ဇွန်လ (၇)၊ ၂၀၂၀
ဇာဇာ

မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
NLD ပါတီမှ ဇွန်လ(၅) ရက်နေ့က မြို့မိဖြို့ဖ (၅) ဦးရွေးချယ် ပြီးစီးပြီးဖြစ်တယ်လို့ မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
NLD ပါတီရုံးကသိရပါတယ်။ မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
NLD ပါတီအလုပ်အမှုဆောင် (၁၅)ဦးက မြို့မိမြို့ဖ ဖြစ်ထိုက်သူ(၁၄) လေးဦးကို ကနဦးရွေးချယ်ခဲ့ပြီး အဲ့ဒီ(၁၄) ဦးထဲကမှ မြို့မိမြို့ဖ(၅) ဦးကိုထက်မံ ရွေးချယ်ခဲ့ တာဖြစ်တယ်လို့ မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးစိုးမိုးကပြောပါတယ်။
အဲ့ဒီ မြို့မိမြို့ဖ (၅)ဦးမှာ မကွေးမြို့နယ် စည်ပင်ကော်မတီဥက္ကဌ ဦးဖိုးနီ၊ ဟင်္သါညီနှောင် စတိုးဆိုင်ပိုင်ရှင်ဦးဇော်မိုး၊သွားဆရာဝန်
ဒေါက်တာခင်ဝင်း၊မကွေးမြို့ မြို့မဈေး ကော်မတီအဖွဲ့ဝင်ဦးခင်မောင်ကြူ၊ အေးမြနန္ဒာ စတိုးဆိုင်ပိုင်ရှင်ဦးတင်သန်း တို့ဖြစ်ပါတယ်။

မြို့မိမြို့ဖ(၅)ဦးရွေးချယ်ရန်အတွက်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဗဟို NLD ပါတီက သက်မှတ်ထားတဲ့ အချက် (၆)ချက်ရှိ တာဖြစ်ပြီး အဲ့ဒီအချက်(၆)ချက်မှာ သက်ဆိုင်ရာဒေသတွင် နှစ်ရှည်နေထိုင်ခဲ့သူဖြစ် ရမည်၊အများပြည်သူကြည်ညိုလေးစားခံရသူ ဖြစ်ရမည်၊ဒီမိုကရေစီအရေးကို အစဉ်တစ်စိုက် အားပေး ထောက်ခံကူညီသူ၊အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကိုထိခိုက်နစ်နာစေမည့်လုပ်ငန်းများကင်းရှင်းသူအဖွဲ့ချုပ်အကျိုးစီးပွားကိုလိုလာသူ၊ ဒေသ၏သာရေးနာရေးလူမှူရေး များ တွင်စေတနာအလျှောက်အကျိုး ဆောင်ပေးသူ၊နိုင်ငံရေးအသိအမြင်ကြွယ်ဝသူ စတဲ့အချက်(၆)ချက်နဲ့ရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ရွေးချယ်ခံထားရတဲ့ မြို့မိမြို့ဖ(၅)ဦးအနေနဲ့ (၂၀၂၀) ရွေးကောက်ပွဲမှာ မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်(၁၅) ဦးနှင့်ပူးပေါင်းပြီးမကွေးမြို့နယ်အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီအတွက် လွှတ်တော် ကိုယ်စားလှယ်ရွေးချယ်ပေးရမှာဖြစ်တယ်လို့သိရပါတယ်။
မြို့မိမြို့ဖတစ်ဦးအနေနဲ့ မြို့ပေါ်မှကျရောက် လာမဲ့တာဝန်ဝတ္တရာတွေကို ပြည်သူကောင်းရာ ကောင်းကျိုးကိုလုပ်ဆောင် သွားမှာပါ လို့ မြို့မိမြို့ဖအဖြစ်ရွေးချယ်ခံရတဲ့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီကပြောပါတယ်။

မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ရွေးချယ်ထားတဲ့ မြို့မိမြို့ဖ(၅) ဦးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
NLD ပါတီဝင်တွေမဟုတ်ဖူးလို့သိရပါတယ်။
မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တွေကရွေးချယ်ထားတဲ့မြို့မိမြို့ဖစာရင်းကိုမကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံ ဇွန်လ(၈)ရက်နေ့အပြီးတင်ရမှာဖြစ်တယ်လို့သိရပါတယ်။

By admin