ရန်ကုန်မြို့မှာ ဂျပန်ဆိုင်တွေ များစွာရှိတဲ့အထဲကမှ ရှားရှားပါးပါး ဂျပန်စတိုင် အကင်နဲ့ ဂျပန်အစားအစားတွေကို အရသာရှိရှိ စားသောက်နိုင်မယ့် ဆိုင်တစ်ဆိုင်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ဒီဆိုင်ကတော့ ကျောက်တံတားမြို့နယ် ၃၃ လမ်းမှာ ဖွင့်လှစ်ထားတဲ့ Yamato Japanese BBQ Restaurant ပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဂျပန်အမဲသားဟာ အနူးညံဆုံးနဲ့ အရသာအရှိဆုံးလို့ ဆိုရမှာပါ။ ဒါကြောင့် အကင်အတွက် လိုအပ်တဲ့ အမဲသားကိုလည်း ဂျပန်နိုင်ငံကနေ မှာယူထားတာပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အလုပ်အတူလုပ်ခဲ့ကြတဲ့ ဝါသာနာတူရာ သူငယ်ချင်းနှစ်ယောက် ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဒီဆိုင်လေးအကြောင်းကို ဒီတပတ်ရဲ့ Walk in food အစီအစဉ်အတွက်ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

By admin