မေ ၅၊ ၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ခရီးသည်တင်ယာဉ်လိုင်းများပြေးဆွဲမှုကို ဧပြီလ (၇) နေ့ကစတင်ပြီးရပ်နားထားခဲ့တာပါ။အ ခုလိုရပ်နားထားခဲ့ပြီး မေလ(၃) ရက်နေ့မှာ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သယ်ယူပို့ဆောင်ရေးလုပ် ငန်းများကို ပြန်လည်ခွင့်ပြုပေးလိုက်တဲ့အတွက် မုံရွာမြို့ရှိခရီးသည်တင်ယာဉ်လိုင်းတွေဟာ မေလ(၅) ရက်နေ့မှာစတင်ပြေးဆွဲပေးသွား မှာဖြစ်ပါတယ်။
အခုလိုပြေးဆွဲရာမှာ covid 19 ကူးစက်ရောဂါကာကွယ်မှုအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သတ်မှတ်ပေးထားတဲ့ စည်းကမ်းတွေအတိုင်းလိုက်နာပြေးဆွဲရမှာဖြစ်တယ်လို့ မုံရွာမြို့မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်မှုကော်မတီဥက္ကဌ ဦးရဲထွန်းအောင်က ပြောပါတယ်။
မော်တော်ယာဉ်လိုင်းမျုားပြေးဆွဲတဲ့နေရာမှာ တချို့တိုင်းနဲ့ပြည်နယ်အတွင်းရှိမြို့တွေမှာ မြို့အဝင်အထွက်ကန့်သတ်မှုတွေရှိနေ သေးတဲ့အတွက် လက်ရှိမှာ မုံရွာ-ရန်ကုန်ခရီးစဉ်နဲ့ စစ်ကိုင်းတိုင်းအတွင်းခရီးစဉ်များကိုသာစတင်ပြေးဆွဲပေးမှာဖြစ်တယ်လို့လဲသိရပါတယ်။
မော်တော်ယာဉ်စီးနှင်းမဲ့ခရီးသည်များအနေနဲ့ ထိုင်ခုံနှစ်ခုံစာကားလက်မှတ်ကို လူတယောက်သာစီးနှင်းလိုက်ပါရမှာဖြစ်ပြီး ကျန်းမာရေးဝန်ဆောင်မှုများအတွက် မော်တော်ယာဉ်လိုင်းများမှာလိုအပ်သလို ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ရွှေသလ္လာ မော်တော်ယာဉ်လိုင်းက ဦးအောင်စန်းဝင်းက ဆိုပါတယ်။
မုံရွာမြို့ခရီးသည်တင်မော်တော်ယာဉ်ကားဝင်းအတွင်းမှာ မော်တော်ယာဉ်ပေါင်း (၁၀၀) ကျော်ရှိနေပြီး လက်ရှိမှာ မော်တော်ယာဉ်လိုင်း တချို့သာစတင်ပြေးဆွဲသွားမှာဖြစ်ပါတယ်။

By admin