မကွေး မေ ၁၃ ရက်
မေလ (၁၁)ရက်နေ့ တစ်ရက်ထဲတိုက်ခက်သည့် လေပြင်းကြောင့် မကွေးတိုင်းအတွင်းက လူနေအိမ် (၂၆) လုံး ပြိုကျခဲ့ပြီး အိမ်ခြေ (၁၀၄၇) လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးမှု ဖြစ်ပွားကာလေဘေးသင့်ပြည်သူ (၃၅၉၃) ဦး နှင့် လူ(၃) ဦးသေဆုံးပြီး ၊(၃)ဦးဒဏ်ရာရမှု ဖြစ်ပွား ခဲ့ကြောင်းမကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန မှ သိရပါတယ်။
မေလ (၁၁)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က တိုက်ခက်သည့်လေပြင်းကြောင်း မကွေးတိုင်း ဒေသကြီးအတွင်းက ကံမ ၊ မြို့သစ် ၊ မင်းတုန်း ၊ သရက် ၊ အောင်လံ ၊ နတ်မောက် ၊ မင်းဘူး၊ မကွေးမြို့နယ် (၇)မြို့နယ်မှာ လေပြင်းဒဏ် ခံခဲ့ရပြီး လေပြင်းကြောင့် ထိခိုက် ပျက်စီးမှု အများဆုံး မြို့နယ်များမှာ မကွေး၊ ကံမ၊ မြို့သစ်မြို့နယ်တို့ဖြစ်တယ်လို့သိရပါတယ်။
မကွေးမြို့နယ်မှာ ပြိုကျပျက်စီးအိမ်(၂၆)အိမ်၊ရှိပြီး တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ( ၄၄၆)၊အိမ်၊ ကံမမြို့နယ်မှာတစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၄၃၇ )အိမ်၊မြို့သစ်မြို့နယ်မှာ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁၁၇) အိမ်၊ပျက်စီးခဲ့ပြီး ကျန်မြို့နယ်တွေမှာ လူနေအိမ်ခြေအနည်းအကျဥ်းပျက်စီးမှုတွေရှိ ခဲ့တယ်လို့မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန မှတိုင်းဦးစီးမှူး ဦးမြင့်စိုး ကပြောပါတယ်။
လေဘေးသင့်ပြည်သူများကို တစ်ဦးလျင် (၇)ရက်စာ ဆန်ဖိုး ၂၁၀၀ ကျပ်စီ ထောက်ပံပေး လျက်ရှိပြီး သေဆုံးသူတစ်ဦးလျင်(၃ )သိန်း ကျပ်နှုန်းဖြင့် မိသားစုဝင်များထံသို့လည်းကောင်း ၊ ဒဏ်ရာရသူတစ်ဦးလျင် ၅သောင်းကျပ်နှုန်းဖြင့် လူနာထံသို့လည်းကောင်းထောက်ပံ့ပေးခဲ့တယ် လို့သိရပါတယ်။
“ပြိုကျနေအိမ်တွေ အတွက်တစ်အိမ် တစ်သိန်း ကျပ် ၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်တွေ အတွက် ပျက်စီးမှုပေါ် မူတီပြီး ဘေးစီမံဌာနက
အမြန်ဆုံးလိုက်လံ ထောက်ပံ့နေ တယ်လို့
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန မှတိုင်းဦးစီးမှူး ဦးမြင့်စိုး ကပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ဧပြီလ(၉)ရက်နေ့မှ ၊မေလ(၁၂)ရက်နေ့ထိ လေပြင်းတိုက်ခက်မှုအကြိမ်ရေ(၆၇)ကြိမ်ဖြစ်ပွားခဲ့ပြီး လေပြင်းတိုက်ခက်မှုကြောင့် ပြိုကျပျက်စီးလူနေအိမ်ခြေ(၈၈)အိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၂၂၆၉)အိမ်၊ လူဦးရေ (၉၀၀၀)ကျော်ခန့် လေဘေးသင့်ခဲ့ တယ်လို့သိရပါတယ်။
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန အနေနဲ့တစ်လအတွင်း လေဘေးသင့်ပြည်သူတွေကိုထောက်ပံ့ငွေကျပ် သိန်း(၁၀၁၅)သိန်းထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။
ဇာဇာ