မကွေးတိုင်းဒေသကြီးလွှတ်တော်

မကွေး မေ ၅၊ ၂၀၂၀

မကွေးတိုင်းဒေသကြီးအတွင်းမှာ စက်ရုံအလုပ်ရုံ ၁၃၆၈ရုံ ရှိတဲ့အထဲက ဧပြီလ ၃၀ ရက်နေ့အထိ စက်ရုံအလုပ်ရုံ ၂၁၂ ရုံကို စစ်ဆေးခဲ့ပြီး သက်မှတ်စည်းကမ်းချက်နဲ့ပြည့်စုံတဲ့ စက်ရုံအလုပ်ရုံ(၂၀၂)ရုံကို ပြန်လည်လုပ်ပိုင်ခွင့် ပေးထားပါတယ်။
ဖွင့်ဖို့ကျန်ရှိနေသေးတဲ့ စက်ရုံအလုပ်ရုံတွေ ကိုလည်း အမြန်ဆုံးစစ်ဆေးပြီးဖွင့်လှစ်ခွင့် ပေးသွားမှာဖြစ်တယ်လို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုကပြောပါတယ်။ မေလ(၄)ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ်
မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်း အဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းက စက်ရုံအလုပ်ရုံ တွေကို ကျန်းမာရေးဌာနမှတာဝန်ရှိသူများ စက်မှုကြီးကြပ်ဌာနမှတာဝန်ရှိသူများ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူများ အထွေထွေအုပ်ချုပ်ရေးဌာနမှာ တာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်တို့ ပူးပေါင်းအဖွဲ့က ဧပြီလ(၂၄)ရက်နေ့ကတိုင် လိုက်လံစစ်ဆေးပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေနဲ့ ညီးညွတ်တဲ့ စက်ရုံအလုပ်ရုံတွေကို လုပ်ပိုင်ခွင့်လက်မှတ်တွေ ချပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

နိုင်ငံတော်ကသက်မှတ်ပေးထားတဲ့ ဦးစားပေး လုပ်ငန်းတွေအလိုက်စစ်ဆေးသလို တစ်မြို့နယ်ချင်းအလိုက်လုပ်ငန်းတွေကို အပြီးစစ်ဆေးပေးတယ်လို့ မကွေးတိုင်းဒေသကြီး အသေးစားအလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သိန်း ကပြောပါတယ်။

တိုင်းအတွင်းရှိစက်ရုံအလုပ်ရုံတွေမှာ ဆီစက်လုပ်ငန်း၊မြေပဲခွဲစက်လုပ်ငန်း၊စားသောက် ကုန်လုပ်ငန်း၊ယက်ကန်းလုပ်ငန်း၊အဝတ်အထည် ထုတ်လုပ်ငန်းစတဲ့လုပ်ငန်းများစွာရှိတယ်လို့သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းက မင်းဘူး ၊ရေနံချောင်း၊ ချောက်၊ မကွေး၊စတဲ့မြို့နယ်တွေက စက်ရုံ အလုပ်ရုံတွေကိုလိုက်လံစစ်ဆေးပြီးဖြစ်တယ်လို့သိရပါတယ်။
ဇာဇာ

By admin