COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သော စီပွားရေးသက်ရောက်မှုများ ကုစားရေး လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆောင်ရွက်ချက်များလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် မေးမြန်းခြင်း
(၂၇) ဧပြီလ၊ ၂၀၂၀

မေး – ဟုတ်ကဲ့၊ မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုး တွေ့ရှိပြီးနောက်ပိုင်းမှာ stay home အစီအစဉ်တွေ စတင်လာခဲ့တယ်။ အဲဒီမှာ စီးပွားရေးလုပ်ငန်း တော်တော် များများကလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်သွားတယ်ပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေဖက် ကလည်း သူတို့မှာ အခက်အခဲတွေရှိတယ်ဆိုတဲ့အသံတွေ ကြားတဲ့အခါကျတော့ အစိုး ရကနေပြီးတော့ ဒီ COVID 19 ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုတွေ ကု စားရေးကော်မတီကို မတ်လ (၁၃) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တယ်ပေါ့နော်။ ဒီ လုပ် ငန်းကော်မတီမှာ ဦးအောင်နိုင်ဦးကလည်း အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတယ် ဆိုတော့ ဒီကော်မတီရဲ့ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေက ဘာတွေလဲဆိုတာ ပြည်သူတွေကို အရင်ဆုံး ရှင်းပြပေးပါရှင့်။

ဦးအောင်နိုင်ဦး – ကောင်းပါပြီခင်ဗျ။ တကယ်တော့ ကျွန်တော်တို့ ကော်မတီရဲ့ ရည် ရွယ်ချက်ပိုင်းကိုပြောမယ်ဆိုရင် အားလုံးသိပြီးသားပေါ့နော်။ COVID 19 က တစ်ကမ္ဘာ လုံးမှာ ကျန်းမာရေးအရရော၊ စီးပွားရေးအရရော သက်ရောက်မှုတွေ အကြီး အကျယ် ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည်မှာတော့ ရောဂါဖြစ် ပွားမှုက မတ်လနှောင်းပိုင်းမှာ စတင်ခဲ့တယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ သက်ရောက်မှု တွေက မတ်လဆန်းပိုင်းမှာ စဖြစ်လာတယ်ပေါ့။ အထူးသဖြင့် ဘယ်မှာစပြီး သိသိသာသာ ဖြစ် လဲဆိုတော့ CMP အထည်ချုပ်လုပ်ငန်းတွေမှာ စဖြစ်တယ်။ ဖြစ်တဲ့ဖြစ်စဉ်က ရေရှည် ဆက်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စဟာ တစ်ကမ္ဘာလုံးဖြစ်တဲ့ ကပ်ရော ဂါကြီး ဖြစ်တဲ့အတွက်ကြောင့် ဖြစ်တဲ့ဖြစ်စဉ်က ကာလကြာရှည်တယ်၊ သက် ရောက်မှု ကလည်း ပြင်းထန်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အစိုးရက အကြီးအကဲ တွေက ကျွန်တော်တို့တိုင်းပြည်အနေနဲ့ ဒါကိုတုံ့ပြန်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်ဆောင်ရွက်ထားရမယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် သက်ဆိုင်တဲ့ ဝန်ကြီး ဌာနက တာဝန်ရှိတဲ့ ဝန်ကြီးတွေပေါ့နော်။ ဗဟိုဘဏ်ဥက္ကဌ အပါအဝင် ဒုတိယ ဝန်ကြီး တွေနဲ့ ဒီလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီးတော့ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ကော်မတီ ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းပေါ့နော်။ ဒီ ကော်မတီမှာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဝန်ကြီးပေါ့လေ။ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ သူက MIC ဥက္ကဌလည်း ဖြစ်ပါတယ်။ သူက ဥက္ကဌအနေနဲ့ တာဝန်ယူပြီး ကျွန်တော်က အတွင်းရေး မှူးအနေနဲ့ တာဝန်ယူပါတယ်။ ဒါက ကျွန်တော်တို့ ဒီကော်မတီ ဖြစ်ပေါ်လာရတဲ့ အ ခြေအနေပေါ့နော်။ 

ဒီတော့ ကော်မတီက နိုင်ငံတော်သမ္မတရုံးက မတ်လ (၁၃) ရက်နေ့မှာ ဖွဲ့စည်းမိန့် ထုတ်ပြန်လိုက်တယ်။ ကော်မတီကိုပေးတဲ့ အဓိကတာဝန်တွေဆိုရင် (၆) ရပ် ရှိပါ တယ်။ ဘာလဲဆိုတော့ ဒီကော်မတီက ကာလတိုလုပ်ရမဲ့ ကော်မတီ မဟုတ်ဘူးပေါ့။ ကော်မတီဟာ နိုင်ငံတော်အပေါ်မှာ ဖြစ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေ ကု စားဖို့အတွက်ကို ချက်ချင်းလုပ်ပြီး တုံ့ပြန်ရမှာတွေကို ချက်ချင်းလုပ်ရမယ်။ နောက် တစ်ခုက အရေးပေါ်လုပ်ရမဲ့ ကိစ္စတွေကို အရေးပေါ်လုပ်ရမယ်။ နောက် ကာလတို၊ ကာလရှည်ပေါ့။ လုပ်ရမဲ့ ကိစ္စတွေကို စီမံထားပြီး လုပ်သွားဖို့ ဖွဲ့စည်းမိန့်မှာ ထည့်လိုက် တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီကော်မတီဟာ COVID-19 ကြောင့် ဖြစ်လာတဲ့ကိစ္စ သက်သက်တွေကိုပဲ တုံ့ပြန်ဖို့မဟုတ်ဘဲ COVID-19 နောက်ပိုင်းကာလမှာဖြစ်တဲ့ ပြန် လည်ထူထောင်ရေးလုပ်ငန်းတွေ၊ စီးပွားရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆက်ပြီး လုပ်ရမှာပေါ့။ ခြုံပြောရရင်တော့ ကော်မတီမှာ ကျွန်တော်တို့ လုပ်ငန်းတာဝန် (၆) ရပ် ကို နိုင်ငံတော်က တာဝန်ပေးထားတယ်။ အဲဒီထဲမှာ တာဝန် (၄) ရပ်ကတော့ ချက်ချင်း လုပ်ရမဲ့ ကိစ္စတွေပေါ့နော်။ နောက် (၂) ရပ်ကကျတော့ ရေရှည်လုပ်ရမဲ့ တာဝန်တွေ ပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ (၂၀၂၀) မတ်လဆန်းပိုင်းကစပြီးတော့ အထည်ချုပ်ကဏ္ဍတွေမှာ ကုန်ကြမ်းပစ္စည်းရဖို့ အခက်အခဲတွေ ဖြစ်လာတယ်။ အဲဒီမှာ ကျွန်တော်တို့ ဘာသွားတွေ့ရလဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ အထည်ချုပ် လုပ်ငန်းတွေ အပါအဝင် CMP လုပ်ငန်းတွေရဲ့ ကုန်ကြမ်းရရှိမှု ရာခိုင်နှုန်း ကိုးဆယ် ကျော်လောက်က တရုတ်နိုင်ငံတစ်ခုထဲကို မှီခိုနေရတာကို သွားတွေ့ရတယ်။ ဒီအ တွက် ကျွန်တော်တို့ ဖွဲ့စည်းလိုက်တဲ့ထဲမှာ ဘာထည့်ထားလဲဆိုတော့ အနာဂတ်မှာ ဒီ လိုဖြစ်စဉ်တွေ မရှိရအောင် နိုင်ငံတစ်ခုထဲက ကုန်ကြမ်းတွေကို မှီခိုလုပ်ရတာမျိုး မ ဟုတ်ဘဲနဲ့ နောက်ထပ်တခြားနိုင်ငံတွေက ကုန်ကြမ်းပစ္စည်းတွေကို မျှမျှတတ ရယူလုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံမှာ သက်ရောက်မှုဖြစ်တဲ့အခါ တခြားနိုင်ငံ တွေကနေ ခုသာခံသာဖြစ်အောင် လုပ်သွားရမယ်ပေါ့။ ဒါက ရေရှည်လုပ်သွားရမှာ။ နောက်တစ်ချက်က ကျွန်တော်တို့ ကော်မတီမှာ ဘာပါလဲဆိုတော့ အခုလက်ရှိကို ကြည့်လိုက်ရင် မြန်မာနိုင်ငံက CMP တွေကို ကြည့်လိုက်မယ်ဆိုရင် ကုန်ကြမ်းပစ္စည်းအားလုံး နိုင်ငံခြားကချည်းပဲ သွင်းရတယ်။ ကိုယ့်တိုင်းပြည်ထဲမှာချုပ်တယ်။ ချုပ်ပြီး တော့ နိုင်ငံခြားကိုပို့တယ်။ အဲဒီတော့ ကျွန်တော်တို့က ကိုယ့်တိုင်းပြည်ထဲမှာ ပစ္စည်း ထုတ်လုပ်နိုင်မှုအဆင့် တစ်ခုမှမရှိဘူး။ အားလုံးက နိုင်ငံခြားကနေ သွင်းရတာချည်းပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ အနာဂတ်မှာဆိုရင် ပြည်ပကသွင်းတဲ့ ပစ္စည်းတွေကိုချည်း မှီခိုရတာမျိုး မဟုတ်ဘဲ ကိုယ့်တိုင်းပြည်ထဲမှာတင် လိုအပ်တဲ့ပစ္စည်းတွေကို ထုတ်လုပ် နိုင်အောင်လုပ်ပါဆိုပြီးတော့ တာဝန်ပေးလိုက်တယ်ပေါ့။ ဒါတွေက ရေရှည်လုပ်ရမဲ့ ကိစ္စတွေဖြစ်တယ်။ အဲဒီတော့ အကြမ်းဖျင်းအားဖြင့်ပြောရင် လုပ်ငန်းတာဝန် (၆) ခု ရှိပါတယ်။ အဲဒီ (၆) ခု ကို တစ်ခုပြီးတစ်ခုပေါ့နော်။ တချို့ကိုလည်း တပြိုင်တည်း အကောင်အထည်ဖော် တာမျိုး ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ လုပ်နေပါတယ်။ 

