ဇာဇာ၊ မေ ၁၇၊ ၂၀၂၀

အဲ့ဒီအမှုတွေဟာ မတ်လအလည်မှ စတင်ကာ ဧပြီလ(၁၄) ရက်အတွင်း ဖြစ်ပွားခဲ့တဲ့အမှု ပေါင်းဖြစ်ပါတယ်။ အဲ့ဒီအမှုတွေနဲ့ပါတ်သက်ပြီး ပြစ်မှုပစ်ဒဏ်တွေ အနေနဲ့ အနည်းဆုံး(၃)လမှ (၆)လအထိပြစ်ဒဏ်တွေ ချမှတ် နိုင်တယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှဒုတိယရဲမှူးကြီးဝင်းရွှေ ကပြောပါတယ်။ မကွေးတိုင်းအတွင်းက နတ်မောက်၊ မြိုင် ၊ရေစကြို၊ ကံမ၊ ဂန့်ဂေါ မကွေး စတဲ့မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာဖြစ် တယ်လို့ သိရပါတယ် ။

ကူးစက်ရောဂါ ကာကွယ်နှိမ်နှင့်ရေးဥပဒေနဲ့ အရေးယူထားတဲ့အမှု (၉)မှုမှာ ပြစ်ဒဏ်ချမှတ် ပြီးဖြစ်ပြီး၊ Covid-19 နဲ့ဆက်ဆပ်တဲ့ရဲအရေး ပိုင်တဲ့အမှု (၃၁)မှုမှာ အမိန့်ချပြီးသား(၅)မှု ၊တရားစွဲတင်ထားတဲ့အမှု(၁၃)၊ ဥပဒေအကြံ တောင်းတင်ထားတဲ့အမှု(၁၁) ၊ရဲစစ်ဆေးတဲ့ အမှု(၂) ရှိတယ်လို့သိရပါတယ်။

Covid-19 ကပ်ရောဂါကို ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်အားလုံးဝိုင်းဝန်း ဆောင်ရွက်နေချိန်မှာ Covid-19 နဲ့ ဆက်စပ် တဲ့ပြစ်မှုတွေမဖြစ်အောင် နိုင်ငံတော်က ညွှန်ကြားချက် ထုတ်ပြန်ချက်တွေကို သိရှိနားလည်တဲ့ သူတွေက နားမလည်သူ တွေကို ရှင်းပြရင် အမှုအခင်းတွေလျော့ နိုင်တယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဝင်းရွှေ ကပြောပါတယ်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ တရာဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်း သာယာရေးလုပ်ငန်းတွေ ဆောင်ရွက်သလို Covid-19ကာကွယ်ထိန်းချုပ်ရေးကာလမှာ Quarantine ထားရာနေရာတွေနဲ့ သွားလာမှု ကန့်သက်ထားတဲ့နေရာတွေမှာ အမှုအခင်းတွေ မဖြစ်အောင် လှည့်ကင်း ရပ်ကင်းတွေနေ့ည ဆောင်ရွက်နေတယ်လို့သိရပါတယ်။

By admin