မန္တလေး၊ သြဂုတ် ၂၃၊ ၂၀၂၀

တိရိစ္ဆာန် ဆရာဝန်လက်မှတ် ရရှိထားသူတွေအနေနဲ့ ဆင် စခန်းတွေမှာ ဝန်ထမ်းဝင်ရောက်သူတွေ နည်းပါးနေတယ်လို့ ဆင်ဆေးကုတွေဆီကသိရပါတယ်။
ဆင်ဆေးကု အဖြစ် တာဝန်ထမ်းဆောင်ဖို့ စိတ်ဝင်စားမှု များလာစေဖို့အတွက်လည်း ဆင်ဆေးကုတွေအနေနဲ့ တင်ပြထားတာတွေရှိတယ်လို့လည်း သိရပါတယ်။

“ ကျွန်တော်တို့ ကျောင်းဆင်းတွေကတော့ ဝင်ရောက်မှုတော်တော်နည်းတယ်ဗျ
အဲ့ဒီဟာက အခုလည်းကျွန်တော်တို့ ဟို ဌာနအနေနဲ့ ရာထူးဝင်ပေါက်ပေါ့နော် ကျွန်တော်တို့ ဆင်ဆေးကု ရာထူးဝင်ပေါက်တွေ နည်းနည်းပိုတိုးပေးနိုင်အောင်ဆိုပြိးတော့မှ အဲ့လိုမျိုးနဲ့လည်းစိတ်ဝင်စားမလားဆိုပြီးတော့ အဲ့ဒါကိုလည်းကျွန်တော်တို့ တင်ပြထားတာတွေတော့ရှိတယ်ပေါ့ဗျာ ဆင်ဆိုတာကလည်း ကမ္ဘာမှာတောင်မှ မျိုးတုန်းပျောက်ကွယ်တော့မယ် တိရိစ္ဆာန် အမျိုးအစားထဲမှာ ပါနေတာဆိုတော့ ဒါတွေကို သူဟာနဲ့သူ ဝါသနာအရ ဝင်လာတဲ့သူတွေ ရှိလာနိုင်ပါတယ်။ “ မန္တလေးတိုင်းဒေသကြီး လက်ထောက်မန်နေဂျာ ဆင်ဆေးကုဆရာဝန် ဒေါက်တာညိုစန်း ကပြောပါတယ်။

စိုက်သိပ္ပံ ကျောင်းတွေမှာအရင်က မွေးမြူရေးအဓိက ဘာသာရပ်ကို ထည့်သွင်းသင်ကြားခဲ့ပြီး သစ်လုပ်ငန်းတွေမှာ လက်ထောက်တိရိစ္ဆာန် ဆေးကုမှူးအဖြစ် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
စိုက်သိပ္ပံမှာ မွေးမြူရေး အဓိက ဘာသာရပ်ကို ၂၀၀၀ ခုနှစ်လောက်က ဖြုတ်လိုက်ပြီး နောက်ပိုင်းမှာ လက်ထောက် တိရိစ္ဆာန်ဆေးမှုးတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။
တိရိစ္ဆာန် ဆရာဝန်လက်မှတ် ရရှိထားသူတွေအနေနဲ့လည်း ကုမ္ပဏီတွေနဲ့ တခြား ဝန်ထမ်းပိုင်းတွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့အတွက် ဆင်ဆေးကုကို ဝန်ထမ်းအဖြစ်လာရောက်ခြင်းမရှိဘူး လို့ ဆင်ဆေးကုတွေက ပြောပါတယ်။
သည်လို ဆင်ဆေးကုလျော့နည်းလာတဲ့အခါ ဆင်ဆေးကုသဖို့ အခက်အခဲရှိလာတဲ့အတွက် ၂၀၁၉ ခုနှစ်လောက်ကစတင်ပြီး ဆင်ဝန်ထမ်းတွေရဲ့ သားသမီးတွေကို ၄လ သင်တန်းခေါ်ယူပြီး ဆင်ဆေးကုမှူးအဖြစ် ခန့်ထားနေရတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့က တိရိစ္ဆာန်ဆေးကောင်စီဆိုပြီးဖွဲ့လိုက်တယ်ဗျ ဖွဲ့လိုက်တော့ တိရိစ္ဆာန်ဆရာဝန်လက်မှတ် တဆမ လက်မှတ်ရမှ ဆေးကုသခွင့်ရှိမယ်ဆိုတဲ့အခါက ဥပဒေထဲမှာသတ်မှတ်လိုက်တာပေါ့ဗျာ သတ်မှတ်လိုက်တဲ့အခါကျတော့ ဟိုးတုန်းကဆိုရင် စိုက်သိပ္ပံတို့ဘာတို့မှာ မွေးမြူအဓိကကဆိုတဲ့ရေးဘာသာရပ်ကို ထည့်ပေးတယ် အဲ့ဘာသာရပ်ထည့်ပေးရင် စိုက်သိပ္ပံက ဆင်းလာတယ်ဆိုရင် ကျွန်တော်တို့ သစ်လုပ်ငန်းတွေမှာ လက်ထောက်တိရိစ္ဆာန်ဆေးကုမှူးအနေနဲ့ ခေါ်လို့ရတယ် ။ စိုက်သိပ္ပံမှာလည်း မွေးမြူရေးအဓိက ဘာသာရပ်ကိုဖြုတ်လိုက်တာနဲ့ အဲ့ဒါနဲ့ လက်ထောက်တိကု မှူးမရနိုင်တော့ဘူးဗျ အဲ့ဒါပြီး ကျွန်တော်တို့ တက္ကသိုလ်ကလည်း တခြားဦးစီးဌာနမှာ ကုမ္ပဏီတွေဝင် ဦးစီးဌာနတွေဝင်ဆိုတော့ ကျွန်တော်တို့ ဌာနကို လောလောဆယ်တော့သိပ်မလာကြဘူး မလာကြတော့ ကျွန်တော်တို့ ဆင်ဆေးကုအခက်အခဲတော့ရှိတာပေါ့ဗျာ ရှိတော့ အခုပြီးခဲ့တဲ့နှစ်ကစပြီးတော့မှ ၄လ သင်တန်း ကျွန်တော်တို့ဌာနထဲက နှစ်ပေါက်နေ့စားတွေ နောက် ဆင်ဝန်ထမ်းသားသမီးတွေပေါ့ ဒါတွေကို ၄လသင်တန်းခေါ်ပြီးတော့မှ ဆင်ဆေးကုမှူးဆိုပြီးတော့မှ ခန့်သုံးနေရတာတွေရှိတယ် “ လို့ ဒေါက်တာညိုစန်း ကပြောပါတယ်။
သည်လို ခန့်ထားတဲ့ ဝန်ထမ်းတွေက ဆင်တွေရဲ့ အမူအယာတွေ အရ ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်ပြီး တာဝန်ကျ ဆင်ဆေးကုတွေကို ဆင့်ကဲ သတင်းပေးဖို့ပြီး ဆင်တွေကို စောင့်ရှောက်ပေးနေရတယ်လို့ မန္တလေးဒီးဒုတ်ဆင်စခန်းက ဆင်ဦးစီးတစ်ဦးက ခုလိုပြောပါတယ်။

