ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး

ဂျပန်နိုင်ငံမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ပေးတဲ့ ကျန်းမာရေးနှာခေါင်းစည် ၃ သိန်းမှာ ချို့ယွင်းချက်တွေရှိနေတယ်လို့ ဂျပန်ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတိုက်ဖျက်ရေးကြိုးပမ်းမှုတစ်ရပ်အနေနဲ့ မိသားစုဝင်တိုင်းကို ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်မယ့် ကျန်းမာရေးနှာခေါင်းစည်း ၂ ခုစီ ပေးဝေဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ အခုလို အစိုးရရဲ့ ပံ့ပိုးမှုအစီအစဉ်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၃၀ ကုန်ကျခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် အခုလို ကျန်းမာရေးနှာခေါင်းစည်းတွေ ပေးဝေခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ချို့ယွင်းချက်တွေရှိနေတယ်လို့ ဝေဖန်မှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ပေးဝေတဲ့ ကျန်းမာရေးနှာခေါင်းစည် းတွေမှာ ချို့ယွင်းချက်တွေရှိနေတယ်လို့ ဆိုပါတယ်။ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနကတော့ အခုလို ဝေဖန်မှုတွေအတွက် တုံ့ပြန်ဖြေကြားမှုမရှိသေးဘူး လို့သိရပါတယ်။ ဂျပန်နိုင်ငံ ဟာ လက်ရှိအချိန်မှာ ကျန်းမာရေးနှာခေါင်းစည်း ရှားပါးပြတ်လက်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

By admin