အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဧပြီ ၂၈ ရက်နေ့မှာ ၅ သောင်း ၈ ထောင်ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ အခုအရေအတွက်ဟာ ဗီယက်နမ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သားအရေအတွက်ထက် ပိုများနေပါတယ်။ လွန်ခဲ့တဲ့ ၁၈ ရက်အတွင်း အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု နှစ်ဆမြင့်တက်ခဲ့ပြီး ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူး စက်ခံရမှု အရေအတွက်ရဲ့ သုံးပုံတစ်ပုံရှိနေပြီလည်းဖြစ်ပါ တယ်။ လေ့ကျင့်ပေး ထားတဲ့ ဆေး ဖက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဗိုင်းရပ်စ်စစ်ဆေးနိုင်တဲ့ ကိရိယာကန့် သတ်ချက်တွေကြောင့် ဗိုင်းရပ်စ်အ မှန်တကယ်ကူးစက်ခံရသူအရေအတွက် ပိုများနိုင်တယ်လို့လည်း ပြည်နယ်ကျန်မာရေးအရာရှိတွေ က ပြောပါတယ်။ ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအေ ရအတွက်ဟာ ၃ သန်းကျော် လွန်လာခဲ့ပြီဖြစ်ပြီး ကမ္ဘာမှာ တတိယမြောက် လူဦးရေအများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံ ဟာ ဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးနိုင်ငံတွေဖြစ်တဲ့ အီတလီ၊စပိန်၊ပြင်သစ်နိုင်ငံ တို့ထက် ဗိုင်းရပ်စ်ကူးစက်ခံရမှု ၅ ဆပိုများလျက်ရှိနေပါတယ်။

By admin