အောက်တိုဘာ ၁၊ ၂၀၂၀

မန္တလေးမြို့ မှာရှိတဲ့ဈေးတွေမှာ Mask မတပ်ဆင်တဲ့ ဈေးသည်ဈေးဝယ် တွေကို Mask တွေ ဝယ်ယူစေပြီး အရေးယူခဲ့ရာမှာ မှာ မနေ့က အထိ လူဦးရေ ၂၅၀၀ကျော်ကိုအရေးယူခဲ့ပြီး ရရှိငွေ ၈၆သိန်းကျော်ရရှိထားပြီးဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့အထိ Mask မတပ်ဆင်သူ ဈေးသည်ဈေးဝယ်ပေါင်း၂ ၅၃၇ဦး ကို အရေးယူထားပြီး ရရှိတဲ့ ငွေတွေကို အစိုးရ ရန်ပုံငွေမှာ ပြန်လည်ထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။
ကိုဗစ် စတင်ဖြစ်ပွားတဲ့ မေလမှာကတည်းက မန္တလေးမြို့ ပေါ် စည်ပင်သာယာရေးနယ်နမိတ်အတွင်းမှာရှိတဲ့ ဈေးပေါင်း ၄၀ကျော်မှာ ဈေးသည်ဈေးဝယ်တွေကို နှာခေါင်းစည်း တပ်ဆင်ဖို့ စတင် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
“ မေလ ၁၀ရက်က ၁၅ရက်အတွင်းကာလ အတွင်းမှာ နှာခေါင်းစည်းတစ်ခုကို ကျပ် ၁၀နှုန်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်တယ် နောက် မေလ ၁၆ရက်နေ့က စပြီးတော့ ဒီနေ့အထိကို ကျပ် ၅ထောင်နှုန်းနဲ့ နှာခေါင်းစည်း ၂ခုကို ဝယ်ယူစေပါတယ်။ အဲ့ဒီလို ဝယ်ယူစေတဲ့ ပမာဏကိုပြောရမယ်ဆိုရင် မေလမှာလူဦးရေပေါင်း ၁၂၇၀ ရှိပါတယ်။ ဇွန်လရောက်တဲ့အခါမှာ ၂၀၄ဦးရှိတယ် ဇူလိုင်မှာ ၉၁ယောက် သြဂုတ်လမှာ ၆၂၂ယောက် စက်တင်ဘာလ မနေ့က အထိ ၃၅၀ အားလုံးပေါင်းစုစုပေါင်း ၂၅၃၇ဦး နှာခေါင်းစည်းများဝယ်ယူစေခဲ့ပါတယ်။ အဲ့ဒီလို ဝယ်ယူစေလို့ရတဲ့ငွေပေါင်းက ၈၆သိန်းနဲ့ ၁သောင်းမနေ့ကအထိရှိပါတယ်။ အဲ့ဒါတွေကိုလည်းကျွန်တော်တို့ ရန်ပုံငွေထဲမှာ ပြန်ပြီးတော့ကျွန်တော်တို့ ထည့်ထားပါတယ်။ နောက် တချို့နှာခေါင်းစည်းမတပ်ရင်တပ်ဖို့အတွက် သတိပေးတယ် မလိုက်နာဘူး ၃ကြိမ်အထိ မလိုက်နာတဲ့ ဈေးသည် ၇၂ဦးကို ဈေးရောင်းချခွင့် ၃ရက်ပိတ်တဲ့နည်းနဲ့ အရေးယူပါတယ်။ “ လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်စန်းမြင့်က ပြောပါတယ်။

ပထမအကြိမ် အရေးယူစဉ်တုန်းက နှာခေါင်းစည်းမတပ်ဆင်သူ ၊ စနစ် တကျတပ်ဆင်မှုမရှိသူတွေကို Mask နှစ်ခုကို ၁၀၀၀ နှုန်းနဲ့ဝယ်ယူစေပြီးတော့ ရောင်းချအရေးယူခဲ့တယ်လို့သိရပါတယ်။ ဒုတိယအကြိမ်အရေးယူချိန်မှာတော့ Mask နှစ်ခု ကိုငွေကျပ် ၅၀၀၀ နှုန်းနဲ့ဝယ်ယူစေပြီး အရေးယူခဲ့တယ်လို့သိရပါတယ်။

