မြိတ်၊ ဧပြီ (၂၇)
မြိတ်မြို့ရှိ မြိတ်ပြည်သူ့ဆေးရုံကြီးတွင် ဓာတ်ခွဲ နမူနာ ပေးပို့ ထားသော ဆေးရုံ စောင့်ကြည့် လူနာ Prevention under Investigation (PUI) တွင် အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦး ဧပြီလ ၂၆ ရက် ည ၈ နာရီခန့် အချိန်တွင် သေဆုံးခဲ့ကြောင်း ယင်း ဆေးရုံ၏ ထုတ်ပြန်ချက် အရ သိရ သည်။
အဆိုပါ သေဆုံးသူ အမျိုးသမီးမှာ မြိတ်ခရိုင် ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု၊ စစ်ပုရွာတွင် နေထိုင်သူဖြစ်ကာ ၎င်းသည် ခရီးသွား ရာဇဝင် မရှိသူဘဲ ဧပြီလ ၂၅ ရက်နေ့က မြိတ်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ဆေးကုသ ခံယူနေရာမှ ၂၆ ရက်နေ့ ည ၈ နာရီ အချိန်တွင် သေဆုံးခဲ့သည်။
၎င်းတွင် မူလ ရောဂါ အခံများ ဖြစ်သည့် ပန်းနာ ရင်ကြပ် ရောဂါ အခံ ရှိသူ တစ်ဦး ဖြစ်ပြီး၊ ယင်း သေဆုံးမှုကြောင့် (Covid -19) ရောဂါနဲ့ ပတ်သက်၍ သေဆုံးခြင်း ဟုတ်/ မဟုတ် ရန်ကုန် အမျိုးသား ဓာတ်ခွဲ ဌာနသို့ ပို့ဆောင်ထားကြောင်း ဆေးရုံအုပ် ဒေါက်တာ သန္တာမျိုးဝင်းထံမှ သိရ သည်။
တနင်္သာရီတိုင်း အတွင်းမှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ သတင်းထုတ် ပြန်ချက်တွေ အရ တနင်္သာရီတိုင်းထဲမှာ လက်ရှိ အချိန်ထိ COVID 19 အတည်ပြုလူနာ လက်ရှိ အချိန်ထိ မတွေ့ရှိရသေးကြောင်း သိရ သည်။
ဇော်ဇော်