ဘုတ်ပြင်း၊ ဇွန်လ ၂၄၊ ၂၀၂၀

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင်မြို့ ထောင်ငါးသိုင်း ကျေးရွာအုပ်စု၊ ချောင်းမွန်ကျေးရွာတွင် ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံမှ ခိုးဝင်လာသည့် မြန်မာ အလုပ်သမား မိသားစုအား သက်ဆိုင်ရာမှ Quarantine ဝင်ရန် သွားရောက် ခေါ်ယူသည့် အုပ်ရေးအဖွဲ့ကို ဓားဖြင့် ရန်ပြု၍ သေနတ်နဲ့ ခြောက်လန့် ပစ်ခတ် ဖမ်းဆီး အရေးယူခဲ့ရကြောင်း ယင်း ကျေးရွာအုပ်ရေးမှူးထံမှ သိရ သည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံမှ ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့၊ နယ်စပ်မှ တဆင့်သို့ မြန်မာ မိသားစုဝင် (၄) ဦး သည်၊ ရောက်ရှိနေကြောင်း ကျေးရွာနေ ပြည်သူများက သတင်းပေးပို့ လာ၍ ဘုတ်ပြင်းမြို့၊ မိုးလုံလေလုံ အားကစားရုံရှိ Facility Quarantine Center သို့ ဝင်ရောက်ရန် သွားရောက် ခေါ်ယူရာမှ နေအိမ်ပိုင်ရှင် ဖြစ်သူ ဦးသိန်းနိုင်မှ လာရောက် ခေါ်ယူသူ အုပ်ချုပ်ရေး အဖွဲ့ကို ရှမ်းဓားကောက် တစ်ချောင်းနှင့် ဓားဦးချွန် တစ်ချောင်းတို့ဖြင့် လိုက်လံ ရန်ပြုခဲ့သည်ဟု ကျေးရွာနေ ပြည်သူများထံမှ သိရ သည်။

ထောင်ငါးသိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်မိုးသူက“ကျွန်တော်တို့ ပြည်တော်ပြန်တွေ ဖြစ်လို့ Quarantine ဝင်ရန် သွားခေါ်တာ ဖြစ်တယ်၊ အဲ့ဒါကို ကျွန်တော်တို့ အဖွဲ့ကို ရန်ပြုလို့ သက်ဆိုင်ရန် ရဲစခန်းကို အကြောင်းကြားပြီး သေနတ်နဲ့ ခြောက်လန့် ပစ်ခတ် ဖမ်းဆီး အရေးယူခဲ့တယ်”ဟု ပြောသည်။

အဆိုပါ ဓားဖြင့် ရန်ပြုသူ ဦးသိန်းနိုင်အား သနေတ်ဖြင့် ခြောက်လန့် ပစ်ခတ်မှုကြောင့် ဝဲဘက်ပေါင်း အရင်းသို့ ကျည်ဖောက်ဝင် ဒဏ်ရာ (၁) ချက် ရရှိခဲ့ပြီး ထပ်မံ ဖမ်းဆီးရာမှာ ဓားဖြင့် ဆက်လက် ထိုးခုတ်သဖြင့် ပစ်ခတ်ရာ ဝဲခြေသလုံး အလယ်သို့ ကျည်ဖောက်ဝင် ဒဏ်ရာ (၁) ချက်နဲ့ (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိပြီး၊ ဦးသိန်းနိုင်အား ပြည်ကြီး မဏ္ဍိုင်တိုက်နယ်ဆေးရုံ သို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ရှိသည်။

လက်ရှိမှာ ဦးသိန်းနိုင်အား ပြည်ကြီးမဏ္ဍိုင် နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၇၊ ၃၅၃ ဖြင့် အမှုဖွင့် အရေးယူ ထား သည်။

By admin