မကွေး ဇွန် ၁၃ ရက်
ဇာဇာ

မကွေးတိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကို ဇွန်လနဲ့ဇူလိုင်လအတွင်း အပြီးရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့ ဧပြီလလောက်မှာ အောက်ခြေအဆင့်ပြီး အောင်ဆောင်ရွက်ရန် ရည်ရွယ်ထား သော်လည်း COVIDရောဂါတားဆီး ကာကွယ်ရေး လုပ်ငန်း စဉ်များ ဝင်လာတဲ့ အတွက် လုပ်ငန်းစဉ် တွေမပြီးပြတ်ခဲ့ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်း ဒေသကြီး အတွင်းရေးမှူး ဦးဆန်းညွှန့်အောင်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို ဇွန်နဲ့ဇူလိုင်လ အတွင်း အောက်ခြေက နေတိုင်းအဆင့်အထိ ရွေချယ်ပြီး ပါတီဗဟိုကို ပို့ပေးသွားမှာပါလို့ သိရပါတယ်။
၂၀၂၀ရွေးကောက်ပွဲအတွက် ၂၀၁၆ခုနှစ် အကုန်ကတည်းက ပါတီဝင်တွေအရည်အချင်း ပြည့်မှီဖို့ ပြင်ဆင်ခဲ့တာဖြစ်တယ် လို့သိရပါတယ်။
ရွေးကောက်ပွဲ တစ်ကြိမ်တိုင်း တစ်ကြိမ်တိုင်း ဟာပြည်သူတွေအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ပေးတဲ့အချိန်ဖြစ်တဲ့အတွက် ပါတီအနေနဲ့ သေသေချာချာပြင်ဆင် ထားကြောင်း ပြည်သူတွေ အားကိုးနိုင်တဲ့အစိုးရကောင်းရဖို့၊လွှတ်တော်ကိုယ်စားလှယ်ကောင်းရဖို့ ကျိုးစားဆောင်ရွက်နေတာဖြစ်ပြီး ရွေးချယ်တဲ့အပိုင်းကတော့ ပြည်သူတွေ အတွက် စိတ်ကြိုက်ရွေးချယ်မှာဖြစ်တယ်၊ လို့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး အတွင်းရေးမှူး ဦးဆန်းညွှန့်အောင်က ပြောပါတယ်။

ကိုယ်စားလှယ်ရွေးချယ်စီစစ်ရေးအဖွဲ့များကို တိုင်း၊ခရိုင်အလိုက်ဖွဲ့စည်းပြီး ရွေးချယ်ကြောင်း၊ ရွေးချယ်မည့်အဖွဲ့ထဲတွင် ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ ဝန်ထမ်းအငြိမ်းစားများ၊ ပြည်သူက လေးစားရသည့်ဩဇာ ရှိသည့် ပုဂ္ဂိုလ်များ၊ ပါတီဝင်ဟောင်းများ၊ အကြံပေး နိုင်သူများနှင့် ဖွဲ့စည်းပြီးလွှတ်တော် ကိုယ်စားလောင်း ရွေးချယ်လျာထားမှုများကို ဆောင်ရွက်ထား တယ်လို့သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းရွေးချယ်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်မှာ လေးစားသူဖြစ်ရမည်၊ ရိုးသားသူဖြစ်ရမည်၊ ပြည်သူအပေါ် စေတနာထားရှိပြီး လုပ်တတ်ကိုင်တတ်သူ ဖြစ်ရမည်ဆိုသည့်အချက်များပေါ် မူတည်ပြီး ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

မကွေးတိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးရေ ၇သိနွးခနွ့ရှိပှီး ပါတီဝင်လူငယ်အင်းအား ဦးရေ ၂သိန်းခွဲရှိ တယ်လို့သိရပါတယ်။

By admin