စက်တင်ဘာ ၂၁၊ ၂၀၂၀

ပြည်မြို့က မဂ်လာဂါးဒင်းဟော်တယ်မှာ ရွေးကောက်ပွဲသတင်းရေးသားနည်းသင်တန်းတက်ရောက်နေတဲ့ သင်တန်းသား ၁၄ဦးနဲ့ လက်ထောက်သင်တန်းဆရာ ၁ဦး၊စုစုပေါင်း ၁၅ဦးတို့ကို စက်တင်ဘာ ၁၅ရက်နေ့ မနက်ပိုင်းက swab ယူပြီးစစ်ဆေးခဲ့ရာမှာ စက်တင်ဘာ ၁၉ရက်မနက်ပိုင်းမှာတော့ သင်တန်းသားအားလုံး ကိုရိုနာဗိုင်းရပ် Nagative အဖြေထွက်ခဲ့တယ်လို့ ပြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေသိရပါတယ်။

သတင်းမီဒီယာကောင်စီနဲ့ လွတ်လပ်တဲ့ အာရှ ရွေးကောက်ပွဲများအတွက် စောင့်ကြည့်ရေးအဖွဲ့ (AFREL)တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ရက်နေ့က ၉ရက်နေ့အထိ ပြည်မြို့၊မဂ်လာဂါးဒင်းဟိုတယ်မှာ ရွေးကောက်ပွဲသတင်းရေးသားနည်းသင်တန်းဖွင့်လှစ်ခဲ့ပါတယ်။ဒါပေမယ့် သင်တန်းနည်းပြ ငါးဦး လိုက်ပါလာတဲ့ ကားကို မောင်းနှင်သူ ရဲ့ အမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိခဲ့တဲ့အတွက် စက်တင်ဘာ ၈ရက် နေ့လည်မှာ ကျန်းမာရေးက လာရောက် အကြောင်းခဲ့တာကြောင့် သင်တန်းကို ရပ်ဆိုင်းခဲ့ပြီး သင်တန်းသားတွေရော၊နည်းပြတွေပါ Hotel Quarentine ဝင်ရောက်ခဲ့ပါတယ်။

စက်တင်ဘာ ၁၂ရက်နေ့မှာတော့ ကားဒရိုင်ဘာမှာ ကိုရိုနာဗိုင်းရပ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် နေ့လည်ပိုင်းမှာ Hotel Quarantineဝင်နေတဲ့ ဒရိုင်ဘာနဲ့ ထိတွေ့ခဲ့သူ သင်တန်းနည်းပြငါးဦိးကို ပြည်တက္ကသိုလ် သန္တာဆောင်ကို ပို့ဆောင်ပြီး နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်တွေရယူစစ်ဆေးခဲ့ပါတယ်။

အဲဒီလို စစ်ဆေးခဲ့ရာမှာ သင်တန်းနည်းပြနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိခဲ့ပြီး သူတို့ကို ပြည်မြို့၊အထွေထွေရောဂါကု ဆေးရုံကြီးကို ပြောင်းရွေ့ကုသခဲ့ပါတယ်။

Hotel Quarentine ဝင်နေတာ ဆယ်ရက်ကျော်နေပြီဖြစ်သလို လက်ရှိအချိန်အထိ နောက်ထပ် Swab မယူရသေးတဲ့အခါ သတ်မှတ်ထားတဲ့ ၁၄ရက်ထက် ကျော်လွန်နေရမယ့်ပုံစံဖြစ်နေတယ်လို့ စက်တင်ဘာ ၁၂ရက်နေ့က SWAB ယူပြီး Nagative အဖြေထွက်ခဲ့သူ သင်တန်းနည်းပြ ဦးဇေယျာလှိုင်က ပြောပါတယ်၊

စက်တင်ဘာ ၁၅ ရက်နေ့ကတော့ Hotel Quarantine ဝင်နေတဲ့ သင်တန်းသား ၁၄ဦးနဲ့ လက်ထောက်သင်တန်းနည်းပြတဦးတို့ကို SWAB ယူပြီး အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာနကို ပေးပို့စစ်ဆေးခဲ့ရာမှာ သူတို့အားလုံး Nagative အဖြေထွက်ခဲ့တာပါ၊

စက်တင်ဘာ ၁၅ ရက်နေ့က မဂ်လာဂါးဒင်းဟော်တယ်မှာ သင်တန်းသား ၁၅ဦးနဲ့ ဟော်တယ်ဝန်ထမ်းတွေ အပါအဝင် စုစုပေါင်း ၅၈ ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး အားလုံးမှာ ရောဂါပိုးမရှိအဖြေထွက်ခဲ့တာ ဖြစ်ပါတယ်

By admin