ဇာဇာ၊ ဇွန်လ ၁၈၊ ၂၀၂၀
ဇွန်လ(၁၄)ရက် နေ့ နံနက်(၁)နာရီခန့်က မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာ လမ်းရှိ ရွှေလမင်းထမင်းဆိုင်တွင် ရဲတပ်ဖွဲ့ဝင်(၁၀)ခန့်က ဝင်ရောက်လာပြီး ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက် မှုဖြစ်ပွားခဲ့ကြောင်း ရွှေလမင်းထမင်းဆိုင် ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက
ဇွန်လ(၁၇) ရက်နေ့က ရွှေလမင်းထမင်းဆိုင်မှာ သတင်းထောက်အချို့ကို ပြောကြားခဲ့သည်။
“ကားလမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ အမ အကိုသူငယ်ချင်းတွေက အမ အကိုကို မင့်တို့က ဘာတုန်း မင့်တို့က ဘာဖြစ်ချင်တာတုန်းဆိုပြီး သူငယ်ချင်းအချင်းချင်း စနောက်နေတဲ့ အချိန်မှာ အမည်မသိတဲ့ လူ(၁၀)ဦးခန့်က ဆိုင်ဘက်ပြေးဝင်လာပြီး ထမင်းဆိုင်အပြင် ဘက်ကလူတွေနဲ့ အတွင်းထဲကလူတွေကို အကုန်သိမ်းရိုက်ပါတယ် မရိုက်ပါနဲ့ ဘာလို့ရိုက်တာလဲလို့မေးတော့ မပြောဘူး ရဲခေါ်ရဲခေါ်ဆိုပြီးကျွန်မတို့က ပြောတော့မှ ငါတို့ကရဲတွေဘဲလို့ပြောပါတယ် ကျွန်မတို့ ကိုရဲတပ်ဖွဲ့ဝင်တစ်ဦးကလည်း သနတ်ထုတ်ပြီး ချိန်ပါတယ်။ သနတ်ကျည်ထွက်လာမှာလည်း ကြောက်ခဲ့ရပါတယ်ဟု ရွှေလမင်း ထမင်းဆိုင် ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုး ကပြောသည်။
အဆိုပါရိုက်ခံရမှုတွင် (၈)တန်းကျောင်းသား အပါအဝင် လူ(၅)ဦးရိုက်ခံခဲ့ရကြောင်း ၎င်းကပြောသည်။
အရိုက်ခံရသည့်ဒဏ်ရာများကကြီးကြီးမားမား ထိခိုက်မှုမရှိသော်လည်း အရိုက်ခံရသည့် နောက်နေ့တွင် နာကျင်ကိုက်ခဲသည့်ဝေတနာ ခံစားခဲ့ရကြောင်း ရွှေလမင်း ထမင်းဆိုင် ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုး ကပြောသည်။
အဆိုပါဖြစ်စဉ်မှာ သမီးယောက်ဖနှစ်ယောက် ဒုတ် ဓားကိုင်ဆောင်ပြီး ရန်ဖြစ်နေသည့် အတွက် လှည့်ကင်းပတ်နေသည့် ရဲတပ်ဖွဲ့ ဝင်များကဝင်ရောက်ထိန်းသိမ်းခဲ့ခြင်းဖြစ် ကြောင်း မကွေးမြို့နယ် ရဲမှူးမြင့်လွင် ကပြောသည်။
“ဓားကိုင် ဒုတ်ကိုင်ရန်ဖြစ်နေတဲ့သူတွေကိုဖမ်းဖို့ လုပ်နေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ရင်းနီးတဲ့ အမျိုးသမီးတစ်ယောက်ရောက်လာပြီး သူထိန်းပေးမယ် သူ့မောင်တွေပါ မဖမ်းပါနဲ့ တောင်းပန်တဲ့ အတွက် ဓားကိုမသိမ်းခဲ့ဘူး ဒုတ်ကိုတော့သိမ်း လာခဲ့တယ် ဟု မကွေးမြို့နယ် ရဲမှူးမြင့်လွင် ကပြောသည်။
အဆိုပါဖြစ်စဉ်မှာရဲလုပ်ငန်းကုန်စင်အောင် မလုပ်ခဲ့သလို သတင်းပို့တင်ပြခြင်းလည်း မရှိခဲ့သည့်အတွက် ယင်းဖြစ်စဉ်တွင်ပါဝင် သည့် ဒုရဲအုပ်နှင့်အခြားရဲတပ်ဖွဲ့ဝင်(၆) ဦး စုစုပေါင်း(၇) ဦးကိုသက်သေခံအကျဉ်းနည်းနဲ့ စစ်ဆေးနေကြောင်းသိရသည်။
“အမနဲ့ခင်မင်ရင်းနှီးမှုအပေါ် မှာ သူတို့ကဘာမှ မလုပ်ကြဘူးဆိုတာ ဥပဒေက ဥပဒေဘဲလေ ဥပဒေအထက်မှာဘယ်သူမှမရှိစေရဆိုတဲ့စကားလည်းရှိတယ် တကယ်လို့သာ ဥပဒေကို ကျူးလွန်ခဲ့တယ်ဆိုရင် ကျူးလွန်တဲ့အတိုင်း လုပ်ရမှာ ဆဲတဲ့သူကဆဲတဲ့ဥပဒေရှိတယ် ဒုတ်ကိုင်ရင်ဒုတ် ဓားကိုင်ရင်ဓား သူ့ဥပဒေနဲ့သူ ရှိပြီးသားပါ ဟု ဒေါ်စောနွယ်ဦးကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်ခြင်းပြုလုပ်ခဲ့ သူများကို အရေးယူပေးရန်နိုင်ငံတော် အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ်တို့ထံCCTV မှတ်တမ်း နှင့်တကွ တိုင်စာပေးပို့ထား ကြောင်းသိရသည်။