ဒေါက်တာဇော်ဝင်း၊ လူမှုရေးဝန်ကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့

မေ ၈၊ ၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သို့ ပြည်တော်ပြန် ၂၄၀၀၀ ကျော် ထပ်မံဝင်ရောက်လာရန် ရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့
လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကပြောသည်။
မေလ ၈ ရက်နေ့ နံနက်ပိုင်း က ပြုလုပ်သည့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊စစ်ကိုင်းတိုင်းလူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ၊ကလေးအထူးကုဆရာဝန်ကြီး(ငြိမ်း)ဒေါက်တာမြင့်မြင့်သိန်း နှင့် ကလေးမြို့ ကုတင် ၃၀၀ဝ ဆံ့
ဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်း online မှ ပြုလုပ်သည့်ဆွေးနွေးပွဲတွင် ဝန်ကြီးက အထက်ပါ အတိုင်း
ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီး ၏ ပြောကြားချက်အရ စစ်ကိုင်းတိုင်းအတွင်း လက်ရှိ အချိန်တွင်
ပြည်တောင်ပြန် ဦးရေ ၁၁၅၈၉ ဦး ဝင်ရောက်လာပြီး ထပ်မံ ဝင်ရောက်လာမည့် ဦးရေမှာ ၂၄၄၀၀ ကျော် ဖြစ်ကြောင်း သိရသည်။
ပြန်လည်ရောက်ရှိလာမည့် ပြည်တော်ပြန်များအတွက် လူဦးရေတစ်သောင်းခြောက်ရာကျော် ထားရှိနိုင်သည့် Facility Quarantine နေရာ ၅၁၆ ခု
ပြင်ဆင်ထားကြောင်း အဆောက်အဦပေါင်း ၇၄၇ ခု ပြင်ဆင်ထားကြောင်း
ပြောသည်။ထပ်မံ ဝင်ရောက်လာမည့် ပြည်တော်ပြန်များအတွက် သဘာဝဘေးကယ်ဆယ်ရေး
အဆောက်အဦးများ၊စာသင်ကျောင်း များ၊အားကစားရုံ များတွင် ထားရှိရန် စနစ်တကျ
ပြင်ဆင်ထားကြောင်း ဝန်ကြီး က ပြောသည်။
“သူတို့ကို စနစ်တကျ Quarantine မထားရင် ရောဂါဖြန့်သလိုဖြစ်မှာစိုးလို့
အဲ့ဒီ အတွက်ကို Quarantine Center တွေကို ထပ်မံ စီစစ်ပြီး ဆောင်ရွက်နေပြီ
ဖြစ်ပါတယ်။ အလှူရှင်တွေက ဦးဆောင် ဆောင်ရွက်နေတဲ့အတွက် စားရေးသောက်တာလဲ
ဘာမှ အခက်အခဲ မရှိပါဘူး။တစ်ချို့ ဆိုရင်လည်း ကိုယ့်ဟာကိုယ်
ချက်ပြုတ်စားသောက်လို့ ရတဲ့ ကျောင်းကျယ်ကျယ်ဝန်းဝန်းမှာ ရှိတဲ့ အတွက်
တစ်ချို့ဆို ကိုယ်ကိုတိုင် ချက်ပြုတ်စားသောက်ကြပါတယ်” ဟု ဝန်ကြီး
ဒေါက်တာဇော်ဝင်း က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရမှုအနေဖြင့် ကလေးမြို့တွင် ၆ ဦး စစ်ကိုင်းမြို့တွင် ၁ ဦး စုစုပေါင်း ၇ ဦး
ရှိကာ ကလေးမြို့ရှိ လူနာအမှတ်၇၄ မှာ ရောဂါပိုး ကင်းစင်ကြောင်း နှစ်ကြိမ်စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် မေလ ၈ ရက်နေ့တွင် ဆေးရုံမှ
ဆင်းသွားပြီဖြစ်သည်။
ငြိမ်းသူမင်း

By admin