ခိုင်မီမီ၊ ဇူလိုင် ၁၇၊ ၂၀၂၀
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မှာ မန္တလေးတိုင်းဒေသကြီး အတွင်းက မဲရုံပေါင်း ၅၄၄၂ရုံရှိမှာဖြစ်ပြီး မဲပေးနိုင်တဲ့ မဲဆန္ဒရှင်ပေါင်း ၄၅၃၀၀၀၀ ကျော် အထိ ရှိမယ်လို့ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။
မဲဆန္ဒရှင်အားလုံး မဲပေးဖို့ အသိပညာပေးမှုအနေနဲ့ ပြည်သူတွေကို အသိပေးရမယ့် လက်ကမ်းစာစောင်တွေ ပေးဝေသွားမှာဖြစ်ပြီး တာဝန်ရှိသူတွေကိုလည်း မိမိကဏ္ဍအလိုက် လက်စွဲစာအုပ်တွေလည်း ဖြန့်ဝေပေးပြီးဖြစ်တယ်လို့ဆိုပါတယ်။
မဲဆန္ဒရှင်ပေါင်း ၄၅သိန်း ၃သောင်းကျော်ဟာ တပ်မတော်သားမဲဆန္ဒရှင် နဲ့ အရပ်သားမဲဆန္ဒရှင် ပေါင်းပြီးဖြစ်ပါတယ်။ တပ်မတော်သားမဲဆန္ဒရှင်တွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက တပ်တွင်းမှာပဲ မဲရုံထားရှိပေးခဲ့တာဖြစ်ပြီး နည်းဥပဒေပြင်လိုက်တဲ့အတွက် တပ်အပြင်ဘက်မှာ သာ မဲပေးရတော့မှာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒါတွေကို ရပ်ကျေးအဆင့်တွေကို ကျင့်ဝတ်ကလေးတွေနဲ့ ပေးထားတာရှိတယ် ပြည်သူကို အသိပေးရမယ့်ခေါင်းစဉ်တွေ မဲရုံမှူးလက်ဆွဲ ဒုမဲရုံမှုးလက်စွဲ ရက်ကျေးလက်ဆွဲ မြို့နယ်ကော်မရှင်လက်ဆွဲဆိုတာတွေက ကျနော်တို့က ပေးထားပြီးပြီ ဖြန့်ဝေပေးပြီးသားဖြစ်တယ်။ ပြည်သူကိုပေးရမယ့်လုပ်ငန်းစဉ်တစ်ခုကို ကျနော်တို့ ပန်းဖလတ်တွေ ဝေသွားမှာဖြစ်ပါတယ်။ မဲရုံပေါင်းဆိုရင် ၅၄၄၂ရုံဖြစ်ပါတယ်။
၆ ကိုယ်စားလှယ်စာရင်းတွေကတော့ သူတို့တင်သွင်းမှသိမှာလေ ကျနော်ပြုစုထားတဲ့စာရင်းအရဆိုရင် တိုင်းချုပ်မှာမဲဆန္ဒရှင်ပေါင်း ၄၅ သိန်း ၃သောင်းကျော်ရှိပါတယ်။ တပ်ကောအရပ်ကော ပါပြီးသားပါ။ တပ်ကတော့ လွှတ်တော်မှာ နည်းဥပဒေကိုပြင်လိုက်တဲ့အတွက်ကြောင့် တပ်ထဲမှာ မဲရုံမထားရတော့ပါဘူးတပ်မတော်သားတွေနဲ့ မိသားစုဝင်တွေဟာ တပ်အပြင်မှာမဲရုံကိုထားပြီးတော့ မဲပေးရမှာပါခင်မျ” မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ခွဲ ဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်။

ပြည်သူ့လွှတ်တော် အနေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ၂၈မြိုကနယ်ရှိတဲ့အတွက် မဲဆန္ဒနယ် ၂၈နေရာရှိမှာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ ခရိုင်လူဦးရေစာရင်းကို အခြေခံတာကြောင့် မန္တလေးခရိုင်အတွင်းမှာ လူဦးရေ ၁၄သိန်းကျော်ရှိတဲ့အတွက် ၂နေရာရရှိတယ်လို့သိရပါတယ်။ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ ပြင်ဦးလွင်ခရိုင်နဲ့ တတိယလူဦးရေအများဆုံးဖြစ်တဲ့ မိတ္ထီလာခရိုင်တွေကလည်း ၂နေရာစီရရှိတယ်လို့သိရပါတယ်။
