Photo – TRT World

ဖိလစ်ပိုင်နိုင်ငံမှာ လူပြည့်ကျပ်နေတဲ့ အကျဉ်းထောင်တွေအတွင်း Covid-19 ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အကျဉ်းသား တစ်သောင်းနီးပါးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဗဟိုတရားရုံးအစိုးရ အရာရှီတစ်ဦးက မေလ ၂ ရက်နေ့မှာပြောပါတယ်။ နိုင်ငံတချို့က လူသိပ်သည်းတဲ့ အကျဉ်းထောင်တွေမှာလည်း အလားတူ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေဖြစ်ပွားလျက်ရှိနေပါတယ်။ လူအချင်းအချင်း အကွာအဝေးသတ်မှတ်နေထိုင်သွား လာခြင်းဟာ သာမန်ထက် လူဦးရေ သိပ်သည်းမှု ၅ ဆလောက်မြင့်တက်နေတဲ့ ဖိလစ်ပိုင်အ ကျဉ်းထောင်တွေမှာ မဖြစ်နိုင်တဲ့ အရာတစ်ခုဖြစ်နေခဲ့ပါတယ်။ သမ္မတ ဒူတာတေး လက်ထက်မှာတော့ ၂၀၁၆ ခုနှစ်က စတင်ပြီး မူးယစ်တိုက်ဖျက်ရေးစီမံကိန်းတွေ ကို ပြင်းပြင်းထန်ထန်ဆောင်ရွက်လာတာကြောင့် အကျဉ်းထောင်လူကြပ်တဲ့ ပြသာနာ ပိုကြီးမားလာခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားတဲ့ အကျဉ်းထောင်တွေထဲမှာ မြို့တော်မနီလာက အကျဉ်းထောင်တစ်ခုလည်းပါဝင်နေပါတယ်။ အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသားတွေဟာ လှေကားထစ်တွေမှာပါ အိပ်စက်နေရပြီး ဘက်စကတ်ဘောကွင်းကိုလည်း လူမဆန့်လို့ ဖွင့်ထားရပါတယ်။ လူအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကလည်း မကြမ်းဖက်မှုမကျူးလွန်တဲ့ အကျဉ်းသားတွေနဲ့ နာမကျန်းသူ၊သက်ကြီးရွယ်အို အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉ ထောင်နီးပါးရှိနေပြီ သေဆုံးသူ ၆၀၃ ဦးရှိခဲ့ပါတယ်။

By admin