လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလေယာဉ် ပထမဆုံးအသုတ်မှာ Gaci ထောက်Cပံမှုနဲ့ UNICEF မှဝယ်ယူထားတဲ့ Covid-19 ရောဂါပိုးစမ်းသပ်ကိရိယာ နှင့် ဓာတ်စမ်းပစ္စည်း ၁၀၀၀၀ ရောက်ရှိလာပြီဖြစ်ပါတယ်။ ရောက်ရှိလာတဲ့ ပထမအသုတ် ကျန်းမာရေးဆိုင်ရာပစ္စည်ေးတွကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို လွဲှပြောင်းပေးအပ်ခဲ့ပါတယ်။ ဒုတိယအသုတ်မှာ ဇွန်လမတိုင်မှီရောက်ရှိဖို့ စီစဉ်နေပါတယ်။
ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံတို့ရဲ့ ရန်ပုံငွေပံပိုးကူညီမှုနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ဟာ ရန်ကုန်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အပတ်စဉ်ပြေးဆွဲသွားမယ့် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ လေကြောင်းပျံသန်းမှုအကူအညီကို စတင်နေတာဖြစ်ပါတယ်။ လေယာဉ်ပျံသန်းမှု တကြိမ်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများ ( ၂ ) မတ်ထရစ်တန်အထိ သယ်ဆောက်နိုင်မှာဖြစ်တဲ့အပြင် ကုလသမဂ္ဂနှင့် နိုငငံတကာလူသားချင်းစာနာထောက်ထားမှုနှင့် ဖွံဖြိုးမှု အကူအညီပေးရေး အဖွဲ့များမှ ဝန်ထမ်းများကိုလည်း သယ်ယူပို့ဆောင်နိုင်မှာဖြစ်ပါတယ်။