ကျန်ရှိနေတဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်ဆည်၊ မြင်းခြံ၊ ညောင်ဦး၊ ရမည်းသင်း၊ ခရိုင်တွေကလည်း တစ်နေရာစီ ရရှိပြီး တော့ ပြည်ထောင်စုနယ်မြေထဲပါနေတဲ့ ဒက္ခိဏ ခရိုင်နဲ့ ဥတ္တရခရိုင် တွေကိုလည်း ၂နေရာပေးထားတာဖြစ်တဲ့အတွက် အားလုံးပေါင်း ၁၂နေရာရရှိတယ်လို့သိရပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့ ဇွန် ၂၉ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တစ်နိုင်ငံလုံးရဲ့ လွှတ်တော် သုံးရပ်ပေါ့ ပြည်သူ့လွှတ်တော်ရှိတယ် အမျိုးသားလွှတ်တော်ရှိတယ်။ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေရှိမယ် အဲ့ဒီလွှတ်တော်တွေရဲ့ မဲဆန္ဒနယ်တွေကို ကြေငြာလိုက်ပါပြီခင်မျ အဲ့လိုကြေငြာလိုက်တဲ့အတွက်ကြောင့် ကျနော်တို့တိုင်းကလည်း ကျနော်တို့မန္တလေးတိုင်းအတွင်းမှာ ထပ်ဆင့်ကြေငြာရပါတယ်။ ကြေငြာရတဲ့အတွက်ကြောင့် ကျနော်တို့တိုင်းတွင်းမှာတော့ ပထမဦးဆုံး ပြည်သူ့လွှတ်တော်ပေါ့နော် ပြည်သူ့လွှတ်တော်က ကျနော်တို့ဥပဒေအရ မြို့နယ်ကိုအခြေခံပြီးတော့ မဲဆန္ဒနယ်သတ်မှတ်တဲ့ အတွက်ကြောင့် ၂၈မြို့နယ်ရှိတယ် ကျနော်တို့က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၈နေရာရှိတယ် ။ ဒုတိယကတော့ အမျိုးသားလွှတ်တော်ပေါ့ အမျိုးသားလွှတ်တော် ကတော့ ကျနော်တို့ဆီက ၁၂နေရာစီအညီအမျှရပါတယ်။ တိုင်းအတွင်း မှာလည်း ၁၂နေရာမှာပါပဲ ၁၂နေရာမှာ ခရိုင် လူဦးရေစာရင်းကို အခြေခံရတာဖြစ်တဲ့အတွက်ကြောင့် မန္တလေးခရိုင်က လူဦးရေ ၁၄သိန်းကျော် ရှိတဲ့အတွက်ကြောင့် ၂နေရာ ရပါတယ်။ ဒုတိယ လူဦးရေအများဆုံးဖြစ်တဲ့ပြင်ဦးလွင် ခရိုင်ကလည်း ၂နေရာ ရပါတယ်။တတိယအများဆုံးဖြစ်တဲ့ မိထ္ထီလာကတော့ ၂နေရာ ရပါတယ်။ ၆နေရာပေါ့ ကျန်တဲ့ ခရိုင်တွေဖြစ်တဲ့ ကျောက်ဆည် မြင်းခြံညောင်ဦး ရမည်းသင်းက တစ်နေရာစီနဲ့ ဆိုတော့ ၆နေရာဆိုတော့ ၄နေရာပေါင်းရင် ၁၀နေရာပါခင်မျ။ နောက်ြပြီးတော့ ပြည်ထောင်စုနယ်မြေထဲပါနေတဲ့ ဒက္ခိဏဥတ္တရ ခရိုင်၂ခုကို ၂နေရာပေးလိုက်တော့ ၁၂နေရာဖြစ်သွားပါတယ်။ ဒါကြောင်တိုင်းဒေသကြီးအတွင်းမှာ့ အမျိုးသားလွှတ်တော်မှာ ၁၂နေရာ ခွဲဝေမှု အသေးစိပ်ကတော့ အဲ့အတိုင်းဖြစ်ပါတယ်လို့ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ခွဲ ဥက္ကဌ ဦးရှိန်ဝင်း ကပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကတော့ မြို့နယ်တစ်ခုမှာ ၂နေရာ ရရှိတာဖြစ်တဲ့အတွက် ၂၈မြို့နယ်ရှိတာကြောင့် ၅၆မဲဆန္ဒနယ် လျာတားသတ်မှတ်ထားတယ်လို့သိရပါတယ်။
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

By admin