လက်ရှိ ကျွန်တော်တို့ ဘာ လုပ်နေလဲဆိုတော့ impact assessment လို့ခေါ်တဲ့ ထိခိုက်မှု ဆန်းစစ်ချက်ကို စလုပ် နေပါတယ်။ နိုင်ငံတကာ ပညာရှင်တွေနဲ့ပေါင်းပြီး ကျွန်တော်တို့ ကော်မတီကနေ လုပ် နေတယ်။ တစ်ဖက်ကလည်း စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနကလည်း သူ့အစီအစဉ်နဲ့သူပေါ့နော်။ COVID-19 Operative Rehabilitation and Response ဆိုပြီး လုပ်တယ်ပေါ့နော်။ သူကတော့ response အပိုင်းကို ဘယ်လိုလုပ်မလဲဆိုတာကို ကာလတို၊ ကာလလတ်ပေါ့။ ချက်ချင်းနဲ့ ကာလလတ် လုပ်ရမှာတွေကို သူတို့ကလုပ် တယ်။ ကျွန်တော်တို့ကတော့ တိုင်းပြည်အပေါ်မှာ ဘယ်လောက် ထိခိုက်မှု သက် ရောက်မှု ရှိသွားသလဲဆိုတာအတွက် assessment လုပ်ငန်းတွေ စဆောင်ရွက်နေပါ ပြီ။ ဒါပြီးရင်တော့ ကျွန်တော်တို့က တွက်လို့ရပါပြီ။ ကျွန်တော်တို့တိုင်းပြည်က အချိန် ဘယ်လောက်ယူရမယ်ဆိုတာကို တိတိကျကျ ပြောနိုင်မယ်ပေါ့။

By admin