မကွေး မေလ ၁၉ ရက်
ဇာဇာ
မကွေးတိုင်းမှာဒုတိယမြောက်ကိုရိုနာဗိုင်းရ်စ်ရောဂါ ပိုးတွေ့ ရှိလူနာနဲ့ အတူ မကွေးမြို့ပညာရေးကော်လိပ်မှာ(Facility Quarantine) နေခဲ့သူတွေကိုဒုတိယအကြိမ်ပြန်လည်ဓာတ်ခွဲ
စစ်ဆေးသွားမှာဖြစ်တယ်လို့မကွေးတိုင်းပြည့်သူ့ကျန်းမာရေးဦးစီးဌာနတိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်ကပြောပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကမေ(၁၉)ရက်နံနက်(၇)နာရီကိုဗစ်ဓာတ်ခွဲမှုအဖြေ ထုတ်ပြန်ချက်မှာမကွေးတိုင်းကပိုးတွေ့လူနာအမှတ်(189 )အသက်(၅၀)နှစ်အရွယ်အမျိုးသားတစ်ဦးပါရှိခဲ့တာဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိသူမှာတောင်တွင်းကြီးမြို့နယ်ကနေ မလေးရှားနိုင်ငံကိုသွားရောက်အလုပ်၊လုပ်ကိုင်ခဲ့သူဖြစ်ပြီးမေလ(၁၂)ရက်ကမကွေးမြို့ပညာရေးကောလိပ်မှာ facility Quarantineနေခဲ့စဉ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ပိုးတွေ့သူနဲ့အတူ မလေးရှား နိုင်ငံ မှပြန်လာသူ (၂၄)ဦး facility Quarantine ဝင်ရောက် ခဲ့ရာမှ (၂၄)လေးဦးကို ဓာတ်ခွဲစစ်ဆေးရာမှာ ပိုးတွေသူတစ်ဦးသာရှိခဲ့ပြီး ကျန်(၂၃) ဦးမှာ ပိုးမတွေ့ ရဘူးလို့ မကွေးတိုင်း ပြည့်သူ့ကျန်းမာ ရေးဦးစီးဌာနတိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်ကပြောပါတယ်။
“ပိုးတွေ့ ရှိလူနာနဲ့ အတူ(Facility Quarantine) နေတဲ့သူတွေကို ဒုတိယအကြိမ်ပြန်စစ် မှာဖြစ်ပြီး ဒါအပြင်သူနဲ့အတူပါလာတဲ့ ကားဆရာနှစ်ယောက်ကိုQuarantine မှာခေါ်ထားပြီး နှာခေါင်းတို့ပက် အာခေါင်တို့ပက်တို့ကို စစ်ဆေးတာတွေ
သူ့ရဲ့မိသားစုကိုလည်း နှာခေါင်းတို့ပက် အာခေါင်တို့ပက်တို့ကို စစ်ဆေးတာတွေ ဆက်လက် ဆောင်ရွက်သွာမှာဖြစ်ပါတယ် ဟုမကွေးတိုင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်ကပြောပါတယ်။
ရောဂါပို့တွေ့လူနာကိုမကွေးမြို့သင်ကြားရေးဆေးရုံကြီးအထူးသီးသန့်ဆောင်ကိုပို့ဆောင်ကုသထားကြောင်း ၊ပိုးတွေ့ရှိသူမှာရောဂါ လက္ခဏာ ပြသ တာမျိုးမရှိပဲကျန်းမာရေး ကောင်းမွန်မှုရှိ တယ်လို့မကွေးတိုင်းပြည့်သူ့ ကျန်းမာရေးဦးစီးဌာနတိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်ကပြောပါတယ်။
ပိုးတွေ့လူနာအမှတ် (၁၈၉)မှာရောဂါပိုးတွေ့ လူနာမှာလူနာအမှတ်(၁၈၂)နဲ့လေယာဉ်တစ်စီးထဲစီးလာခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။
မကွေးတိုင်း၊မြို့သစ်မြို့နယ်က ပထမ ကိုဗစ်ပိုး တွေ့လူနာ အမှတ်(၀၅၃)မှာ ဆေးရုံရောက်ပြီး နှစ်ကြိမ် ပြန်လည်ဓာတ်ခွဲစစ်ဆေးရာမှာ negativeရောဂါပိုးမတွေ့ရှိတဲ့အပြင် ကျန်းမာရေးကောင်းမွန်သဖြင့် မေလ (၃)ရက်နေ့က မကွေးတိုင်းပြည်သူ့ဆေးရုံကွီးက ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီး မြို့သစ်မြို့ အထက (၁)မှာ Facality Quarantine (၇)ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်တဲ့အတွက် Home Quarantine နေနေတယ်လို့သိရပါတယ်။