မကွေး သြဂုတ် ၂၄၊ ၂၀၂၀

ရခိုင်ပြည်နယ်မှာ Covid-19 ရောဂါပိုးတွေ့ရှိသူ တွေများလာတဲ့အတွက် ရောဂါကိုကြိုတင် ကာကွယ်တဲ့အနေနဲ့မကွေး-အမ်း-စစ်တွေ လေယာဉ်လမ်းကြောင်း၊ မော်တော်ကားလမ်းကြောင်းတွေအပါအဝင် ပို့ဆောင်ရေးလမ်း ကြောင်းများ အားလုံးကိုသြဂုတ်လ(၂၀) ရက်နေ့ ကစတင်ပိတ်လိုက်ပြီလို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ထံကသိရပါတယ်။

စစ်တွေ၊မြောက်ဦးဘက်မှာ ပြည်တွင်းကူး စက်မှုအနေနဲ့ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ တွေ တွေ့နေတဲ့အတွက် မကွေး-စစ်တွေ ဆက်သွယ်သွားလာတဲ့ လမ်းကြောင်းတွေကိုတိုင်းအစိုးရအဖွဲ့ကယာယီပိတ်လိုက်တာပါ။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန့်ကြားချက် အရ မကွေး-အမ်း-စစ်တွေကူးသန်းသွားလာတဲ့ခရီး သည်ယာဉ်တွေကိုပဲကိုပိတ်တာဖြစ်တယ် လို့မကွေးတိုင်းပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန တိုင်းဦးစီးမှူးဦးသိန်းဟန်က ပြောပါတယ်။

မကွေး-အမ်း-စစ်တွေလေကြောင်းလိုင်းကို (MNA)လေကြောင်းလိုင်းရဲ့အစည်းအဝေးဆုံး ဖြတ်ချက်အရ သြဂုတ်လ (၂၁)ရက်နေ့က စတင်ကာယာယီရပ်နားထားတယ်လို့သိရပါတယ်။ မကွေး-အမ်း-စစ်တွေလေကြောင်းအခုလက်ရှိမှာ တော့ ၂ပတ်ကြာပိတ်ထားမှာဖြစ်တယ်လို့ (MNA)လေကြောင်းလိုင်း မကွေးတိုင်း ကိုယ်စားလှယ် ဦးစံထွေးကပြော ပါတယ်။

လက်ရှိမှာဆိုရင် မကွေး-အမ်း-စစ်တွေ လမ်းကြောင်းတွေကိုသာပိတ်ထားတာဖြစ်ပြီး မကွေး-ရန်ကုန် ခရီးစဉ်တွေကိုတော့ ပုံမှန်အတိုင်းပြေးဆွဲနေတယ်လို့သိရပါတယ်။ မကွေး-အမ်း-စစ်တွေ မြို့တွေကို အဓိကကူး သန်းသွား လာ တာကတော့ ကုန်းလမ်း ခရီးနဲ့လေကြောင်း ခရီးအဓိကသွားလာ တာဖြစ်ပါတယ်။

By admin