မေး – ဟုတ်ကဲ့ ဆရာ။ အခု လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်တာဆိုရင် တစ် လကျော် ရှိလာပြီပေါ့နော်။ ဒီတစ်လကျော်အတွင်းမှာ ဆရာတို့ အဓိကထားပြီး လုပ် ဆောင်ခဲ့တဲ့ ဧရိယာအပိုင်းဆိုရင် ဘာဖြစ်မလဲ။ ဒီရက်ပိုင်းအတွင်းမှာ မဖြစ်မနေ ကယ် တင်ရမဲ့ အပိုင်းတွေပေါ့ ဆရာ။ 

ဦးအောင်နိုင်ဦး – အဲဒီတော့ ကျွန်တော်တို့ ကော်မတီက ဖွဲ့စည်းမိန့် ထုတ်တာက မတ် လ (၁၃) ရက်နေ့ပေါ့။ မတ်လ (၁၄) ရက်နေ့မှာပဲ ကျွန်တော်တို့ ကော်မတီ ရန်ကုန်ကို ဆင်းသွားတယ်။ ဆင်းသွားပြီးတော့ ရန်ကုန်မှာ ပထမအကြိမ် အစည်းအဝေးကို မတ် လ (၁၄) ရက်နေ့မှာ လုပ်တယ်ပေါ့။ ဘာလုပ်ကြမလဲ။ ဘာတွေဖြစ်နေသလဲ။ ဘယ်မှာ လုပ်ရင်ကောင်းမလဲ ဆိုတာတွေကို ဝိုင်းပြီးတော့ ညှိနှိုင်းဆွေးနွေးတယ်ပေါ့နော်။ ဆွေး နွေးရင်းနဲ့ ကျွန်တော်တို့က ဘာကိုစပြီးတော့ စဉ်းစားလဲဆိုရင် stimulus package ပေါ့နော်။ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်ပြီးလှုံ့ဆော်ဖို့ အစီအစဉ် လုပ်ကြရမယ်ပေါ့။ အဲဒီတော့ ဒါကကျွန်တော်တို့ရဲ့ စဉ်းစားချက် အဖြေတစ်ခု ထွက်လာတယ်ပေါ့။ အဲဒီ တော့ stimulus package လို့ ပြောလိုက်တဲ့အခါ package ပေါ့ဗျာ။ သူက စုစည်းလုပ် ရမဲ့ ကိစ္စတွေ အများကြီး ပါလာတဲ့အတွက် ကျွန်တော်တို့က အဓိကအားဖြင့် package ကို ကဏ္ဍကြီးသုံးခု ခွဲလိုက်တယ်။ ဘာတွေပါလဲဆိုတော့ financial ပိုင်းက အခွန်နဲ့ ပတ်သက်တဲ့ policy ပိုင်းဆိုင်ရာ ဘာလုပ်ပေးမလဲ။ နောက်တစ်ခုက monetary ပိုင်း ပေါ့နော်။ ငွေကြေးပိုင်းဆိုင်ရာ၊ ဘဏ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဘာလုပ်ပေးမလဲ။ နောက်တစ်ခုက စီးပွားရေးလုပ်ငန်းတွေ လက်ရှိထိခိုက်နေတာကို ကုစားဖို့အတွက် ငွေ ကြေးတွေ ဘယ်လိုထည့်ဝင်မလဲ။ သူတို့ကို ဘယ်လိုကယ်တင်မလဲပေါ့။ ဒီကဏ္ဍကြီး သုံးခုကို ကျွန်တော်တို့ စစဉ်းစားတယ်။ 

စဉ်းစားတဲ့အပိုင်းမှာ ဘာလုပ်ခဲ့လဲဆိုတော့ ပထမဆုံး စလုပ်ခဲ့တာကတော့ အခွန်ပိုင်း ကလည်း အခွန်နဲ့ပတ်သက်တဲ့ သက်သာခွင့်တွေပေါ့နော်။ အသက်ရှူချောင်သွား အောင် ဖြစ်နိုင်တဲ့ အခွန်နှုန်းကို လျှော့ချနိုင်အောင် စပြီးစဉ်းစားတယ်။ စဉ်းစားတော့ ကျွန်တော်တို့က စဉ်းစားချက်တွေ အားလုံးဆုံပြီး (၁၈) ရက်နေ့ကျတော့ နေပြည် တော်မှာ ဒုတိယအကြိမ် အစည်းအဝေး ပြန်ထိုင်တယ်။ အဲဒီအစည်းအဝေးမှာ ကျွန် တော်တို့ ဘာလုပ်လဲဆိုတော့ ကဲ ကောင်းပြီ။ အခွန်က ဘာလုပ်ကြမလဲဆိုတော့ အခွန် နှုန်းထားတွေ လျှော့ချပေးမလား၊ ဒါမှမဟုတ် တခြားနည်းလမ်းတွေ သုံးကြမလား ဆိုတော့ လက်ရှိအနေအထားအရ အခွန်နှုန်းထားလျှော့တာကို မလုပ်သေးဘဲနဲ့ ဆောင်တဲ့အခွန်တွေကို လုပ်ငန်းတွေ လုပ်သာကိုင်သာရှိသွားအောင် အခွန်ဆောင်တဲ့ ကာလကို နောက်ဆုတ်ပေးဖို့ပေါ့။ ဝင်ငွေခွန်လည်း သုံးလတစ်ကြိမ် ဆောင်နေရတာ ကို သုံးလတစ်ကြိမ် မဆောင်နဲ့တော့။ နှစ်ကုန်မှပဲဆောင်တော့။ အလားတူပဲ။ ကုန် သွယ်လုပ်ငန်းခွန်ကိုလည်း တစ်လတစ်ကြိမ် လစဉ်ဆောင်နေရတာကို တစ်လတစ် ကြိမ် မဆောင်နဲ့တော့။ နှစ်ကုန်မှပဲဆောင်တော့။ တစ်ခါ ပြည်ပပို့တဲ့ export လုပ်ငန်း ရှင်တွေက ပြည်ပပို့တဲ့အခါ ဝင်ငွေခွန် ကြိုကောက်တာရှိတယ်။ (၂%) ကောက်တယ် ပေါ့။ ဒီ (၂%) ကောက်တဲ့ ကိစ္စကိုလည်း မကောက်တော့ဘူးဆိုပြီးတော့မှ အခွန်ပိုင်း ဆိုင်ရာ ဖြေလျှော့မှုတွေကို စလုပ်ပေးလိုက်တယ်။

