မေ ၉ ၊ ၂၀၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မေ ၄ ရက် ည ၁၁ နာရီက ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးနှင့် ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သောပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့ပေါ်အတွင်းအကြောင်းမဲ့သွားလာနေသော ရွှေဘိုမြို့နယ် ရွာဆိုးကျေးရွာနေ စိုးကြည် (၄၈ နှစ်)၊ မင်းကုန်းကျေးရွာနေ စည်သူအောင် ( ၂၃ နှစ်)၊ ဆင်မြေကျေးရွာနေ တင့်ဝေ ( ၃၉ နှစ်)၊ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာနေ ဇော်မိုးထွန်း (၂၄ နှစ်)နှင့် နေရပ်တူ အောင်ဆုပိုင် ( ၁၉ နှစ် )၊ ရဲမင်းဝင်း (၂၆ နှစ် )၊ ရွှေဘိုမြို့နယ် ကြက်တက်ရွာနေ ဘိုဘို ( ၂၃ နှစ် )နှင့်နေရပ်တူ စိုးကိုကို ( ၂၃ နှစ်)၊ ခင်ဦးမြို့နယ် မန်ကျည်းတုံကျေးရွာနေ မောင်မောင်လင်း ( ၃၀ နှစ်)၊ ရွှေဘိုမြို့နယ်၊ ညောင်ကန်ကျေးရွာနေ မောင်ဖြိုး ( ၂၈ နှစ်) ၊ ရွှေဘိုမြို့အမှတ်(၄)ရပ်ကွက်နေ နေလင်းအောင် ( ၃၈ နှစ်) တို့အား ခိုင်လုံသောအကြောင်းအရာ တစ်စုံတစ်ရာ ဖြေဆိုနိုင်ခြင်းမရှိပဲ အကြောင်းမဲ့သွားလာနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရွှေဘိုမြို့မရဲစခန်းတွင် ယာယီထိန်းသိမ်းခဲ့ကြောင်း သိရသည်။

    အဆိုပါညမထွက်ရအမိန့် လိုက်နာခြင်းမရှိသူ (၁၁) ဦးအား မေ ၅ ရက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇသတ်ကြီးပုဒ်မ - ၁၈၈ ဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက စိုးကြည် အပါအဝင် (၁၁) ဦးအား ညမထွက်ရအမိန့်ထုတ်

ပြန်ချက်အပေါ် လိုက်နာခြင်းမရှိသည့်အတွက် အလုပ်နှင့်ထောင်ဒဏ် (၃)လစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

 မိုးသောက်(ရွှေဘို)

By admin