Facility Quarantine

မကွေးတိုင်းမှာဒုတိယမြောက်ကိုရိုနာဗိုင်းရ်စ်ရောဂါ ပိုးတွေ့ ရှိလူနာနဲ့ အတူ(Facility Quarantine) နေခဲ့သူတွေကို ဒုတိယအကြိမ် ပြန်လည်ဓာတ်ခွဲ စစ်ဆေးမည်

မကွေး မေလ ၁၉ ရက်ဇာဇာ မကွေးတိုင်းမှာဒုတိယမြောက်ကိုရိုနာဗိုင်းရ်စ်ရောဂါ ပိုးတွေ့ ရှိလူနာနဲ့ အတူ မကွေးမြို့ပညာရေးကော်လိပ်မှာ(Facility Quarantine) နေခဲ့သူတွေကိုဒုတိယအကြိမ်ပြန်လည်ဓာတ်ခွဲစစ်ဆေးသွားမှာဖြစ်တယ်လို့မကွေးတိုင်းပြည့်သူ့ကျန်းမာရေးဦးစီးဌာနတိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်ကပြောပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကမေ(၁၉)ရက်နံနက်(၇)နာရီကိုဗစ်ဓာတ်ခွဲမှုအဖြေ ထုတ်ပြန်ချက်မှာမကွေးတိုင်းကပိုးတွေ့လူနာအမှတ်(189 )အသက်(၅၀)နှစ်အရွယ်အမျိုးသားတစ်ဦးပါရှိခဲ့တာဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိသူမှာတောင်တွင်းကြီးမြို့နယ်ကနေ မလေးရှားနိုင်ငံကိုသွားရောက်အလုပ်၊လုပ်ကိုင်ခဲ့သူဖြစ်ပြီးမေလ(၁၂)ရက်ကမကွေးမြို့ပညာရေးကောလိပ်မှာ facility Quarantineနေခဲ့စဉ်ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပိုးတွေ့သူနဲ့အတူ မလေးရှား…