Covid-19 ဖြစ်နေတဲ့ အခုလို အချိန်ကာလမှာ မြန်မာနိုင်ငံထဲက အခြားပြည်နယ်နဲ့ တိုင်းဒေသအသီးသီးမှာ Stay Home နေကြဖို့နဲ့ ဖြစ်နိုင်ရင် အပြင်မထွက်ကြဖို့ကို တိုက်တွန်းထားတာတွေ ရှိပါတယ်။ ဒါပေမယ့် ဒေသခံတွေထက် ရေမဆေးသမားတွေနဲ့ ကျောက်အရောင်းအဝယ်လုပ်ကြသူတွေ အလွန်များပြားတဲ့ ဖားကန့်ဒေသမှာတော့ ဒီတိုက်တွန်းချက်ကို လိုက်နာနိုင်ဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဖားကန့်ဒေသမှာ ဘယ်လိုစည်းကမ်းချက်တွေ ချမှတ်ပြီး Covid-19 ကို ကာကွယ်နိုင်ဖို့ လုပ်ဆောင်နေကြတယ်ဆိုတာတွေနဲ့၊ နိုင်ငံတော်နဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်နေတယ်ဆိုတဲ့ ကျောက်ကုမ္ဗဏီတွေကို ပိတ်လိုက်မှ ရေမဆေးတွေကို ထိန်းချုပ်နိုင်မယ်လို့ ပြောဆိုနေကြတာတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို မေးမြန်းကြည့်ဖို့အတွက် ဖားကန့်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးကို ဆက်သွယ်ထားပါတယ်။

By admin