တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ်(PLA)ဟာ မြန်မာ့တပ်မတော် စစ်ဆေးရုံမှာ Covid-19 ဗိုင်းရပ်စ်စစ်ဆေးဖို့အတွက် အသစ်တည်ဆောက်ထားတဲ့ ဓာတ်ခွဲခန်းမှာ အသုံးပြုမယ့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို တနင်္လာနေ့မှာ လှူဒါန်းခဲ့ပါတယ်။ တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာအဖွဲ့ဟာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်က အမှတ် ၁ စစ်ဆေးရုံးကို လှူဒါန်းပစ္စည်းကိရိ ယာတွေလွှဲပြော င်းပေးခဲ့ တာဖြစ်ပါ တယ်။ မြန်မာ့တပ်မတော် စစ်ဆေးရုံးက ဓာတ်ခွဲခန်းမှာ နည်းပညာထောက်ကူပစ္စည်းတွေတပ်ဆင်ပြီး ဓာတ်ခွဲခန်းမှာ လုပ်ကိုင်မယ့်သူတွေကိုလည်း တရုတ်စစ်တပ်ရဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ဓာတ်ခွဲခန်းစမ်းသပ်ရှာဖွေမှုတွေကို လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ Covid-19 ဗိုင်းရပ်စ်ကူးစက်မှု ကြိုတင်ကာကွယ်ရေး၊ရောဂါ ရှာဖွေစစ်ဆေးခြင်းတွေအတွက် ရန်ကုန်မြို့ကို ရောက်ရှိခဲ့တဲ့ လွန်ခဲ့တဲ့ ၁၀ ကတည်းက ဆွေးနွေးမှုတွေပြုလုပ်လျက်ရှိတယ်လို့ တရုတ်စစ်တပ် ဆေးဘက်ဆိုင်ရာအဖွဲ့အကြီးအကဲဖြစ်သူ ဘိုချုံးက ပြောပါတယ်။ မြန်မာတပ်မတော် စစ်ဆေးရုံက ကျွမ်းကျင်သူတွေဟာ Covid-19 ဗိုင်းရပ်စ်စစ်ဆေးမှုကို ပြုလုပ်နိုင်ကြပေမယ့် ၎င်းတို့ရဲ့ နည်းလမ်းတွေအသုံးပြုပြီး ပိုပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်လာနိုင်မှာဖြစ်တယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။