ဒုကျန်းမာရေးဝန်ကြီး နော်အက်ဇမီ

မလေးရှား ကျန်းမာရေးဒုတိယဝန်ကြီး နဲ့ ပြည်နယ်အမှုဆောင်ကောင်စီဝင်တို့ကို အစိုးရရဲ့ သွားလာမှု ထိန်းချုပ်ရေးညွှန်ကြားချုပ် MCO ကို ဖောက်ဖျက်မှုနဲ့ ဧပြီ ၂၈ ရက်နေ့မှာ တရားရုံးက ဒဏ်ငွေရိုက်ခဲ့ပါတယ်။ မလးရှားကျန်းမာရေးဒုတယဝန်ကြီး နော် အက်ဇမီ ဂါဇာလီနဲ့ ပယ်ရက်ပြည်နယ် ကောင်စီဝင်တို့ဟာ MCO ညွှန်ကြားချက်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၂၈ ဒေါ်လာ ဒဏ်ရိုက်ခံခဲ့ရတယ်လို့ မလေးရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ပယ်ရက်ပြည်နယ်က ကျန်းမာရေးဆေးခန်းတစ်ခုကို ဧပြီ ၁၈ ရက်နေ့က သွားရောက်လေ့လာကြည့်ရှုခဲ့ပြီးနောက် ဘာသာရေးကျောင်းတစ်ခုမှာ လူစုလူဝေးနဲ့ ထမင်းလက်စုံစားသောက်ခဲ့ကြတာဖြစ်ပါတယ်။ အခုလို စားသောက်နေတဲ့ ဓာတ်ပုံကို ဒုကျန်းမာရေးဝန်ကြီး နော်အက်ဇမီရဲ့ Facebook စာမျက်နှာမှာတင်ခဲ့ပြီး နောက်ပိုင်းမှာ ပြန်ဖျက်ခဲ့ပါတယ်။ အခုဖြစ်ရပ်အတွက် ဒုကျန်းမာရေးဝန်ကြီးဟာ ပြန်လည်တောင်းပန်ခဲ့ပြီး Covid-19 ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ရှေ့တန်းက တာဝန်ထမ်းဆောင်နေကြသူတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။ ဧပြီ ၂၀ ရက်နေ့မှာတော့ သက်ဆိုင်ရာက စတင်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အခုလို ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

By admin