မေ ၁၄၊ ၂၀၂၀

ကော့သောင်းမြို့တွင် WY စာတန်းပါ စိတ်ကြွဆေးပြား တစ်သောင်းကျော် ဖမ်းဆီးရမိသည့် ဖြစ်စဉ် တစ်ခု မေလ ၁၃ ရက်နေ့က ဖြစ်ပွား ခဲ့ပြီး၊ အဆိုပါ မူးယစ် ဆေးဝါးများနဲ့ အတူ ဖမ်းဆီးရမိသည့် ၃ ဦးမှာ တရားလွှတ်တော် ရှေ့နေ တစ်ဦး ပါဝင် နေကြောင်း သိရ သည်။

မေလ ၁၃ ရက်နေ့က မူးယစ်တပ်ဖွဲ့စု (၃၄) ကော့သောင်းမှ ဒုရဲအုပ် ဇင်မိုးဦးနဲ့ အဖွဲ့သည်၊ သက်သေများနှင့် အတူ ကော့သောင်းမြို့ အောင်သုခရပ်ကွက်၊ ငုဝါလမ်း နေ ကို….၏ နေအိမ်သို့ ရှာဖွေ ဝရမ်းဖြင့် ၄၉/၂၀၂၀ ဖြင့် ဝင်ရောက် ရှာဖွေရာ ကို….နှင့် အတူ ကို…..တို့ နှစ်ဦးထံမှ နေအိမ် အိမ်ခန်း အတွင်းရှိ ဘီဒို အံဆွဲထဲမှ စိတ်ကြွဆေးပြား စုစုပေါင်း (၁၇၅၅၀) ပြားကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရ သည်။

အဆိုပါ မူးယစ်ဆေးဝါး လက်ဝယ် ထားရှိမှုနဲ့ ပတ်သက်ပြီး ၎င်းတို့ ၂ ဦးအား စစ်ဆေး မေးမြန်းရာ ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် ဆင်ဖြူရှင်လမ်းတွင် နေထိုင်သော တရားလွှတ်တော် ရှေ့နေ မ….. ဆိုသူ ထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

သက်ဆိုင်ရာက မူးယစ်ဆေးဝါးများနဲ့ အတူ လက်ဝယ်တွေ့ရှိသူ ၃ ဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မဖြင့် ဖမ်းဆီးကာ အရေးယူ ဆောင်ရွက် ထားကြောင်း သိရ သည်။
ဇော်ဇော်

By admin