ဒုတိယကကျတော့ ကျွန်တော်တို့က ငွေကြေးပိုင်းဆိုင်ရာပေါ့။ ဒီကော်မတီ မဖွဲ့ခင်မှာ ဗဟိုဘဏ်က အတိုးနှုန်းကို (၀.၅%) လျှော့ချပေးလိုက်တယ်။ ဒါပေမဲ့ ကော်မတီ ဖွဲ့ ပြီးတဲ့အခါမှာ ဒီထက်ထပ်လျှော့ဖို့ ညှိနှိုင်းပြီးတော့မှ နောက်ထပ် (၁%) ထပ်ချ ပေး လိုက်တယ်ပေါ့နော်။ ဒါက ငွေကြေးပိုင်းဆိုင်ရာမှာ ဗဟိုဘဏ်က ဒီလိုလုပ်ပေး လိုက် တာရှိတယ်။ ဗဟိုဘဏ်က ခဏက ကျွန်တော်ပြောပြတဲ့ အတိုးနှုန်း လျှော့ချတာအပြင် တခြားဖြေလျှော့မှုတွေကိုလည်း သူကလုပ်ပေးလိုက်တယ်။ ဥပမာအားဖြင့် ဧပြီလ (၉) ရက်နေ့မှာဆိုရင် ပုဂ္ဂလိကဘဏ်တွေက မြန်မာကျပ်ငွေနဲ့ထားရမဲ့ အနည်းဆုံး သီးသန့် ငွေ လိုအပ်ချက်ကို မူလက (၅%) ကနေ (၃.၅%) အထိ လျှော့ပေးလိုက်တာမျိုးပေါ့။ သူ ကလည်း ငွေကြေးပိုင်းအရ သူလုပ်ပေးလို့ရတဲ့ ကိစ္စတွေ လုပ်ပေးလိုက်တယ်ပေါ့နော်။ မကြာသေးခင် (၂၂) ရက်နေ့ကလည်း သူကအမိန့်တစ်စောင် ထပ်ထုတ်တယ်။ ပြည် တွင်းမှာရှိတဲ့ဘဏ်တွေ လိုက်နာရမဲ့ ဗဟိုဘဏ် ထုတ်ပြန်ထားတဲ့ ကိစ္စတွေကို မူလ ကတော့ (၂၀၂၀)၊ (၈) လပိုင်းပေါ့နော်။ ဩဂုတ်လ နောက်ဆုံးထားပြီးတော့ စီစဉ် ဆောင်ရွက်ရမယ်ဆိုတဲ့ကိစ္စကို နောက်ထပ် (၃) နှစ် ဆုတ်ပေးတယ်။ ဒါမျိုးလေးတွေ ပေါ့နော်။ ငွေကြေးပိုင်းဆိုင်ရာ ကိစ္စတွေကို လုပ်ပေးလိုက်တယ်။

အဓိကကျတာကတော့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲပေါ်တဲ့အပိုင်းမှာ ကျွန်တော် တို့ ပြန်ဆန်းစစ်တဲ့အခါကျတော့ နှစ်မျိုးတွေ့ရတယ်။ တစ်မျိုးက ဘာလဲဆိုတော့ တ ချို့စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေကို လစာပေးဖို့ အခက်အခဲတွေ ပေါ်နေ တယ်ပေါ့။ တချို့စက်ရုံအလုပ်ရုံတွေကျတော့ လုပ်ငန်းလည်ပတ်ဖို့အတွက် သူတို့မှာ ငွေကြေးလည်ဖို့ မရှိတော့ဘူး။ ခက်သွားတယ်။ Capital အပိုင်းနဲ့ ပတ်သက်လို့ပေါ့။ လုပ်တဲ့အပိုင်းကျတော့ ကျွန်တော်တို့က ငွေဘယ်ကရှာမလဲလို့ စဉ်းစားလိုက်တဲ့အခါ လူမှုဖူလုံရေး ရန်ပုံငွေမှာ ရှိထားတဲ့ လက်ဝယ်စုဆောင်းထားတဲ့ငွေတွေရှိတယ်။ အဲဒါ ကို SME ဌာနက ဘီလီယံ (၅၀) မတည်ပေးမယ်။ သန်း (၅၀၀၀၀) ပေါ့နော်။ ဘဏ္ဍာ ရေးဝန်ကြီးဌာနက သူကလည်း ဘီလီယံ (၅၀) ထည့်ပေးမယ်။ ဆိုတော့ ကျွန်တော်တို့ က ဘီလီယံ (၁၀၀) နဲ့ပေါ့။ ကျပ် ဘီလီယံ (၁၀၀) နဲ့ မတည်မှုလုပ်တယ်။ လုပ်သား တွေကို လစာပေးဖို့ တကယ့်ကို အခက်အခဲဖြစ်နေတဲ့ စက်ရုံတွေကို အတိုးနှုန်း သက် သက်သာသာနဲ့ ချေးငွေထုတ်ချေးပေးတယ်။ အတိုးနှုန်းက တစ်နှစ်မှ (၁%)။ ဒါက လည်း မဆိုစလောက်ပေါ့နော်။ ဘဏ်ရဲ့ဝန်ဆောင်စရိတ်တွေ ကာမိရုံလောက်ပဲ လုပ် ပေးတယ်။ ချေးငွေကာလကိုလည်း တစ်နှစ်လုပ်ထားပေးတယ်။ ဒီ ဘီလီယံ (၁၀၀) မတည်ပြီးတော့ပေါ့လေ။ အဓိကကတော့ အလုပ်သမားတွေကို လစာပေးဖို့ခက်နေတဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေ၊ လုပ်ငန်းတွေရယ်၊ ဆက်ပြီးအလုပ်လုပ်ဖို့ ငွေကြေးအရင်း အနှီးကြပ်သွားတဲ့ လုပ်ငန်းတွေ ပြန်ပြီးဆက်လုပ်လို့ရအောင်အတွက်ရယ် ကျွန်တော် တို့က ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ အဓိကလုပ်တဲ့ လုပ်ငန်းကြီး သုံးရပ်ပေါ့။ ဒီလုပ်ငန်းကြီးသုံးရပ်ကို ကျွန်တော်တို့ ကော်မတီက ဘာစဉ်း စားပြီး ထပ်လုပ်ပေးလဲဆိုတော့ ဝန်ကြီးဌာနတွေကို စီးပွားရေးလုပ်ငန်းတွေပေါ်ကနေ ကောက်ခံနေတဲ့ လိုင်စင်ကြေးတွေ၊ ပါမစ်ကြေးတွေ၊ ဝန်ဆောင်ခတွေကို လျှော့ပေး ပါလို့ ကျွန်တော်တို့က မေတ္တာရပ်ခံတယ်ပေါ့နော်။ ဥပမာအားဖြင့် MIC ဆိုရင် သူ့ရဲ့ဝန် ဆောင်ခတွေကို တစ်ဝက်လျှော့ချလိုက်တယ်။ အရင်က တစ်ရာကောက်ရင် ငါးဆယ်ပဲ ကောက်မယ်။ ဟိုတယ်ဝန်ကြီးဌာနဆိုရင်လည်း သူ့ရဲ့ဟိုတယ်အပေါ် လိုင်စင်ကြေး တွေ ကင်းလွတ်ခွင့်ပေးလိုက်တယ်။ စသဖြင့်ပေါ့။ ဒါမျိုးတွေကိုလည်း ကျွန်တော်တို့ ကော်မတီရဲ့ အစီအမံနဲ့ ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။