“ ကျွန်တော်တို့ ပဲ့ချိတ်တွေကနေပြီးတော့မှ ဆင်နဲ့ပတ်သက်တဲ့ ကုသခြင်းတွေကို သင်တန်းတွေ ပို့ချပေးမယ်ဆိုရင်တော့ အဆင်တော့ပြေပါတယ်ပေ့ါနော် အဲ့ဒါ ဆိုလို့ရှိရင်ုကျွန်တော်တို့လည်းအနီးတကပ်ပေါ့ အဲ့လိုရှိတဲ့အခါကျတော့ အဆင်တော့ပြေပါတယ် အဲ့လိုမျိုးလေးတွေပေါ့
အခုလက်ရှိကတော့ ဆင်ရဲ့ကျန်းမာရေးကတော့ အခုလက်ရှိ စခန်းမှာတာဝန်ကျတာကတော့ ဆင်ခေါင်းကိုကျွန်တော်တို့ က အထူးသတင်းပို့တယ်ပေါ့နော် ကျွန်တော်တို့ရဲ့ ဆင်ခေါင်းကနေပြီးတော့ တစ်ဆင့် သူ့ရဲ့အထက်ကိုဆင့်ကဲဆင့်ကဲ သတင်းပို့ပြီးတော့မှ ကျွန်တော်တို့ ဂရုစိုက်တယ်
အဓိက ကျွန်တော်တို့ဆင်တွေကို လွှတ်ပြီဆိုတာနဲ့ လွှတ်တဲ့တစ်ကြိမ်ကောက်တဲ့တစ်ကြိမ်အဲ့ဒါကို သူတို့ရဲ့ အနေအထားလေးကို ကိုယ်က အကဲခတ်ရတယ်ပေါ့ သူတို့ဘယ်လိုလေးနေတယ်ဆိုရင် ဥပမာ သူတို့ငေးငိုင်နေတယ်ဆိုရင်သူတို့ဘယ်လိုဖြစ်လို့ ဆီးချုပ်ဝမ်းချုပ်ဆိုရင်အများဆုံးဖြစ်တတ်တာကတော့ ခါးကုန်းတာတို့ဘာတို့ အဲ့လိုမျိုးလေးတွေဖြစ်တတ်ပြီဆိုရင် ဆင်ဦးစီးတွေကတစ်ဆင့် ကျွန်တော်တို့ဆင်ခေါင်းကိုတင်ပြတယ် သူကမှတစ်ဆင့်အထက် က အဆင့်ဆင့်ကို တင်ပြတယ်ပေါ့နော် အဲ့လိုနည်းနဲ့ ကျွန်တော်တို့ဒီမှာ ဆင်တွေရဲ့ကျန်းမာရေးကိုထိန်းသိမ်းစောင့်ရှောက်နေပါတယ်။” လို့ ဒီးဒုတ်ဆင်စခန်း ဆင်ဦးစီးကိုအောင်သူ ကပြောပါတယ်။

အရင်ကတော့ ဒေသတစ်ခုကို ဆင်ဆေးကု ၂ယောက်ထားရှိထားပြီး လက်ရှိမှာတော့ ဆင်ဆေးကု ၁ယောက် သာ ထားရှိထားတယ်လို့ သိရပါတယ်။စိုက်သိပ္ပံမှာ မွေးမြူရေးဘာသာရပ်ကိုပယ်လိုက်တဲ့ ၂၀၀၀ ခုနှစ်ကစတင်ပြီး သည်လိုဝန်ထမ်းလျော့ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။
ဆင်ဆေးကုအကူပဲ့ချိတ်ဆိုပြီးခန့်လိုက်တဲ့ ဝန်ထမ်းတွေကို ဒေသတစ်ခုကိုတစ်ယောက်၂ယောက် အင်အားများတဲ့နေရာဆို ၃ယောက်လောက်အထိ ထားရှိပေးထားတာကြောင့် အဆင်ပြေလုံလောက်မှုရှိပါတယ်လို့ ဆင်ဆေးကုတွေကဆိုပါတယ်။

By admin