မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သက်ရှိထင်ရှား ကျန်းကျန်း မာမာရှိနေကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ရဲ့ ထိပ်တန်းလုံခြုံရေးအကြံပေးက ပြောကြားလိုက်ပါတယ်။ CNN သတင်းဌာနရဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အခုလို ပြောကြားခဲ့တာဖြစ် ပြီး ကင်ဟာ မြောက်ကိုရီးယားနိုင်ငံအရှေ့ပိုင်း ဝန်ဆန်မြို့မှာ ဧပြီ ၁၃ ရက်နေ့ကတည်းက ရှိနေခဲ့ပြီး သံသယရှိတဲ့ လှုပ်ရှားမှုတွေ မတွေ့ရသေးဘူးလို့ ပြောပါတယ်။ အဖိုးဖြစ်သူ မြောက်ကိုရီး ယားခေါင်းဆောင်ဟောင်း အင်အီဆောင်ရဲ့ ဧပြီ ၁၅ ရက်နေ့ နှစ်ပတ်လည်မွေးနေ့အခမ်းအနားကို ကင်တက်ရောက်ခြင်းမရှိခဲ့တဲ့ နောက်ပိုင်း ၎င်းရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလဟာ လသတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ကင်ဟာ ဧပြီ ၁၁ ရက်နေ့က အလုပ်သမားပါတီ ဗဟိုအစည်းအဝေးပွဲကို ကြီးမှူးကျင်းပခဲ့ပြီးနောက်ပိုင်းကတည်း လူမြင်ကွ င်း က ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။ ကင်ဟာ ၂၀၁၄ ခုနှစ်ကလည်း လူမြင်ကွင်းအောက်က သီတင်း ၆ ပတ်ကြာ ပျောက်ကွယ်ခဲ့ဖူးပြီး အခုလို ကျန်းမာရေးနဲ့ပတ်သက်ပြီး ကောလဟာလသတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။

By admin