မေး – ဟုတ်ကဲ့ပါ ဆရာ။ တခြားနိုင်ငံတွေမှာဆိုရင်လည်း ဒီလိုမျိုး စီးပွားရေး ခက်ခဲနေတဲ့အတွက် အစိုးရပိုင်းကနေ ဝင်ပြီးတော့ ကူထိန်းတာတွေ လုပ်နေကြတယ် ပေါ့။ အမေရိကန်မှာဆိုလည်း 2 trillion ထောက်ပံ့တယ်။ ဒါကမလုံလောက်နိုင်တဲ့ အ တွက် SME လုပ်ငန်းတွေပါ ထောက်ပံ့ဖို့အတွက်ဆိုပြီး ဘဏ္ဍာငွေထဲကနေ ဘယ် လောက်ထွက်လာမယ်ဆိုတာကို တွက်ချက်နေတယ်ပေါ့။ နောက် ဂျပန်ဆိုလည်း နိုင်ငံ သားတိုင်းရော၊ သူတို့နိုင်ငံမှာ (၃) လ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေရော တစ် ယောက်ကို ယန်း တစ်သိန်း ထောက်ပံ့ပေးဖို့ စလုပ်နေပြီပေါ့နော်။ အခု မြန်မာနိုင်ငံမှာ ဆိုလည်း ကျပ်ငွေ ဘီလီယံ (၁၀၀) ကို ကနဦး မတည်ထားတယ်။ ဒါပေမဲ့ ဒီ မတည်ငွေ ဟာဆိုရင် တစ်နိုင်ငံလုံးရဲ့ စီးပွားရေး အဝန်းအဝိုင်းနဲ့ကြည့်မယ်ဆိုရင် မလုံလောက်ဘူး လို့ သုံးသပ်လို့ရနိုင်မယ်ပေါ့နော် ဆရာ။ ဆိုတော့ ဒီကနဦး မတည်ငွေကို တိုးမြှင့်ပေးဖို့ အစီအစဉ်ရော ရှိမလား။ နောက်တစ်ခုက အခု ဆရာတို့ မတည်ငွေတွေက မြန်မာ့စီး ပွားရေးကို ဘယ်လောက်အထိ ဘယ်လောက်ရာခိုင်နှုန်းလောက်အထိ အထောက်အပံ့ ဖြစ်မယ်လို့ ရည်ရွယ်ထားလဲ ဆရာ။

ဦးအောင်နိုင်ဦး – မတည်ငွေရဲ့ ပမာဏနဲ့ စပြောရရင် ခဏနေကပြောတဲ့ ချေးငွေထုတ် ချေးမဲ့ အစီအစဉ်ကို မတ်လ (၁၉) ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန် ကြေညာပေးတယ်။ မြန်မာ့ရုပ်မြင်သံကြားကနေလည်း ထုတ်ပြန်ကြေညာပေးတယ် ပေါ့။ အဲဒီကြေညာချက်ထဲမှာ ဘာပါလဲဆိုတော့ နိုင်ငံတော်က ကနဦးအဖြစ် ဘီလီယံ (၁၀၀) ကို မတည်ပါတယ်ဆိုပြီး ဖော်ပြထားတယ်။ ကနဦးအဖြစ်လို့ ဖော်ပြထားတာ ဖြစ်တဲ့အတွက် လိုအပ်သလို ဆက်ပြီးတော့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမဲ့ အနေအ ထားရှိပါတယ်။ ဒါက ကျွန်တော်တို့ အကြမ်းဖျင်း တင်ပြတာပေါ့နော်။ နောက်တစ်ပိုင်း က ပမာဏနည်းတယ်ဆိုပြီး တချို့က ကျွန်တော်တို့ကို ထောက်ပြကြတာရှိတယ်။ တ ကယ်သုံးသပ်ကြည့်မယ်ဆိုရင်လည်း ပမာဏ တကယ်နည်းတာတော့ မှန်ပါတယ်ပေါ့ နော်။ နည်းတယ်ဆိုပေမဲ့လည်း ကနဦးအစဆိုတော့ ဆက်တိုးသွားဖို့ ရှိပါတယ်။ ကျပ်ငွေ ဘီလီယံ (၁၀၀) ဆိုတာက တကယ်တမ်း အမေရိကန်ဒေါ်လာနဲ့ တွက်ကြည့် လိုက်ရင် လက်ရှိကာလပေါက်ဈေးနဲ့ဆို သန်း (၇၀) ကျော်လောက် ရှိမှာပေါ့နော်။ (၇၂) သန်းလောက်ပဲ ရှိတာပေါ့။ တစ်နည်းအားဖြင့် ကျွန်တော်တို့ GDP နဲ့ ပြန်အချိုးချရင် GDP ရဲ့ (၀.၁%) လောက်ပဲ ရှိနေသေးတယ်။ ဒါက ပမာဏနည်းတယ်။ ဒေသထဲမှာ ပြန်ကြည့်လိုက်ရင် တချို့က (၃%) (၅%) လောက် သုံးကြတယ်။ တချို့လည်း (၇%) လောက်အထိ သုံးကြတယ်။ ဆိုတော့ GDP နဲ့ ထုတ်ပေးတဲ့ ပမာဏ အချိုးအစား နှိုင်း ယှဉ်ရင်တော့ နည်းပါသေးတယ်။ ဒါပေမဲ့လည်း ဖြစ်ပေါ်လာတဲ့ အနေအထားပေါ် မူ တည်ပြီးတော့မှ နိုင်ငံတော် အစိုးရကလည်း အစီအမံတွေလုပ်တာ ရှိပါတယ်။ အခု စီမံ၊ ဘဏ္ဍာ၊ စက်မှု ဝန်ကြီးဌာနက ဝန်ကြီးဌာန တွေရဲ့ budget တွေကို (၁၀%) ပြန်လျှော့ ချပြီးတော့ နိုင်ငံတော်က အခြားလိုအပ်တဲ့ အပိုင်းတွေမှာသုံးဖို့ စီမံဆောင်ရွက်နေတဲ့ ကိစ္စတွေလည်းရှိတယ်။ ဆိုတော့ ကျွန်တော်တို့မြင်တာတော့ အခု ဒီပမာဏဟာ တစ် ခါတည်း ပြီးသွားမှာ မဟုတ်ပါဘူး။ နိုင်ငံတော်အပိုင်းက လုပ်စရာရှိတဲ့ ကိစ္စတွေကို တိုင်းပြည်အပေါ် သက်ရောက်လာတဲ့ အနေအထားပေါ် မူတည်ပြီးတော့ ဆက်ပြီး တော့ လိုအပ်သလို တုံ့ပြန်သွားမှာပါ။ ငွေကြေး injection လုပ်ပေးတဲ့ အစီအစဉ်ကို အားလုံးသိပြီးဖြစ်သလို နိုင်ငံတော် အစိုးရပိုင်းက နွမ်းပါးတဲ့ ပြည်သူလူထု၊ ဝင်ငွေပုံမှန် မရတဲ့ ပြည်သူလူထုအတွက် လိုအပ်တဲ့ စားသောက်ကုန်တွေကို ဖြန့်ဖြူးပေးလိုက်တာ လည်း ရှိပါတယ်။ ဒီလို အခြားနည်းလမ်းနဲ့ ထောက်ပံ့ပေးတာမျိုးလည်း ရှိပါတယ်။ ဘာ ပဲပြောပြော နိုင်ငံတော်အနေနဲ့ကလည်း ရပ်မနေပါဘူး။

