(Ajay Aggarwal /HT PHOTO)

အိန္ဒိယနိုင်ငံမှာ Covid-19 ဗိုင်းရပ်စ်မှုဖြစ်ပွားနေတဲ့ ကာလအတွင်း အရက်သောက်သုံးမှုတွေမြင့်တက်လာတာကြောင့် ဘဏ္ဍာငွေရရှိဖို့အတွက် အစိုးရက အရက်သောက်သုံးမှုအပေါ် အခွန်တိုးမြှင့်လိုက်ပါတယ်။ ပြည်နယ်အသီးသီးမှာ လတ်တလော ဈေးဝယ်ယူမှု တင်းကြပ်ထားတာတွေကို ဖြေလျော့ပေးခဲ့ပြီးနောက် အရက်ယမကာရောင်းအားကောင်းလာခဲ့တာဖြစ်ပါတယ်။ မြို့တော် နယူးဒေလီမှာ အရက်ယမကာဝယ်ယူမှုအပေါ် အခွန် ၇၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံထားပါတယ်။ အိန္ဒိယမှာ မေလ ၄ ရက်နေ့က ပိတ်သိမ်းမှုတွေကို အဆင့်သုံး သတ်မှတ်ထားပြီး အရက်ယမကာဆိုင်တွေဟာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ ယခင်က အရက်ယမကာရောင်းချမှုကို ရက် ၄၀ ကြာ ပိတ်သိမ်းထားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အိန္ဒိယမှာ ရှိနေတဲ့ အရက်ယမကာ အရောင်းဆိုင်း ၇ သောင်းလောက်က တစ်ဝက်လောက်ဟာ ဆိုင်တွေပြန်ဖွင့်နေကြပြီဖြစ်ပါတယ်။

By admin