ကိုရီးယားအစားအစာတွေဖြစ်တဲ့ တော့ပူကီ၊ Fish cake နဲ့ ရေညှိထမင်းလိပ်တွေက လူငယ်တွေအကြားမသိတဲ့သူ မရှိသလောက်ကို ခေတ်စားနေကြပါတယ်။ ဒီလိုကိုရီးယားအစားအစာတွေကို ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတခုအဖြစ် လာရောက် ရောင်းချနေပါတယ်။ ကိုရီးယားနိုင်ငံက စားဖိုမှူးတွေကိုယ်တိုင် ချက်ပြုတ်ပေးနေတာပါတယ်။ ရန်ကုန်မြို့အတွင်းမှာ ဆိုင်များစွာရှိနေသလို နယ်မြို့တွေမှာပါ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ Omukကိုရီးယားစားသောက်ဆိုင် အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Walk in Food အစီစဉ်တွင်ပါဝင်လိုပါက insightsmyanmar@gmail.com သို့ဆက်သွယ်နိုင်ပါသည်။ #myanmarinsights #walkinfood #Omuk

By admin