မေး – ဟုတ်ကဲ့ပါရှင့်။ အခု အစိုးရက မတည်တဲ့ ချေးငွေ ဘီလီယံ (၁၀၀) မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း သတင်းထုတ်ပြန်ချက်တွေအရဆိုရင် သင်္ကြန်မတိုင်ခင်မှာ ဒီချေးငွေတွေ အပြီးထုတ်ပေးနိုင်အောင် စီစဉ်နေတယ်လို့ ဖတ်ရပါတယ်။ အခုရော ဒီချေးငွေတွေကို အကုန်ထုတ်ပေးပြီးပြီလား။ ဒါမှမဟုတ်လည်း ဘယ်လောက် ရာခိုင် နှုန်းအထိ ဆရာတို့ ထုတ်ပေးပြီးပြီလဲပေါ့။ နောက်တစ်ခုကကျတော့ ဒီချေးငွေတွေကို လုပ်ငန်းတစ်ခုက လျှောက်မယ်ဆိုရင် အမြင့်ဆုံး ပမာဏ ဘယ်လောက်အထိ ရရှိပါ သ လဲရှင့်။

ဦးအောင်နိုင်ဦး – နောက်ဆုံးမေးခွန်းကို စဖြေရရင်တော့ ကျွန်တော်တို့က အမြင့်ဆုံး ပမာဏ သတ်မှတ်ချက် မရှိပါဘူး။ လုပ်ငန်းရဲ့ အနေအထား၊ ခန့်ထားတဲ့ လုပ်သားအင် အား၊ လုပ်ငန်းရဲ့ အတိုင်းအတာ ပမာဏ၊ ဘယ်လောက်ကြီးလဲ၊ ဘယ်လောက်သေးလဲ ပေါ့။ လုပ်ငန်းရဲ့ အရွယ်အစားရယ်၊ လုပ်သားပမာဏရယ်၊ သူလိုအပ်တဲ့ ငွေပမာဏက ဘယ်လောက်လဲဆိုတာရယ်ကို ကျွန်တော်တို့က စိစစ်ပါတယ်။ လုပ်ငန်းဆက်ပြီး လည်ပတ်နိုင်အောင်ပေါ့နော်။ ရာခိုင်နှုန်းအားလုံးတော့ လုံလောက်ပြည့်စုံနိုင်မှာ မ ဟုတ်ဘူး။ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်မဲ့ ပမာဏကို ကျွန်တော်တို့ က စိစစ်ပေးတယ်။ ဆိုတော့ သာမန်အားဖြင့် ငွေကြေးပမာဏ အမြင့်ဆုံး ဘယ် လောက်ပေးရမယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ များအသောအားဖြင့် ရရှိပြီးတဲ့ လျှောက် လွှာတွေကို ဆန်းစစ်တဲ့အခါမှာ အများစုက သန်း (၁၀၀) အောက် များပါတယ်။ သန်း (၁၀၀) အထက်က တော်တော်လေး နည်းပါတယ်။ သန်း (၁၀၀) အောက် လျှောက် ထားတဲ့ လုပ်ငန်းတွေရဲ့ လုပ်ငန်းအနေအထားနဲ့ သဘာဝကိုကြည့်ပြီး လိုအပ်တဲ့ ငွေ ကြေးပမာဏကို စိစစ်ပြီး ပေးနေပါတယ်။ ဆိုတော့ လျှောက်သလောက်တော့ ပေးတာ မဟုတ်ဘူး။ စိစစ်ပြီး သင့်တော်သလောက် ပေးနေပါတယ်။ ယနေ့အထိဆိုရင် လျှောက်လွှာက (၃၈၀၀) ကျော်လောက် ရှိပါတယ်။ လျှောက်လွှာပိတ်တာက သင်္ကြန် မတိုင်ခင် ဧပြီလ (၉) ရက်နေ့က လျှောက်လွှာတွေ ပိတ်လိုက်တယ်ပေါ့။ လျှောက်လွှာ တွေ စလက်ခံရကတည်းကိုက ကျွန်တော်တို့က စိစစ်မှုတွေ စလုပ်နေတယ်။ သင်္ကြန် ရုံးပိတ်ရက် မတိုင်ခင် ဧပြီလ (၉) ရက်နေ့က လျှောက်လွှာပိတ်လိုက်တာဖြစ်တယ်။ ဒါ ပေမဲ့ ကနဦး အစောပိုင်းကတည်းက စတင်လျှောက်ထားတဲ့ လျှောက်ထားသူတွေကို ဧပြီလ (၉) ရက်နေ့မှာ ပထမအသုတ်အဖြစ် စပေးတယ်။ လုပ်ငန်းပေါင်း (၈၈) ခုကို ထုတ်ပေးလိုက်တယ်။ အဲဒီ (၈၈) ခုကို ထုတ်ပေးလိုက်တဲ့ ချေးငွေပမာဏကတော့ ကျပ် သန်း (၅၈၀၀) ကျော်လောက်ပေါ့နော်။ ဒီနေ့ဆိုရင် ဒုတိယအသုတ် ထပ်ထုတ် ပေးပါတယ်။ ဒုတိယအသုတ်က လုပ်ငန်းပေါင်း (၁၁၃) ခု၊ ကျပ်သန်းပေါင်း (၄၈၀၀) ကျော် ထုတ်ပေးတယ်။ ဆိုတော့ ပထမအသုတ်နဲ့ ဒုတိယအသုတ် ပေါင်းလိုက်ရင် ကျပ် ငွေ (၁၀) ဘီလီယံကျော်၊ ကျပ်သန်းပေါင်း တစ်သောင်းကျော် ထုတ်ပေးထားပြီးဖြစ် ပါတယ်။ လုပ်ငန်းကတော့ (၂၀၀) ကျော်လောက် ထုတ်ပေးထားတယ်။ အဲဒီတော့ ဘယ်လောက်ရာခိုင်နှုန်း ထုတ်ပေးပြီးပြီလဲမေးရင် လျှောက်တာက လျှောက်လွှာ (၃၈၀၀) လောက်ရှိတယ်။ ထုတ်ပေးပြီးတာက (၂၀၁) စောင်ဆိုတော့ လျှောက်လွှာ အားလုံးရဲ့ (၆%) လောက် ထုတ်ပေးပြီးပြီပေါ့။ ကျန်တာတွေ ဆက်ပြီးစစ်နေတယ်။ စစ် တာတွေကိုလည်း မြန်မြန်လေး ပေးနိုင်အောင်တော့ လျှောက်လွှာစိစစ်တဲ့ အဖွဲ့တွေကို တိုးမြှင့်ပြီးတော့ ချထားပေးတယ်။ UMFCCI မှာ နေ့စဉ် စစ်ပေးကြတယ်။ ပေးသင့်တဲ့ လုပ်ငန်းတွေကို မြန်မြန်သွက်သွက် ပေးနိုင်အောင် ဆက်ပြီးလုပ်နေပါတယ်။

