မန္တလေး၊ သြဂုတ်လ ၁၇၊ ၂၀၂၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ က အခုထွက်ရှိလာတော့မယ့် ရွေးကောက်ပွဲကြေငြာစာတမ်းမှာ ၂၀၁၅ ခုနှစ်ကထက် ပိုမိုဖြည့်စွပ်ထားပြီး နိုင်ငံရေးအမြင်တွေတင်မဟုတ်တော့ပဲ ပညာရှင်တွေနဲ့ တိုင်ပင် ပြုလုပ်ထားတယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာဇော်မြင့်မောင်ဆီကသိရပါတယ်။
လက်ရှိမှာတော့ ရွေးကောက်ပွဲကြေငြာစာတမ်းကို CEC တွေကို ပေးဝေပြီးပြီဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ ကြေငြာစာတမ်းဟာ အနာဂတ်ကိုရည်ရွယ်တာဖြစ်တဲ့အတွက် လုပ်ငန်းစဉ်တွေ စနစ်တကျ ရှိစေဖို့အတွက် ဘာဆက်လုပ်မယ်ဆိုတာကို ပြည်သူကို ချပြထားတဲ့အချက်တွေလည်းပါဝင်တယ်လို့ဆိုပါတယ်။
ပြီဆိုရင် ဒီစာတမ်းတွေကို နိုင်ငံရေးအမြင်နဲ့ မဟုတ်ပဲ ပညာရှင်တွေနဲ့ တိုင်ပင် ပြုလုပ်ထားပြီး အောင်နိုင်ရေးစည်းရုံးရေးကာလထွက်ပြီဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လက်ထဲကို ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

“အယ် ထွက်မယ်ဗျ ကျွန်တော်တို့ နောက်ဆုံး ဟိုဟာဖြစ်ပြီးသွားပြီ ကျွန်တော်တို့ CECထဲမှာတော့ ကျွန်တော်တို့ ဝေပြီး ကျွန်တော်တို့မှာ အဆင်သင့်ဖြစ်နေပါပြီ ဖြည့်စွပ်စရာရှိရင် ဖြည့်စွပ်ကြဖို့ပေါ့နော် အခြေခံတာကတော့ ကျွန်တော်တို့က အနာဂတ်အတွက်အခြေခံထားလိုက်တာဆိုတော့ ရွေးကောက်ပွဲကြေငြာစာတမ်းထဲမှာပါတဲ့အချက်တွေက အနာဂတ်မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ကို အခြေခံမယ့် ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေပေါ့ ပိုပြီးတော့ စနစ်ကျလာတာပေါ့ စနစ်ကျလာတယ်ဆိုတာကကျွန်တော်ပြောချင်တာက ၂၀၁၅ခုက နဲ့စာလို့ရှိရင် ကျွန်တော်တို့ ၂၀၂၀ မှာ လက်ရှိ ဘာခေါ်မလဲ လုပ်ပိုင်ခွင့်ရထားတဲ့ ပုဂ္ဂိုလ်ဆိုလိုက်တဲ့အခါကျတော့ အကယ် ကျွန်တော်တို့ ဒါတွေကိုဘာဆက်လုပ်မလဲဆိုတဲ့ဟာတွေ ကိုလည်းကျွန်တော်တို့ ပြည်သူကိုချပြထားတဲ့အချက်တွေပါတယ်လေ
၁၉း၀၀ အဲ့ဒါကတော့ ကျွန်တော်တို့ အောင်နိုင်ရေးစည်းရုံးရေးကာလထွက်ပြီဆိုလို့ရှိရင် ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေ လက်ထဲရောက်အောင်လုပ်ပေးမှာပါ ဒါမှ ဒါတွေပြောပြီးတော့ သူတို့စကားပြောရမှာလေ မဟုတ်ဖူးလား နောက်ပြီးတော့ ကျွန်တော်တို့ဒါတွေက ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ ဟိုဟာဖြစ်ထားတဲ့ဟာပေါ့ အရင်တုန်းကလို ကျွန်တော်တို့ ရဲ့ နိုင်ငံရေးသမားတွေရဲ့ အမြင်တွေ မဟုတ်ပါဘူး “ လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။
အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာ ၈ရက်နေ့မှာ စတင် သွားမှာဖြစ်ပြီး တရားဝင်ပေးတဲ့ ဥပဒေ နည်းဥပဒေနဲ့အညီ ရက် ၆၀ အချိန်ယူပြီး မဲဆွယ်သွားမယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ တရားဝင်ပေးတဲ့ ဥပဒေ နည်းဥပဒေနဲ့အညီပေါ့နော ၂လအချိန်ရတယ် ရက်၆၀ပေါ့ အဲ့ဒါဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။ စက်တင်ဘာ ၈ရက်နေ့လောက်ဆို ကျွန်တော်တို့စလို့ရမယ်လို့ထင်ပါတယ်။ မဲဆွယ်စည်းရုံးရေးဆိုတာက အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေး ကိုလုပ်မှာပေါ့နော ပါတီအတွက်စည်းရုံးတာက အခုလည်းစည်းရုံးလို့ရနေတာပဲလေ ဒါက အခြေခံဥပဒေကပေးထားတာကိုး အောင်နိုင်ရေးအတွက်စည်းရုံးတာ အောင်နိုင်ရေးကာလ ကမ်ပိန်းကာလလို့သုံးတာပေါ့နော် အဲ့ဒါကို စက်တင်ဘာ၈ရက်နေ့က စမှာပါကျွန်တော်တို့ တရားဝင် အဲ့တိုင်းပဲစမှာပါ။ “ လို့ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။


