မေ ၁၀၊ ၂၀၂၀
ကလေး-ရန်ကုန် တိုက်ရိုက် ခရီးသည် တင် ကားလိုင်းများ ကို မေလ ၇ ရက်နေ့
မှစတင် ပြေဆွဲနေပြီဖြစ်သည်။ကလေး-မန္တလေး-ရန်ကုန် တိုက်ရိုက် လေကြောင်း
များသည်လည်း မေလ ၁ ရက်နေ့မှစတင် မြန်မာ့လေကြောင်းလိုင်းဖြင့်
ပြေဆွဲလျက်ရှိသည်။ယင်းသို့ ပြေးဆွဲနေသည့် ခရီးစဉ်များဖြင့် ကလေးမြို့သို့
လာရောက်ကြသူများအနက် ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်ခံထားရသည့်
မြို့နယ်များမှ လာရောက်သူများအနေဖြင့်
(၂၁) ရက် Quarantine ဝင်ရမည်ဖြစ်ကြောင်း ကလေးခရိုင် အုပ်ချုပ်ရေးမှူးဦးခင်မောင်ချို က ပြောသည်။
” Positive ဖြစ်တဲ့ မြို့နယ်တွေ ရှိပါတယ်။အဲ့လို ရှိထားတဲ့မြို့တွေက
လာလို့ ရှိရင် (၂၁) ရက် Quarantine ဝင်ရမယ်။တကယ်လို့ မှ ပိုးတွေ့ထားတဲ့
လူနာရှိတဲ့ မြို့နယ် က လာတာ မဟုတ်ဘူး ဆိုရင် အဲ့ဒီ မြို့နယ် ရဲ့
ထောက်ခံစာ ယူလာပြီးတော့ ကျွန်တော် ကျွန်မတို့ က ဒီမြို့နယ် မှာ နေပါတယ်
ပိုးကူးစက်သူ မရှိပါဘူး ဆိုရင် Quarantine မထားဘဲနဲ့ အိမ်မှာပဲ
နေလို့ရပါတယ်” ဟု ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို က ပြောသည်။
ကလေးမြို့နယ် အတွင်း ရောဂါပိုး ရှိသူများကို တွေ့ရှိခဲ့သည့်
မြို့နယ်များမှ လာရောက်သူများကို Quarantine အဖြစ် ထားရှိခဲ့ရာ မေလ ၁၀
ရက်နေ့ အထိ စာရင်းအရ လူဦးရေ ၇၀၀ ကျော် ရှိကြောင်း ကလေးခရိုင်
အထွေထွေအုပ်ချုပ်ရေးမှူး ရုံး မှ စုံစမ်း သိရသည်။ယင်းသို့ ထားရှိရန်
အတွက် ကလေးမြို့သို့ လာရောက်သူများကို Quarantine ထားရှိရန် အတွက်
ဌာနဆိုင်ရာ တာဝန်ရှိသူများ အရပ်ဖက် လူမှု ပရဟိတ အဖွဲ့များ မှ ပူးပေါင်း
ကာ ကားကွင်းနှင့်လေယာဉ်ကွင်းများတွင် သွားရောက်ကြိုဆိုပြီး
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် မြို့နယ်များမှ လာသူ ဟုတ်မဟုတ်
စစ်ဆေးကာ ပိုးတွေ့ရှိထားသည့် မြို့နယ်မှ လာသူများကို ၎င်းတို့
နေထိုင်လို့သည့် ၎င်းတို့၏ နေအိမ် အနီးရှိ Quarantine စင်တာ များအနီးတွင်
ထားရှိပေးကြောင်း သိရသည်။
ငြိမ်းသူမင်း

By admin