မေး – ဟုတ်ကဲ့။ နောက်တစ်ခုကကျတော့ ခရီးသွားလုပ်ငန်းကဏ္ဍမှာပေါ့ ဆရာ။ ကျွန်မတို့ မေးမြန်းကြည့်တဲ့အခါ လုပ်ငန်းရှင် တော်တော်များများက သူတို့ရဲ့ ဝင်ငွေက လုံးဝ zero ဖြစ်သွားတယ်။ ဒါပေမဲ့ သူတို့မှာ ထိန်းသိမ်းထားရမဲ့ ဝန်ထမ်းအင် အားတွေရှိတယ်။ ဝင်ငွေမရှိလို့ဆိုပြီး ဒီဝန်ထမ်းတွေကိုလည်း ထုတ်လို့မရဘူး။ အဲဒီ အ ခါကျတော့ ဒီဝန်ထမ်းတွေကိုပေးရမဲ့ လစာတွေကို အစိုးရက တစ်နည်းအားဖြင့် ကူညီ ပံ့ပိုးစေချင်တယ်လို့ ပြောဆိုကြတာတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဟိုတယ်၊ ခရီး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေ အား လုံးပေါင်းအပြင် သူတို့ရဲ့ ဆက်စပ်မိသားစုတွေကိုပေါင်းလိုက်ရင် လူဦးရေ နှစ်သန်း လောက်အထိကို ထိခိုက်ဖို့ရှိတယ်လို့ ထုတ်ပြန်ထားတယ် ဆရာ။ ဒီလိုဟာတွေ အ တွက်ရော ဆရာတို့ လုပ်ငန်းကော်မတီမှာ ဆွေးနွေးတာမျိုးရှိလား ဆရာ။

ဦးအောင်နိုင်ဦး – တကယ်တော့ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍက တိုင်းပြည်ရဲ့ စီးပွားရေး အတွက် အရေးကြီးတဲ့ ကဏ္ဍဖြစ်တယ်။ ဒါကြောင့်မို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် တဲ့အမိန့်မှာကိုက ကုန်သွယ်မှုနဲ့ ခရီးသွားလုပ်ငန်းတွေကို ကုစားဖို့ဆိုပြီးတော့မှ ထည့် ပြီးထုတ်ပြန်ပေးထားတာရှိတယ်။ နောက် ကျွန်တော်တို့ရဲ့ ကော်မတီထဲမှာ ဟိုတယ်နဲ့ ခရီးသွား ဒုဝန်ကြီးကိုယ်တိုင် ကော်မတီဝင်အဖြစ် ပါဝင်တယ်။ ချေးငွေတွေ ထုတ်ပေးဖို့ ဦးစားပေးကဏ္ဍတွေ သတ်မှတ်တဲ့အပိုင်းမှာလည်း ဟိုတယ်နဲ့ ခရီးသွားက ကဏ္ဍတစ်ခု အနေနဲ့ ပါဝင်တယ်ပေါ့နော်။

ချေးငွေထုတ်ပေးတဲ့အပိုင်းမှာ လတ်တလော ကဏ္ဍကြီး သုံးခုကိုကြည့်တယ်။ နံပါတ် တစ်ကတော့ CMP ပေါ့နော်။ အထည်ချုပ်ရော၊ အထည်ချုပ်မဟုတ်တဲ့ CMP ရော အ ကုန်အကြုံးဝင်တယ်။ ဒုတိယကတော့ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍ။ တတိယက အသေး စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဒီကဏ္ဍသုံးခုကို ဦးစားပေးအနေနဲ့ ထည့်ထား တာဖြစ်တဲ့အတွက်ကြောင့် ဟိုတယ်နဲ့ ခရီးသွားက ကျွန်တော်တို့ ဦးစားပေး စဉ်းစားတဲ့ ကဏ္ဍထဲမှာ ပါဝင်ပါတယ်။ လုပ်သားတွေ၊ ဟိုတယ်ဝန်ထမ်းတွေ လစာပေးဖို့ဆိုတဲ့ အ ပိုင်းကတော့ ခဏက ရှင်းပြခဲ့သလို မတည်လိုက်တဲ့ ချေးငွေ ကျပ် ဘီလီယံ (၁၀၀) ရဲ့ ရည်ရွယ်ချက်ကိုက လစာပေးနိုင်အောင်၊ လုပ်ငန်းလည်ပတ်ဖို့ ရန်ပုံငွေ ပြတ်သွားတာ တွေကို ဆက်လက်လည်ပတ်နိုင်အောင် ပေးတာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်က ထုတ်ပေးတဲ့ ချေးငွေထဲမှာ ဝန်ထမ်းတွေကို လစာထုတ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်က ပါပြီးသားဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့လည်း ဟိုတယ်ဝန်ထမ်းတွေအားလုံးကို နိုင်ငံ တော်က ချေးငွေမဟုတ်ဘဲ အခမဲ့ ထုတ်ပေးဖို့ကျတော့ ဟိုတယ်ကဏ္ဍတစ်ခုထဲ ကြည့် လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံးမှာ တခြားကဏ္ဍတွေအားလုံးလည်း ထိခိုက်နေကြတာပဲ။ ဆိုတော့ နိုင်ငံတော်က လုပ်ပေးနိုင်တဲ့ ငွေကြေးစွမ်းအားကလည်း အကန့်အသတ်ရှိတယ်။ ကျွန်တော်တို့က ပေးထားတဲ့၊ ကိုယ့်မှာရှိနေတဲ့ အခြေအနေထဲ ကနေပြီးတော့မှ လုပ်ကိုင်နိုင်တာအားလုံးကို လုပ်ပေးနေတာပေါ့။ 

အဲဒီတော့ ကျွန်တော်တို့လုပ်တဲ့အပိုင်းမှာ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍဆိုရင် ခဏက ကျွန်တော်ရှင်းပြတဲ့အထဲမှာလည်း ပါပါတယ်။ အခွန်ပိုင်းဆိုင်ရာ သက်သာခွင့်တွေ အ ပြင် ဟိုတယ်ဝန်ကြီးဌာနကလည်း သူ့ရဲ့အစီအစဉ်နဲ့ ဟိုတယ်၊ ခရီးသွားလုပ်ငန်း တွေ အတွက် တစ်နှစ်တာ လိုင်စင်ကြေး ကင်းလွတ်ခွင့် ပေးလိုက်တယ်။ နှစ်စဉ် လိုင်စင် ကြေး ဆောင်နေရတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ အင်းတွေက ဒီနှစ်မှာ လိုင်စင် ကြေး ပေးစရာ မလိုတော့ဘူး။ ဒါဟာ ဝန်ကြီးဌာနက သူ့အစီအစဉ်နဲ့သူ လုပ်လို့ရတဲ့ ကိစ္စကို တာဝန်ယူပြီးတော့ လုပ်ပေးလိုက်တယ်။ မကြာသေးခင် ရက်ပိုင်းကလည်း ကြေညာချက်တစ်ခု ထပ်ထွက်ပါတယ်။ ဘာလဲဆိုတော့ ဟိုတယ်၊ ခရီး ဝန်ကြီးဌာနက ပိုင်တဲ့ ဟိုတယ်တွေကို ငှားရမ်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေက နိုင်ငံတော်ကို ပေးသွင်း ရမဲ့ဟာကို ဆိုင်းငံ့ပေးလိုက်တယ်ပေါ့။ ဆိုတော့ နိုင်ငံတော်အပိုင်းကတော့ လုပ်ပေးနိုင် တာတွေကို တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ပေးနေပါတယ်။ ခရီးသွားကဏ္ဍ ကို အရေးကြီးကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ပြီး လုပ်ပေးနေပါတယ်။ 

