Photo – Zaw Min Htike (Kyae Lak Myay)

မကွေး မေ ၁၇၊ ၂၀၂၀
ဇာဇာ

မကွေးတိုင်းအတွင်းအခုနှစ်နွေရာသီမှာရေအခက်အခဲဖြစ်တာ၊သောက်သုံးရေလုံလောက်မှု မရှိတဲ့ကျေးရွာ(၃၈)ရွာရှိတယ်လို့ မကွေးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဦးစီးမှူးဦးမျိုးအောင်ကပြောပါတယ်။
မကွေး၊နတ်မောက်၊မြို့သစ်၊ပေါက်၊ဆိပ်ဖြူ၊ရေစကြို၊ဂန့်ဂေါစတဲ့မြို့နယ်(၁၁)မြို့နယ်အတွင်းကကျေးရွာတွေမှာရေလုံလောက်မှုမရှိတာတွေကြုံတွေ့နေရတယ်လို့လည်းဆိုပါတယ်။

ရေမလုံလောက်တဲ့ကျေးရွာတွေမှာ ရေတွင်း ရေကန်တွေရှိပေမဲ့ နွေရာသီအပူရှိန်ပြင်းတဲ့ အတွက် ရေကန်များရေခမ်းခြောက်ခြင်း
ရေနည်းသွားခြင်း ဒါအပြင် ရေတွင်းများ ရေရရှိမှုနည်းတာကြောင့် ရေမလုံလောက် တာဖြစ်တယ်လို့ တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဦးစီးမှူးဦးမျိုးအောင်ကပြောပါတယ်။

ရေအခက်အခဲဖြစ်နေတဲ့ကျေးရွာတွေကိုဌာနကရေလှူဒါန်းတာရေတွင်းတူးပေးတါအပြင်အလှူရှင်တွေကလည်းနွေရာသီမှာသောက်သုံးရေလှူဒါန်းတာတွေကိုလည်းလုပ်ဆောင်ပေး နေတယ်လို့သိရပါတယ်။
ယခုနှစ်နွေရာသီမှာ ရေအခက်အခဲဖြစ် ရေမလုံလောက်တဲ့ကျေးရွာ (၃၈)ရွာကိ ဌာနက ရေလှူဒါန်းမှုမှာ ရေဂါလံ( ၁၉၂၆၅၀)ရှိပြီး ၊အလှူရှင်တွေရေလှူဒါန်းမှုမှာရေဂါလံ (၂၂၆၀၂၀) ရှိပြီး စုစုပေါင်းရေလှူဒါန်းမှု ရေဂါလံပေါင်း(၄)သိန်ကျော်လှူဒါန်းပြီးဖြစ်တယ် လို့သိရပါတယ်။

လက်ရှိမှာလည်းရေလိုအပ်နေတဲ့ကျေးရွာတွေကိုသောက်သုံးရေလှူတာတွေအပြင်မိုးလှောင်ရေကန်တွေလည်းတူးပေးနေတယ်လို့သိရပါတယ်။
တစ်နှစ်ထက်တစ်နှစ်ကျေးရွာတွေမှာရေအခက်အခဲပြသနာတွေလျော့နည်းစေဖို့နှစ်စဉ်ဘတ်ဂျက်ရေးဆွဲပြီးလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁၉ခုနစ်ကရေအခက်အခဲဖြစ်ခဲ့တဲ့ကျေးရွာ(၄၃)ရွာရှိခဲ့ပြီးအဲဒီကျေးရွာတွေကို ရေတွင်းတူးပေးတါတွေ၊ ရှိပြီးသားရေတွင်း ရေကန်တွေပြုပြင် ပေးခဲ့တဲ့အတွက် ယခုနှစ်နွေရာသီမှာ ရေမလုံလောက်တဲ့ ကျေးရွားနည်းသွားတာဖြစ်တယ် လို့သိရပါတယ်။

By admin