နှာခေါင်းစည်းတွေ နေ့စဉ် တပ်ကြဖို့ အတွက် ရှေ့လ ကတည်းကလူမှုရေး အဖွဲ့အစည်းတွေ ၊လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့ ပူးပေါင်းပြီး နှာခေါင်းစည်းချုပ်ပြီး အခမဲ့ပေးဝေခဲ့ပါတယ်။

“မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ကော်မတီက စီမံခန့်ခွဲရတဲ့ဈေးတွေမှာ နှာခေါင်းစည်းမတပ်မနေရတပ်ဖို့အတွက် ဈေးသည်တွေရောဈေးဝယ်ရော ကျွန်တော်တို့ သတ်မှတ်ခဲ့ပါတယ်။ ကိုဗစ်စပြီးတော့ဖြစ်လာပြီဆိုကတည်းက ဈေးတွေမှာနှာခေါင်းစည်းတွေ အဆင်ပြေ ပြေတပ်နိုင်အောင် လူမှုရေး အဖွဲ့အစည်းတွေ လွှတ်တော်ကိုယ်စားလှယ်တွေ နောက်တစ်ခါ မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း အထည်ချုပ်လုပ်ငန်းရှင်များအသင်းနဲ့တွဲပြီးတော့ မတ်စ်တွေကိုချုပ်ပြီးတော့ ကျွန်တော်တို့ အခမဲ့ပေးဝေတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ပြီးတဲ့နောက်မှာ မတ်စ် နှာခေါင်းစည်းမပါဘူးဆိုရင် ဈေး သည်ရောဈေးဝယ်ရော ဈေးထဲမဝင်ရဘူးဆိုပြီးတော့မှ သတ်မှတ်လိုက်ပါတယ်။ အဲ့လိုသတ်မှတ်ပြီးတော့ကြပ်ကြပ်မတ်မတ် စိစစ်တယ် နောက် အသံချဲ့စက်နဲ့လည်း နှာခေါင်းစည်းတပ်ပြီးမှ ဈေးထဲမှာ ရောင်းကြဝယ်ကြဖို့ဒါကိုလည်းကျွန်တော်တို့ နှိုးဆော်တယ် နောက် ဈေးအဝင်မှာ လက်ဆေးဆပ်ပြာတွေ ကျွန်တော်တို့ရှိထားသလို လက်ဆေးဆပ်ပြာလည်းပါတယ်။ ဒါမှမဟုတ် ဂျယ်လည်းပါတယ် အဲ့သည်လို ထားပြီးတော့ ကိုယ်အပူချိန်တိုင်းတာမျိုးတွေ ကြပ်ကြပ်မတ်မတ်နဲ့ကျွန်တော်တို့လုပ်ခဲ့တယ် လုပ်ပြီးတော့ အစိုးရကသတ်မှတ်လိုက်တဲ့ သည်လ ၁၀ရက်ကစပြီးတော့မှ နှာခေါင်းစည်း မပါတဲ့သူတွေကို ဒဏ်ကြေးရိုက်ပါတယ်။ “ လို့ ဦးကျော်စန်းမြင့်က ပြောပါတယ်။

အခု ဒုတိယကိုဗစ်လှိုင်းအတွင်း မန္တလေးမြို့ က ဈေးတွေမှာ ဈေးသည်ဈေးဝယ်တွေ Mask တပ်မှုတွေကို လိုက်လံစစ်ဆေးနေရာမှာ ဈေးချိုတော်ပျံကျဈေးကMask မတပ်ဆင်သူအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။
သီရိမာလာ ငါးဈေးမှာ Mask မတပ်ဆင်တာတွေ ဒုတိယအများဆုံးတွေ့ရပြီး တတိယအများဆုံးကတော့ မြို့ဟောင်းဈေး ဖြစ်တယ်လို့ သိရပါတယ်။ ပရဟိတ အဖွဲ့တွေနဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး ဈေးတွေထဲမှာMask တွေ အခမဲ့လိုက်ဝေပေးနေတယ်လို့လည်းသိရပါတယ်။ သည်လိုအခမဲ့ပေးဝေခြင်းတွေကို စက်တင်ဘာလဆန်းပိုင်းကနေ စတင်လုပ်ဆောင်နေပြီး ဈေးအားလုံးနီးပါးကို ပေးဝေခဲ့တယ်လို့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကသိရပါတယ်။

myanmarinsights

maskcampaign

By admin