မေး – ဟုတ်ကဲ့ ဆရာ။ နောက်တစ်ခု မေးချင်တာကကျတော့ အခု COVID-19 က မထင်မှတ်ဘဲနဲ့ ဖြစ်လာတယ်ပေါ့နော်။ ဆိုတော့ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူ တွေ၊ လုပ်ငန်းစဉ်တွေ၊ ဆရာတို့ ခွင့်ပြုမိန့်ရဖို့လုပ်နေတဲ့ process တွေက ရပ်သွားမ လား၊ ဆက်ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေရှိတယ် ဆရာ။ အဲဒါတွေအတွက်ရော ဆရာ တို့ ပုံမှန် ရုံးလုပ်ထုံးလုပ်နည်း ဘယ်လိုသွားနေလဲဆိုတာ ရှင်းပြပေးပါဦးရှင့်။

ဦးအောင်နိုင်ဦး – ကျွန်တော်တို့ MIC ကလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ထုတ်ပေးတာ တွေ၊ ပုံမှန်ခွင့်ပြုမိန့်ရပြီး လုပ်ရမဲ့လုပ်ငန်းတွေအားလုံး မရပ်ပါဘူး။ ဆက်တိုက်သွား နေတယ်။ ရုံးကလည်း ပုံမှန်ရုံးဖွင့်ရက်ကဲ့သို့ပဲ ကျွန်တော်တို့က ဖွင့်ပေးတယ်။ အခု MIC က ဘာထပ်လုပ်နေလဲဆိုတော့ MIC လျှောက်ချင်သူတွေ ရုံးမလာဘဲ online ကနေ လျှောက်လို့ရအောင် လိုအပ်တဲ့ software တွေ လုံလုံလောက်လောက် လုပ်နေတယ်။ မကြာခင်ပြီးသွားရင် ဒီကာလမှာ ရုံးကိုလာစရာ မလိုဘဲနဲ့ ကိုယ့်အိမ်ကနေပဲ MIC လျှောက်လို့ရအောင် ပြင်ဆင်တဲ့အပိုင်းတွေ လုပ်နေတယ်။ တချို့ MIC permit ရပြီးတဲ့ လုပ်ငန်းတွေက ပစ္စည်းသွင်းချင်လို့ MIC ကို လာလျှောက်ရတဲ့ ကိစ္စလေးတွေ၊ နိုင်ငံခြား သားတွေဆိုလည်း ဗီဇာသက်တမ်းတိုးချင်တာတွေ၊ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက် တာတွေ ဒါတွေအားလုံးကို online ကနေ လုပ်လို့ရအောင် ရာခိုင်နှုန်း (၈၀) (၉၀) လောက် ပြီးနေပြီ။ မကြာခင် ရက်ပိုင်းအတွင်းမှာ ပြီးသွားလိမ့်မယ်။ ဒီတော့ MIC က သူ့ လုပ်ငန်းတွေ ရပ်မသွားဘဲ ဆက်ပြီးတော့ လည်ပတ်နိုင်အောင် နည်းပညာသုံးပြီး လို အပ်တဲ့ကိစ္စတွေ လုပ်နေတယ်။ ဝန်ထမ်းတွေလည်း အစွမ်းကုန် ရုံးတက်ပြီး နေ့စဉ် လုပ် ရမဲ့ ကိစ္စတွေကို လုပ်ပေးနေတယ်။ နောက်တစ်ခုက MIC မှာ တင်ထားပြီးသား ခွင့်ပြု မိန့်တွေကို ခွင့်ပြုမိန့် ထုတ်ပေးနိုင် အောင် MIC က ရန်ကုန်မှာရှိတော့ ရန်ကုန်က အဖွဲ့ ဝင်တွေနဲ့ နေပြည်တော်မှာရှိတဲ့ အဖွဲ့ဝင်တွေက video conferencing နဲ့ လုပ်ပြီးတော့ ခွင့်ပြုမိန့် ထုတ်ပေးနိုင်အောင် MIC က ပြင်ဆင်နေတယ်။ ဒါကြောင့် COVID-19 ဖြစ် နေသော်ညားလည်း MIC ရဲ့ လုပ်ငန်းတွေ ရပ်မသွားဘူး။ ခွင့်ပြုမိန့်ထုတ်ပေးတဲ့ လုပ် ငန်းတွေလည်း နှေးမသွားပါဘူး။ ပုံမှန်အတိုင်း သွားနေတယ်ဆိုတာ ရှင်းပြလိုပါတယ်။ 

မေး – ဟုတ်ကဲ့ပါရှင့်။ ဒီတစ်ပတ်အတွက် နောက်ဆုံးမေးခွန်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ UMFCCI က အတွင်းရေးမှူးတွေ၊ အလုပ်သမားဌာနက အမြဲတမ်းအတွင်းဝန်တွေနဲ့ ဆွေးနွေးချက်ထဲမှာလည်းပါတယ်။ စက်ရုံအလုပ်ရုံတွေကို အခုလတ်တလောကတော့ မေလ (၁၅) ရက်နေ့အထိ ပိတ်ထား မယ်။ ဒါပေမဲ့ မဖြစ်မနေ လည်ပတ်ဖို့လိုတဲ့ စက်ရုံတွေရှိတယ်။ ဒီစက်ရုံတွေကိုတော့ စစ်ဆေးပြီး စစ်ဆေးချက်နဲ့အညီ ပြန်လည်လည်ပတ်ခွင့်ပြုမယ်လို့ ပြောသွား တယ် ပေါ့။ ဆိုတော့ ဒီစက်ရုံတွေ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်အောင် ဘယ်လိုအန္တရာယ် ကင်းကင်းနဲ့ လည်ပတ်နိုင်မလဲ။ စီးပွားရေး အမြန်ဆုံး ထူထောင်လာနိုင်အောင် ဘယ် လိုလုပ်မလဲဆိုတာကိုရော ဆရာတို့ လုပ်ငန်းကော်မတီက ဘယ်လိုမျိုး ဆွေးနွေးချက် တွေ ရှိသလဲ။

ဦးအောင်နိုင်ဦး – လုပ်ငန်းကော်မတီအပိုင်းကတော့ စက်ရုံတွေ လည်ပတ်ရေးနဲ့ပတ် သက်ပြီး တိုက်ရိုက်ပါဝင် ဆောင်ရွက်မှုတော့ မရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့က လိုအပ်တာတွေကို ဝိုင်းပြီးကူညီပေးတယ်ပေါ့နော်။ MIC ဖက်ကလည်း လိုအပ်တာတွေ ဝိုင်းကူပေးတယ်။ ကော်မတီဖက်ကလည်း ကိုယ်နဲ့ဆက်စပ်တဲ့ ကိစ္စတွေ ရှိလာရင် မြန် မြန်သွက်သွက်ဖြစ်အောင် လုပ်ပေးပါတယ်။ စက်ရုံတွေ ဖွင့်ခြင်း၊ ပိတ်ခြင်း အပေါ်မှာ တော့ ကျွန်တော်တို့က တိုက်ရိုက်ပါဝင် သက်ရောက်ခြင်း မရှိပါဘူး။ ဒါကတော့ သက် ဆိုင်ရာ ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လုပ်ကိုင်ရတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ 

