သိုးဆိတ်တွေကို ၂၀၁၆ကစပြီးတော့တရားဝင်တင်ပို့ခဲ့တာဖြစ်ပါတ
ယ်တရုတ်နိုင်ငံ ကိုအခုဒီဘက်နောက်ပိုင်း၂၀၁၉နောက်ပိုင်းမှာ တရုတ်နိုင်ငံက ကျွန်တော်တို့ဆီကသိုးဆိတ်တွေကိုတရားမဝင်ကုန်ပစ္စည်းအဖြစ်သတ်မှတ်ပြီးတော့သူတို့နိုင်ငံတွင်းကိုဝယ်တဲ့လူတွေကုန်သည်တွေကိုဝင်မခံတဲ့အခါမှာကျွန်တော်တို့ကတရုတ်နိုင်ငံကိုရောင်းချရာမှာအခက်အခဲဖြစ်သွားတယ် အဲဒါနဲ့ကုမ္ပဏီမှာလည်းမွေးမြူသူတွေအောက်ခြေမှာလည်းအဆင်ပြေအောင်အတွက်ကို ကျွန်တော်တို့ရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်ခရိုင် ကျိုင်းလတ်မှာရှိတဲ့တရုတ်မြန်မာချစ်ကြည်ရေးတံတားကနေပြီးမှ လာအိုနိုင်ငံဘက်ကို ကျွန်တော်တို့ကဈေးကွက်ရှာပြီးမှရောင်းခဲ့တယ်တကယ့်တကယ်ကလည်းကျွန်တော်တို့ ကလာအိုနိုင်ငံလို့တာအမည်တပ်တာလာအိုနိုင်ငံကနေတစ်ဆင့်တရုတ်ကိုဘဲပြန်သွားတာဖြစ်ပါတယ်ဒီဆိတ်တွေက” လို့ ဦးသန်းထွန်းဦးကဆက်ပြောပါယတ်။

အခုလို ဈေးနှုန်းကျဆင်းတာဟာ ကိုဗစ်ကာလအတွင်းမှာဖြစ်ပြီး ပြည်တွင်းမှာလည်း အရောင်းအဝယ်အဖြစ်ဖူးလို့သိရပါတယ်။ တနိုင်တပိုင်မွေးမြူသူတွေအနေနဲ့လည်း ဆိတ်ကုန်သည်တွေက လာရောက်ဝယ်ယူခြင်းတွေမရှိတဲ့အတွက် အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

“ဆိတ်ဈေးကတော့အခုတလောကတော့ကျနေတာပေါ့နော်ရောဂါတွေဘာတွေဖြစ်တော့ကျတော့ တခြားကဝယ်လက်တွေမလာတော့ဈေးကျတာပေါ့စောစောကတော့ဈေးကောင်းတယ်ပေါ့နောတပေါင်ကို ၅ရာနှုန်းလောက်ကျတာပေါ့ဈေးကျတာကရက်ပိုင်းမကဘူးလပိုင်းလောက်ရှိပြီ၂/၃လလောက်ရှိပြီဈေးကျတာ ဆိတ်မွေးလာတာ၁၀နှစ်လောက်ရှိပြီအခုလိုမျိုးကဟိုတုန်းကလည်းကျဖူးတာဘဲဟိုတုန်းကတခြားတင်တဲကလိုင်းတွေဘာတွေမရှိတဲ့အခါဈေးမရှိဘူးလေတခြားတင်လို့ရှိရင်ဈေးကောင်းတာပေါ့အဲလိုဘဲလာဝယ်ကြတာဒီလိုပေါ့ ကုန်သည်တွေပွဲစားတွေပေါ့သူတို့ကတဆင့်တဆင့်တခြားကိုပြန်ရောင်းတာလားကိုယ်တိုင်တင်တာလားသိဘူးတခြားကဘဲလာဝယ်ကြတယ်” လို့ တနိုင်တပိုင် ဆိတ်မွေးမြူသူတဦးဖြစ်တဲ့ မမွန်ကပြောပါတယ်။

ကုမ္ပဏီတွေအနေနဲ့လည်း ပြည်ပကိုတင်ပို့ဖို့ နယ်စပ်စခန်း ကုန်သွယ်ရေးဇုံက တစ်ဆင့် ရောင်းချနိုင်ပြီဖြစ်ပါတယ်။ ပြည်တွင်းမှာသာ တရားဝင်လုပ်ငန်းစဉ်တွေအတိုင်းလုပ်ကိုင်နေရပေမယ့်လည်း ပြည်ပတစ်ဖက်နိုင်ငံတွေမှာတော့ တရားဝင်ဝယ်ယူခြင်းမပြုတဲ့အတွက် ဝယ်ယူသူနဲ့အဆင်ပြေသလိုပဲရောင်းချနေရတယ်လို့ သိရပါတယ်။ ဒီလို ဝယ်ယူတဲ့အခါမှာဈေးနှိမ်ဝယ်ယူတဲ့အခါတွေလည်းကြုံတွေ့နေရတာကြောင့် ကုမ္ပဏီတွေနဲ့ မွေးမြူသူတွေအရှုံးနဲ့ရင်ဆိုင်နေရတာတွေလည်းရှိနေပါတယ်။
၂၀၂၀ ကိုဗစ်ကာလမှာတော့ အရှုံးများတဲ့အတွက် ဆိတ်မွေးမြူသူတွေလည်းလျော့နည်းလာနေတယ်လို့သိရပါတယ်။မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ ဆိတ်မွေးမြူမှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါတယ်။

By admin