ဒီတစ်ပတ် Walk in Food အစီအစဉ်မှာတော့ အစားအသောက်ကောင်းတွေရတဲ့အပြင် အပန်းဖြေလို့လည်းကောင်းမယ်၊ မြန်မာ့လက်မှုအနုပညာတွေကိုလည်း လေ့လာခွင့်ရမယ့် စားသောက်ဆိုင်ကို တင်ဆက်ပေးချင်ပါတယ်၊
ဒီဆိုင်ကတော့ ရွှေပြည် resort က ရွှေပြည်စားသောက်ဆိုင်ပဲဖြစ်ပါတယ်၊ ရွှေပြည်စားသောက်ဆိုင်မှာ မြန်မာ၊တရုတ်၊ထိုင်းအစားအစားတွေအပြင် အခြားအရသာရှိတဲ့ ဟင်းအမယ်တွေလည်း ရနိုင်မှာပါ၊ အဲ့တော့ ရွှေပြည်စားသောက်ဆိုင်က အစားအသောက်တွေကို ဘယ်လိုထူးထူးခြားခြားချက်ပြုတ်ထားလဲ၊ လူကြိုက်အများဆုံးက ဘယ်လိုအစားအသောက်တွေလဲ၊ ဆိုင်အပြင်အဆင်လေးကရော ဘယ်လိုထူးခြားနေလဲဆိုတာကို ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