သို့သော်လည်းပဲ ကျွန်တော်သိသလောက်ကတော့ တချို့စက်ရုံတွေ ပြန်ပြီးလည်ပတ်ဖို့ မနေ့က ခွင့်ပြုပေးလိုက်တာတွေ ရှိပါတယ်။ အဲဒီတော့ စစ်တဲ့ဆေးတဲ့ လုပ်ငန်းအဖွဲ့က လည်း စစ်ဆေးတာတွေကို မြန်မြန်ပြီးပြတ်အောင်ပေါ့နော်။ တကယ်တော့ စစ်တဲ့ဆေး တဲ့ ကိစ္စဆိုတာကလည်း အားလုံးအကျိုးအတွက်ပါ။ အဓိကအားဖြင့် စက်ရုံက အလုပ် သမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းမှုအတွက်ကို ဦးစားပေးပြီး တော့ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် စစ်တာဆေးတာတွေကို အတတ်နိုင်ဆုံး လုပ် ပေးနေပါတယ်။ ကျွန်တော်တို့သိသလောက်ဆိုရင် တချို့စက်ရုံတွေကို မနေ့ကစပြီး ဖွင့်ခွင့်ပေးလိုက်ပြီ။ စစ်တဲ့ဆေးတဲ့ အဖွဲ့ကလည်း ဒီထက်အဖွဲ့များများနဲ့စစ်ပြီးတော့ လုပ်ပေးပါလိမ့်မယ်။ 

မေး- ဟုတ်ကဲ့ ဆရာ။ နောက်ဆုံးမေးခွန်းဆိုပေမဲ့ ထပ်မေးချင်တာလေး တစ်ခု က COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးသက်ရောက်မှုများ ကုစားရေး ကော် မတီအနေနဲ့ ရေတို၊ ရေရှည် အစီအစဉ်တွေရှိတယ်လို့ ပြောခဲ့တယ်ပေါ့နော်။ ဆရာတို့ ရေရှည်အစီအစဉ်ဆိုတာ ဘယ်လောက်ကာလအထိသွားမယ်လို့ ဆရာတို့မှန်းထားလဲ။ 

ဦးအောင်နိုင်ဦး – ရေရှည်အစီအစဉ်က ကျွန်တော်တို့ နည်းနည်းလေး အချိန်ယူရမဲ့ သ ဘောရှိတယ်။ ဘာကြောင့်လဲဆိုတော့ economic recovery ရဖို့ အခု တစ်ကမ္ဘာလုံး ဖြစ်သွားတဲ့ ကိစ္စမှာ recovery ပြန်ရအောင် အနည်းဆုံး (၂) နှစ်လောက် အချိန်ယူရ မယ်လို့ တချို့နိုင်ငံက ပညာရှင်တွေက သုံးသပ်ကြတယ်။ တချို့နိုင်ငံတွေ ကျတော့ လည်း (၅) နှစ်ကြာမယ်လို့ သုံးသပ်ထားတာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့တိုင်း ပြည်ရဲ့ အနေအထားနဲ့ ဘယ်လောက်အထိ ထိခိုက်မှုတွေ သက်ရောက်သွားတယ် ဆိုတာကို ဆန်းစစ်တဲ့ impact assessment တွေ လုပ်ပြီးတော့မှ ဖြစ်တဲ့ဖြစ်စဉ်ပေါ်မှာ ဘယ်လောက်ကုစားရမယ်ဆိုတာကို သွားရမှာဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ ဘာ လုပ်နေလဲဆိုတော့ impact assessment လို့ခေါ်တဲ့ ထိခိုက်မှု ဆန်းစစ်ချက်ကို စလုပ် နေပါတယ်။ နိုင်ငံတကာ ပညာရှင်တွေနဲ့ပေါင်းပြီး ကျွန်တော်တို့ ကော်မတီကနေ လုပ် နေတယ်။ တစ်ဖက်ကလည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနကလည်း သူ့အစီအစဉ်နဲ့သူပေါ့နော်။ COVID-19 Operative Rehabilitation and Response ဆိုပြီး လုပ်တယ်ပေါ့နော်။ သူကတော့ response အပိုင်းကို ဘယ်လိုလုပ်မလဲဆိုတာကို ကာလတို၊ ကာလလတ်ပေါ့။ ချက်ချင်းနဲ့ ကာလလတ် လုပ်ရမှာတွေကို သူတို့ကလုပ် တယ်။ ကျွန်တော်တို့ကတော့ တိုင်းပြည်အပေါ်မှာ ဘယ်လောက် ထိခိုက်မှု သက် ရောက်မှု ရှိသွားသလဲဆိုတာအတွက် assessment လုပ်ငန်းတွေ စဆောင်ရွက်နေပါ ပြီ။ ဒါပြီးရင်တော့ ကျွန်တော်တို့က တွက်လို့ရပါပြီ။ ကျွန်တော်တို့တိုင်းပြည်က အချိန် ဘယ်လောက်ယူရမယ်ဆိုတာကို တိတိကျကျ ပြောနိုင်မယ်ပေါ့။ 

မေး- ဟုတ်ကဲ့။ ဦးအောင်နိုင်ဦးနဲ့ ဒီတစ်ပတ်အတွင်းမှာ ဆရာတို့လုပ်ငန်း ကော်မတီ လုပ်ဆောင်ချက်တွေမှာ ထပ်ဖြည့်စွက်ပြီး ပြည်သူတွေကို သိစေချင်တာရှိ ရင် ပြောပြပေးပါရှင့်။

ဦးအောင်နိုင်ဦး – ကျွန်တော်တို့ ကော်မတီကတော့ ပုံမှန် အခုလုပ်ငန်း အနေအထား အရ အစည်းအဝေးတွေ ကျင်းပဖို့ မဖြစ်နိုင်သော်ညားလည်း ဝန်ကြီးတွေ၊ အကြီးအကဲ တွေကတော့ ပုံမှန်လေး တွေ့ဆုံပြီးတော့မှ ရှေ့ဆက်လုပ်မဲ့ လုပ်ငန်းတွေကို ညှိနှိုင်းနေ တာလေးတွေ ရှိပါတယ်။ နောက်တစ်ခုကကျတော့ စီးပွားရေးနယ်ပယ်က ပုဂ္ဂိုလ်ကြီး တွေရဲ့ အကြံပြုချက်တွေကို ကျွန်တော်တို့က ကြိုဆိုနေပါတယ်။ အခက်အခဲဖြစ်နေ တာတွေအတွက် ဘယ်လိုလုပ်သင့်လဲဆိုတာကို တချို့က အကြံပြုပေးကြတာ ရှိပါ တယ်။ ဒါတွေကို ကျွန်တော်တို့က ကြိုဆိုပါတယ်။ သူတို့ရဲ့ အကြံပြုချက်တွေအားလုံး၊ မေတ္တာရပ်ခံချက်တွေအားလုံး အနီးဆုံး အစည်းအဝေးမှာတင်ပြီး လုပ်ပေးတယ်။ အ စည်းအဝေး မလုပ်နိုင်တဲ့ ကာလမျိုးဆိုရင်လည်း လှည့်လည်စာတွေ ဖြန့်ဝေပြီး ဝိုင်း သုံးသပ်ပြီးတော့မှ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို အဖြေထုတ်ပြီး လုပ်နေပါ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က စီးပွားရေးလုပ်ငန်းတွေကို အသိပေးလိုတာ ကတော့ လက်ရှိအနေအထားအရ ရုံးတွေ ရာနှုန်းပြည့်တက်ပြီး လုပ်လို့မရသေးတဲ့ အ နေအထားနဲ့ အစည်းအဝေးတွေ မကြာခဏ ကျင်းပဖို့ မဖြစ်နိုင်သေးပေမဲ့ ကျွန်တော် တို့ကို မေတ္တာရပ်ခံချင်တဲ့၊ အကြံပြုချင်တဲ့ အချက်တွေအားလုံးကို အရေးတယူထား၊ လေ့လာပြီးတော့ လိုအပ်တဲ့ကိစ္စတွေ လုပ်ပေးနေပါတယ်ဆိုတာကို အသိပေး လိုပါ တယ်။

By admin