ဇာဇာ၊ မကွေး သြဂုတ်လ ၁၁ ရက်

(၂၀၂၀) ခုနှစ်နိုဝင်ဘာ(၈)ရက်မှာကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာမကွေး တိုင်းအတွင်းမှနိုင်ငံရေးပါတီများကလွှတ်တော်ကိုယ်စားလှယ်လောင်းယှဉ်ပြိုင်ရန်တင်သွင်းသူ(၄၈၀) ဦးရှိတယ်လို့မကွေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကနေသိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှ လွှတ်တော် အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းတင်းသွင်းရာမှာအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က(၈၈)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက(၈၈)ဦး၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီက(၈၈)ဦး၊ တိုင်းသား စည်းလုံးညီညွတ်ရေးပါတီက(၅၁)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက(၂)ဦး၊ အရှိုချင်းအမျိုး သားပါတီက(၅)ဦး၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီက(၆)ဦး၊ ုပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက(၈၈)ဦး၊ ပြည်သူ့ပါတီက(၇)ဦး၊ ချင်းအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီက(၁၂)ဦး၊ ပြည်သူ့ရှေ့ ဆောင်ပါတီက(၁၂)ဦး၊ အမျိုးသားနိုင်ငံရေးဒီမို ကရက်တစ်ပါတီက(၁၆)ဦး၊ မြန်မာပြည်သူ ဒီမိုကရက်တစ်ပါတီက(၁)ဦး၊ ချင်းတိုင်းရင်းသား များပါတီက(၁)ဦး၊ တစ်သီးပုဂ္ဂလက(၁၆)ဦး စုစုပေါင်း(၄၈၀)ဦး အမည်စာရင်းတင်သွင်းထားတာဖြစ်တယ်လို့သိရပါတယ်။

မကွေးတိုင်းဒေသကြီးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အတွက်(၁၂)ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အတွက်(၂၅)ဦး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၀)ဦး၊ တိုင်းရင်းသားအတွက် ကိုယ်စားလှယ် (၁)ဦး စုစုပေါင်း(၈၈) နေရာအတွက် ယှဉ်ပြိုင်မှာဖြစ်ပါတ်ယ။

ပြီးခဲ့တဲ့(၂၀၁၅) ပါတီစုံရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းယှဉ်ပြိုင်သူ(၄၁၁)ဦးရှိခဲ့ပြီးယခုလာမယ့်(၂၀၂၀) ပါတီစုံရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းယှဉ်ပြိုင်ရန်တင်သွင်းသူ(၄၈၀) ရှိတဲ့အတွက်(၆၉)ဦးတိုးလာတယ်လို့ မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးခင်မောင်မြင့်ကပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်စုစုပေါင်း(၁၃၅)ဦး၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက်(စုစုပေါင်း(၆၁)ဦး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာအတွက်စုစုပေါင်း(၂၇၃)ဦးချင်းတိုင်းသားမှာ (၁၁) ဦးဝင်ရောက်ယှဉ်ပြိုင်ဖို့အမည်စာရင်း တင်သွင်းထားတာဖြစ်တယ်လို့သိရပါတယ်။
မကွေးတိုင်းမှာမဲဆန္ဒရှင်ဦးရေ(၃၂)သိန်းကျော်ပြီး(၂၀၁၅) ခုနှစ်ကထက်အနည်းငယ်တိုး လာတယ်လို့လည်းသိရပါတယ်။

By admin