မေ ၁၀၊ ၂၀၂၀

ကမ္ဘာ့ဘဏ်ကချေးငွေပေးမဲ့အထဲ မကွေးတိုင်း ဒေသကြီးချေးငွေရဖို့အလားအလာကောင်း တယ်လို့မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဒေါက်တာအောင်မိုးညိုကပြောပါတယ်။

ကမ္ဘာ့ဘဏ်က (၂၀၂၀ -၂၀၂၁)ခုနှစ်ကစပြီး လေးနှစ် အမေရိကန်ဒေါ်လာသန်း (၁၀၀) ချေးမှာဖြစ်ပြီး အဲ့ဒီထဲက မကွေးတိုင်း ဒေသကြီးအတွက် ဒေါ်လာ(၂၅)သန်း နဲ့ ဒေါ်လာ သန်း(၃၀)ရမလားမသိသေးကြောင်း မကွေး တိုင်းဒေသကြီးကချေးငွေရဖို့အလား အလာကောင်းတယ်လို့မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကပြောပါတယ်။

ကမ္ဘာ့ဘဏ်ချေးငွေတွေနဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာန၊တိုင်းစိုက်ပျိုးရေးဦးစီး ဌာန၊e-Govemment လုပ်ငန်းတွေမှာဖွံ့ဖြိုးတိုးတက်ရေးတွေကိုလုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာ့ဘဏ်မှချေးငွေရယူလိုမှုကိုမကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်ကမေလ(၄)ရက်မှာကျင်းပတဲ့မကွေးတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေးပထမနေ့မှာလွှတ်တော်ကသဘောတူအတည်ပြုပေးဖို့တင်ပြခဲ့ပြီး မေလ(၅)ရက် အရေး ပေါ်အစည်းအဝေးဒုတိယနေ့မှာ လွှတ်တော်ကသဘောတူအတည်ပြုပေးခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ချေးငွေနဲ့ဆောင်ရွက်ဖို့လျာထားတဲ့လုပ်ငန်းတွေကမကွေးတိုင်းအတွက်အကျိုးများစေနိုင်တဲ့လုပ်ငန်းတွေဖြစ်တာကြောင့်တိုင်းလွှတ်တော်အနေနဲ့ချေးငွေရယူမယ့်ကိစ္စကိုသဘောတူခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ချေးငွေရရှိရင်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကတိုင်းရဲ့စိုက်ပျိုးရေး၊စားဝတ်နေရေး၊အုပ်ချုပ် ရေးအပိုင်းတွေမှာအမှန်တကယ်အကျိုးရှိစေမှာဖြစ်ကြောင်းမကွေးတိုင်းဒေသကြီးလွှတ်တော်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာရေး ကော်မတီ ဥက္ကဌ၊ရေစကြိုမြို့နယ်၊မဲဆန္ဒနယ်အမှတ် (၂)မှတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမင်းဟန်ကပြောပါတယ်။

ချေးငွေနဲ့ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကိုစီမံကိန်း(၄)နှစ်ကာလနဲ့အကောင်အထည်ဖော်ဆောင်ရွက်ဖို့လျာထားတယ်လို့လည်းသိရပါတယ်။

ချေးငွေရယူဖို့လွှတ်တော်ကိုတင်ပြရာမှာချေးငွေကာလ၊အတိုးနှုန်း၊ပထမဆုံးပြန်ဆပ်ရမယ့် (Silent)ကာလတွေမပါဝင်သေးတဲ့အတွက်လွှတ်တော်ကိုပွင့်လင်းမြင်သာစွာချပြဖို့တောင်းဆိုထား တယ်လို့လည်းသိရပါတယ်။

ဇာဇာ

By admin