ရန်ကုန်မြို့က မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော် ဖြစ်တာနဲ့အညီ တိုင်းနဲ့ပြည်နယ်အသီးသီးက လူမျိုးပေါင်းစုံ အလုပ်လာရောက်လုပ်ကိုင်ကြတဲ့ မြို့တစ်မြို့လဲဖြစ်ပါတယ်။မိမိ ဌာနေကနေ ဝေးကွာတဲ့ မြို့တွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေအနေနဲ့ကတော့ မိမိတို့ ရိုးရာအစားအစာတွေကို တမ်းတမိကြတာပါပဲ။ဒါကြောင့် ရန်ကုန်မြို့တွင်းမှာ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်တွေတော်တော်များများကိုလဲ ဖွင့်လှစ်ထားကြတာပါတယ်။ဒီတစ်ပတ်ရဲ့ Walk In Food အစီအစဉ်မှာတော့ တောင်ငူမြို့က ဒေသအစားအစာတွေကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် ဖွင့်လှစ်ထားတဲ့ Taungoo Food House ဆိုတဲ့ ဆိုင်လေးအကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

By admin