ပါတီကို တိုက်ခိုက် ပြောဆိုတာတွေရှိလာခဲ့ရင် အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို တုန့်ပြန်ခဲ့တာတွေမရှိဘဲ တသီးတသန့်မူတွေချပြီးတော့ ပြန်ပြီးတိုက်ခိုက်တာမျိုး ရှိမှာမဟုတ်ဖူးလို့ဆိုပါတယ်။
ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးမှာမှုတွေကို အွန်လိုင်းကနေလုပ်ဆောင်ရာမှာ ပါတီထိခိုက်နိုင်တဲ့ စကားတွေ ပါလာခဲ့ရင် ဥပဒေအတိုင်းသွားမယ်လို့ဆိုပါတယ်။

” ဒီမိုကရေစီဆိုတာက မတူကွဲပြားတဲ့ သဘောထားကွဲလွဲမှုတွေရှိနိုင်တာပေါ့လေ နော အဲ့တော့ ဝေဖန်မှုတွေဆိုတာလည်းရှိနိုင်တာပေါ့ ကျွန်တော်တို့ က အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေကို ဘယ်တုန်းကမှလဲ ပြန်ပြီး တုန့်ပြန်တာတွေမရှိပါဘူး အဲ့တော့ တိုက်ခိုက်တဲ့စကားလုံးတွေ ဘယ်ဟာက တိုက်ခိုက်တာလဲဆိုတာကတော့ ဥပဒေ နည်းဥပဒေ ရွေးကောက်ပွဲ ဟိုဟာတွေရှိတာပေါ့လူပုဂ္ဂိုလ်ရေးတိုက်ခိုက်တာလား Hate speakတွေလားဘာသာရေးကိုအကြောင်းပြုပြီးပြောတာပဲလား ဒါတွေကတော့ ဥပဒေအတိုင်းသွားမှာပါပဲ ကျွန်တော်တို့က ဒါကိုတော့ တသီးတသန့်အနေနဲ့တော့ မူတွေချပြီးတော့ ပြန်ပြီး တိုက်ခိုက်စရာမလိုပါဘူး ရွေးကောက်ပွဲ အောင်နိုင်ရေးစည်းရုံးရေးကာလမှာ ပါပြီးသားပဲ လူတစ်ဦးတစ်ယောက်ကို မဲပေးအောင်စည်းရုံးတာ ဘယ်သူ့ကိုမဲပေးပါဆိုတဲ့ လဒ်ပေးလဒ်ယူလုပ်တဲ့ဟာတွေ အားလုံး အကုန်လုံးအကျုံးဝင်ပြီးသားပါ အဲ့ဒီဥပဒေအတိုင်းကျွန်တော်တို့ ဆောင်ရွက်မှာပါ။ ကျန်တာကတော့ ကျွန်တော်တို့ သိပ်ပြီးထူးထူးထွေထွေပြောစရာမရှိပါဘူး။ ” လို့ ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။

By admin