မန္တလေး စက်တင်ဘာ ၅၊ ၂၀၂၀

အခု ဒုတိယကိုဗစ်လှိုင်းမှာ မန္တလေးမြို့မှာ ကိုဗစ် အတည်ပြုလူနာ တွေ့ရှိလာတာကြောင့် တိုင်းအတွင်းအဝင်အထွက် ၅၄နေရာကို စည်းကမ်းတင်းကြပ်သွားဖို့စီစဉ်ထားတယ်လို့ တိုင်းအစိုးရက တာဝန်ရှိသူတစ်ဦးဆီကသိရပါတယ်။

“ရခိုင်ပြည်နယ်ဘက်ကနေ လာတဲ့ ယာဉ်တွေဘာတွေကအစ စစ်ဆေးဖို့အတွက် မြို့ အဝင်အထွက် ဂိတ်တွေမှာ စစ်ဆေးရေးဂိတ်တွေပြန်ထားဖို့လုပ်မယ် မြို့ထဲမှာတော့ မဖြစ်မနေလုပ်ရမယ့် မတ်စ်တပ်တာတို့ လူစုလူဝေးနဲ့မသွားဖို့တို့ ကိစ္စတွေ နောက်တစ်ခါ လက်ဆေး မယ့်ကိစ္စတွေ အဲ့ကိစ္စတွေကို နဂိုကထက်ပိုပြီးတော့တ င်းကြပ်ဖို့တော့ အစီအစဉ်တွေဆွဲထားပါတယ်။ နောက်တစ်ခါ ရခိုင်ပြည်နယ်က လာတဲ့ပြည်သူတွေပဲဖြစ်ဖြစ် ပြည်မကနေ ရခိုင်မှာအလုပ်သွားလုပ်တဲ့ ပြည်သူတွေပဲဖြစ်ဖြစ် ပြန်လာ မယ်ဆိုရင် ရပ်ကွက်ကျေးရွာတွေမှာမဖြစ်မနေ သတင်းပို့ပြီးမှာ ကွာရန်တင်း ဝင်ဖို့ဆိုပြီးတော့လည်း စာထုတ်ထားတယ်။ “ လို့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

မန္တလေးမှာ ကိုဗစ် လူနာ စတင်တွေ့ရှိခဲ့စဉ်ကတည်းက မတ်စ် တပ်ဖို့ ပညာပေးမှုတွေ ပြုလုပ်ခဲ့ပြီး အခုအချိန်မှာ ပညာပေးကာလကျော်လွန်လာပြီဖြစ်တဲ့အတွက် မတ်စ် မတပ်ဆင်ပါက မတ်စ်၂ခုကို ၅ထောင်ကျပ်နဲ့ဝယ်ယူစေပြီး ရန်ပုံငွေ ထည့်ပေးရမယ်လို့ ဆိုပါတယ်။

အရင် ပထမကိုဗစ်လှိုင်းမှာတုန်းက လည်း မန္တလေးတိုင်းကို လော့ဒေါင်းမပြုလုပ်ခဲ့တာကြောင့် မန္တလေးတိုင်းအတွင်းအဝင်အထွက် လုပ်နိုင်တဲ့ ၅၄နေရာကိုတော့ စည်းကမ်းပိုမိုတင်းကြပ်သွားမယ်လို့ ဆိုပါတယ်။

“မန္တလေးမှာ ရန်ကုန်မှာတကယ့်ကိုအကြီးအကျယ်ဖြစ်နေတဲ့အချိန်တုန်းကတောင်မှ မန္တလေးမှာm လော့ဒေါင်းချရမယ့်နေရာတော့မရှိဘူးပေါ့နော် ဒါပေမယ့်ခုနပြောသလိုအသွားအလာတွေကတော့ မန္တလေးတိုင်းအဝင်အထွက် ၅၄နေရာမှာတော့ ပိုတင်းကြပ်တယ်ပေါ့ အခုဟာတော့ ဥပမာရခိုင်ကတော့ခုနပြောသလိုပေါ့ သူဟာသူတော့ဟိုမှာလည်းအဝင်အထွက်မရှိနိုင်တော့ဘူးပေါ့ အဲတော့မန္တလေးမှာတော့ခုနေအချိန်အခါမှာတော့ မန္တလေးမှာနေတဲ့လူနဲ့ အချင်းချင်းကူးစက်တာမဟုတ်သေးဘူးပေါ့နော အခုတွေ့တဲ့ လူနာ ၅၈၇ဆိုရင်လည်း နဂိုကမှရခိုင်ကနေသင်တန်းကိစ္စနဲ့ရောက်လာတယ် ကျွန်တော်တို့ဆီကမန္တလေးမှာနေပြီးကူးတယ်ဆိုတဲ့ဟာတော့ မပေါ်ဘူးပေါ့ဒီကိစ္စမှာနော၊ ရခိုင်ပြည်နယ်ဘက်က မန္တလေးတိုင်းကို လာရောက်နိုင်တဲ့ တရားဝင်လမ်းကြောင်းတွေကို ပိတ်ထားပြီး နယ်ဘက်တွေမှာကျန်ရှိနေမယ့် သူတွေ ကို Quarantin ထားရှိထားတယ်လို့ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောပါတယ်။

သြဂုတ်လ ၁၀ရက်နေ့နောက်ပိုင်း မန္တလေးတိုင်းအတွင်းကို ရခိုင်က ဝင်ရောက်လာသူတွေကို Quarantineထားရှိထားပြီး ၂၈ ရက်နေ့ အထိ ၁၇၉ ဦး ကို ထားရှိထားတယ်လို့သိရပါတယ်။

မန္တလေးမှာ ကိုဗစ်လူနာအဖြစ်တွေ့ရှိသူ သြဂုတ်လ ၂၉ ရက်နေ့အထိ ၅ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအနေနဲ့ ၇၃၃ဦး ကူးစက်ခံနေရပြီဖြစ်ပါတယ်။ ရောဂါကင်းစင်သွားသူကတော့ ၃၅၁ဦးရှိပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းအနေနဲ့ ဒုတိယကိုဗစ်လှိုင်းမှာ သြဂုတ် ၂၇ရက်နေ့မှာ အတည်ပြုလူနာအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်ကနေ မန္တလေးမြို့ကို စခန်းမှူးသင်တန်းလာတက်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။

၂၉ရက်နေ့မှာ အတည်ပြုလူနာအဖြစ် တွေ့ရှိခဲ့တဲ့ သူကတော့ ၁၇နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်ကပြန်လာကာ ထွန်တုံးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး လက်ရှိမှာတော့ ကံတော်နဒီ အထူးသီးသန့်ကုဆေးရုံမှာထားရှိထားတယ်လို့သိရပါတယ်။

myanmarinsights

Covidupdate

mandalay

By admin